အပိုင်း ၀၅၉ ။ Mary Sue ၏ လုပ်ရိုးလုပ်စဉ်နှင့် လူထု အမျက်

1.2K 156 1
                                    

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးအပိုင်း၀၅၉ ။ Mary Sue ၏ လုပ်ရိုးလုပ်စဉ်နှင့် လူထု အမျက်


ရှန်းယွီ မှ ထောင်မု ကို ရှာတွေ့သည့်အချိန်တွင် ထောင်မုက ပရိုဂရမ်တွင်ပါဝင်သည့် ပြိုင်ပွဲဝင်တိုင်း၏ frame အရေအတွက်ကို "နိုင်ငံအဆင့်ကျောင်းအလှလေးနှင့်ကျောင်းလူချော" ၏ FlyNews တရားဝင်ပေ့ချ်မှာ FlyNews ၏ဝန်ထမ်းတွေကို တင်နေစေသည့် အချိန်ဖြစ်သည်... အင်တာနက်အသုံးပြုသူ တော်တော်များများက ပရိုဂရမ်အဖွဲ့အား မမျှတကြောင်း စွပ်စွဲပြီး အခြားသူတွေထက် ထိုတချို့သော ပြိုင်ပွဲဝင်တွေကို ရိုက်ချက်တွေပိုပေးပေးဖို့ မေးမြန်းနေကြသောကြောင့်ပင်။

ထောင်မုသည် ဤကဲ့သို့ စွပ်စွဲမှုမျိုးကို ရိုက်ကူးရေးစတင်ခဲ့ချိန်ကတည်းမှ မျှော်မှန်းထားခဲ့ပြီးဖြစ်သည်ကြောင့် အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံမှ အစွန်းရောက်ပရိသတ်များ၏ ထုံးစံကို လေ့လာပြီး ပရိုဂရမ်အဖွဲ့အား post-production အဆင့်မှာ တည်းဖြတ်စေကာဖြင့် ပြိုင်ပွဲဝင်တစ်ယောက်ချင်းစီ ပေါ်လာသည့် frame အရေအတွက်ကို အကြမ်းဖျင်းအားဖြင့် တူညီသည့်ဂဏန်းဖြစ်နေအောင် သေချာစေလေသည်။

နိုင်ငံအဆင့်ကျောင်းအလှလေးနှင့်ကျောင်းလူချော ရွေးချယ်ပွဲကို အာရုံစိုက်နေကြသည့် အင်တာနက်အသုံးပြုသူများမှာ ပရိုဂရမ်အဖွဲ့က သည်လောက် ဟိတ်ဟန်ထုတ်လှသော လုပ်ငန်းစဉ်မျိုးကို လုပ်ဆောင်လိမ့်မည်ဟု မထင်ထားဘဲ အားလုံး ပါးစပ်ဟောင်းလောင်းဖြစ်သွားကြသည်။

"ရုပ်ရှင်တွေ တီဗီရှိုးတွေ နှစ်ချီအောင် ကြည့်လာတာမှာ ဒါက ငါ frame အရေအတွက်ဆိုတာဘာမှန်း ပထမဆုံးသိတာပဲ"

"ဒီပရိုဂရမ်အဖွဲ့က တကယ်ကြီး ရက်စက်လိုက်တာ။ ဒီလိုမျိုး လုပ်လို့ရော ရတာပဲလား?"

"ပရိုဂရမ်အဖွဲ့က မမျှတဘူးဆိုပြီး ထောင်မုကို ကိုယ့်အကျိုးအမြတ်အတွက် အာဏာသုံးပြီး သူ့သူငယ်ချင်းတွေကို ရကွက်ပိုပေးတယ်ဆိုတဲ့ လူတွေ.. အခု ထရပ်လိုက်စမ်း။ သက်သေမရှိဘဲနဲ့များ ပရိုဂရမ်အဖွဲ့ကို မယုံသင်္ကာဖြစ်သေးတယ်တဲ့ နင်တို့တကယ် အံ့ဩဖို့ကောင်းတာပဲ!"

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now