ကောလိပ်စာရင်းသွင်းခြင်း နှင့် နိုင်ငံအဆင့် ကျောင်းအလှလေးနှင့် ကျောင်းလူချော

741 107 0
                                    

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးအပိုင်း ၀၅၀ ။ကောလိပ်စာရင်းသွင်းခြင်း နှင့် နိုင်ငံအဆင့် ကျောင်းအလှလေးနှင့် ကျောင်းလူချော

လော့ယန်နှင့် ကုန်းရီရှင်က ဆေးရုံတစ်ခုထဲ ဆေးရုံတက်ဖြစ်ကြသည့်အတွက် လော့ယန်၏ လူနာဆောင်မှထွက်ခွာလာပြီးနောက်၌ ထောင်မုသည် ခွဲစိတ်မှုခံယူတော့မည့် ကုန်းရီရှင်၏ လူနာဆောင်ထံ သွားတွေ့လိုက်သည်။ သူ ကျောင်းကိုပြန်ရောက်သည့်အချိန်တွင် မွန်းလွဲ ၁၂နာရီ ၃၀ပင်ဖြစ်နေပြီဖြစ်သည်။

ထောင်မုက ကန်တင်း၌ အလျဉ်းသင့်သလို အမဲသားခေါက်ဆွဲတစ်ပွဲမှာလိုက်သည်။ ခေါက်ဆွဲစားပြီးသည့်နောက် ကျောင်းသားရေးရာဌာနသို့သွားကာ ကိုယ်ပိုင်တက္ကသိုလ်များရဲ့ ကျောင်းဝင်ခွင့်အကြောင်း စုံစမ်းသည်။ အစိုးရတက္ကသိုလ်အများအပြားက ကိုယ်ပိုင်ကောလိပ်ကျောင်းတော်တော်များများနှင့် ပူပေါင်းထားသည်တွင် ပေကျင်းရုပ်ရှင်မှာလည်း ချွင်းချက်မဟုတ်ပေ။ ထောင်မုသည် ဖုန်းယွင်အတွက် ကိုယ်ပိုင်တက္ကသိုလ်သို့ ဝင်ခွင့်နှင့်ပတ်သက်ပြီး မေးမြန်းလိုခြင်းဖြစ်သည်။

ဖုန်းယွင်သည် ထောင်မုထက် လအနည်းငယ်သာပိုငယ်ပြီး ယခုနှစ်တွင် သူသည်လည်း စီနီယာအထက်တန်းမှ ကျောင်းပြီးမည်ဖြစ်သည်။ ဖုန်းယွင်က ထောင်မုနှင့် ကွဲပြားသည့်အကြောင်းကြောင့်သာ ဖြစ်သည်။ ငယ်စဉ်ကတည်းမှ စာကောင်းကောင်းမလုပ်ခဲ့ဘဲ ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် အမှတ် ၂၀၀၀န်းကျင်သာ ရရှိခဲ့လေသည်။ မတိုင်မီဘဝတွင် အထက်တန်းမှ ကျောင်းပြီးသည့်နောက် ဖုန်းယွင်က ကောလိပ်ဆက်မတက်ခဲ့သည့်အတွက် ထောင်မု၏ ကိုယ်ရေးလက်ထောက်တစ်ယောက်ဖြစ်လာခဲ့သည်။ ထိုအချိန်တုန်းက ရှန်းမိသားစုအိမ်သို့ ထောင်မု ပြန်ရောက်ကာစအချိန်ဖြစ်ပြီး လူတိုင်းက သူ့အပေါ် အထင်အမြင်သေးခဲ့ကြသည်။ သူ့မှာ သူ့ကိုယ်ပိုင်လူမရှိခဲ့သည်ကြောင့် သူ ဖုန်းယွင်ကို သူနှင့်အတူ ခေါ်ထားခဲ့သည်။

သူ့နောက်က လိုက်နေသည့် ဖုန်းယွင်မှာ ပညာအရည်အချင်းမရှိလျှင်တောင် သူ့အတွက် အလုပ်လုပ်ပေးရင်းနှင့် အနာဂတ်ကောင်းတစ်ခု ရလာနိုင်မည်ပဲဟု ထိုအချိန်တုန်းက သူတွေးခဲ့သည်။ အနည်းဆုံးတော့ ရှန်းအုပ်စုအောက်ရှိ ဖျော်ဖြေရေးကုမ္ပဏီမှာ အေးဂျင့်တစ်ယောက်အနေနှင့် လုပ်နိုင်သေးသည်လေ။ သို့ပေမဲ့ သူမမျှော်လင့်ထားခဲ့သည်မှာ အဆုံးသတ်၌ ဖုန်းယွင်မှာ သူ့ကြောင့် အမှုတွင် ငြိစွန်းခံခဲ့ရသည်ပင်... ရှန်းမိသားစုထံကနေ သူ နှင်ထုတ်ခံရပြီးသည့်နောက် သူ့ကို ကူညီဖို့ဆိုပြီး ဖုန်းယွင်က ရှန်းယွီ၏ ရိုက်ကူးရေးအဖွဲ့ဆီသွားကာ ရိုက်နှက်ဖို့လုပ်ခဲ့သည်။ သို့သော်ငြား အဆုံး၌ ရှန်းယွီရှေ့တွင် ရပ်နေသည့် ယန်ရှန်းကို ထိခိုက်မိစေခဲ့သည်။ ဖျော်ဖြေရေးရပ်ဝန်းထဲမှာ အလွန်နာမည်ကြီး ကျော်ကြားနေပြီးဖြစ်ကာ ဤအလှလေးကို ကယ်တင်ခြင်းဇာတ်ကွက်အပါအဝင် အလှလေးအား အောင်အောင်မြင်မြင် ထွေးပွေ့နိုင်ခဲ့သည်ကြောင့် ယန်ရှန်းမှာ ပြည်သူအားလုံးနှင့် ပရိသတ်တွေဆီမှ ထောက်ခံမှုကို ထပ်တကြိမ်ရရှိခဲ့ပြန်သည်။ တစ်ဖက်မှာတော့ ဖုန်းယွင်သည် ရည်ရွယ်ချက်ရှိရှိဖြင့် ထိခိုက်စေခဲ့သည့်ပြစ်မှုကြောင့် သုံးနှစ်ထောင်ဒဏ် ကျခံခဲ့ရသည်။

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now