အငြင်းပွားမှု မီးစ

1.5K 207 4
                                    

[Unicode]
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး
အပိုင်း ၀၃၇ ။ အငြင်းပွားမှု မီးစ

ထောင်မုမျက်နှာမှာ မည်းမှောင်သွားတော့သည်။ သူ Weiboမှာ တင်လိုက်သည်နှင့် သရဲတစ္ဆေများနှင့်နတ်ဆိုးတွေများကို ဆွဲဆောင်နိုင်လိမ့်မည်ဆိုသည်ကို သိထားသည်။ သို့သော်လည်း ယခုလို အလျင်အမြန်ရောက်ရှိလာလိမ့်မယ်လို့တော့ မထင်ထားခဲ့ပေ။

"အဲ့ဒါက ဘယ်လိုအပြုအမူလဲ?" ထောင်မုမှ ရွံရှာသွားသည့်ပုံ ပြုမူလိုက်သောအခါ လုံအောက်ထျန်းသည် ချက်ချင်းပင် ပေါက်ကွဲသွားသည် " ငါမင်းကို စောင့်နေတာကြာလှပြီ။ မင်းငါ့ကို နွေးထွေးစွာနဲ့ မပွေ့ဖက်ပေးနိုင်ဘူးဆိုရင်တောင် အနည်းဆုံးတော့ ငါ့ကို ကောင်းကောင်းဆက်ဆံပေးလို့မရဖူးလား? ငါ့ရည်းစားကိုတောင် ဒီလောက်အကြာကြီးမစောင့်ဖူးဘူး!"

အတန်းဖော်လုံထျန်းအောက်သည် တကယ်ကို စိတ်မကောင်းဖြစ်သွားသည်။

"H မြို့မှာ မင်းကို မတ်တပ်ရပ်စောင့်နေခဲ့ရတာကိုလည်း ငါစိတ်မဆိုးပါဘူး။ ပေကျင်းကို ပြန်ရောက်နေတာ ရက်တော်တော်ကြာနေပြီ ပြီးတော့မင်းဖုန်းနံပါတ်ပြောင်းထားတာလည်းကြာလှပြီ မင်းဘာလို့ ငါတို့ကို မပြောတာလဲ? မင်း ငါတို့ကိုသူငယ်ချင်းလို မသတ်မှတ်ဘူးလား?"

ငါတို့?

ထောင်မု မျက်ခုံးပင့်လိုက်သည်။

အတန်းဖော် လုံထျန်းအောက်သည် "ငါနဲ့ ရှန်းယွီပဲ မင်းနဲ့ အဆက်အသွယ် မရခဲ့တာ ပြီးတော့တစ်ယောက်ယောက်က မင်း နံပါတ်ပြောင်းသွားတယ်ဆိုပြီး ပြောနေတာကို ငါတို့ကြားခဲ့တယ်။ မင်း လုံးဝ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလို့ ငါတို့နှစ်ယောက်ထင်တယ်။ ငါပြောမယ် မင်း ငါတို့ကို အဲ့လောက်တောင်မကြိုက်ဘူးလား?"

ထောင်မုသည် တိုးတိုးလေး ရယ်လိုက်ပြီး "မင်းနဲ့ ရှန်းယွီ ဆက်ဆံရေးက တကယ်ကောင်းတာပဲ"

လုံထျန်းအောက်သည် ခဏလောက် ကြောင်သွားပြီး ဤသို့ရှင်းပြသည်- "နောက်ဆုံးအကြိမ် မင်းရဲ့ရိုက်ကွင်းကို လာလည်တုန်းက သူနဲ့တွေ့ခဲ့တာ။ ပြီးတော့ Weiboအကောင့်ချင်း ဖလှယ်ကြပြီး ခဏ စကားစမြည်ပြောဖြစ်ခဲ့တယ်။ တစ်ယောက်နဲ့တစ်ယောက် မိတ်ဆွေဖြစ်တာကောင်းတယ်လို့ ငါထင်တယ်" သူတို့သည် ထောင်မု အကြောင်းကိုသာ အများဆုံး ပြောဖြစ်ကြသည်။

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now