ထောင်ချောက်ထဲသို့ တိုးဝင်ခြင်းနှင့် အလှည့်အပြောင်း

1.1K 141 0
                                    

[Unicode]
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး
အပိုင်း ၀၄၆။ ထောင်ချောက်ထဲသို့ တိုးဝင်ခြင်းနှင့် အလှည့်အပြောင်း

ရှုန်းကျန်းကို တရားဝင်ဖမ်းဆီးပြီးနောက် တလော့နှင့် အခြားသူတို့မှာ လက်ခုပ်လက်ဝါးတီးလိုက်ကြပြီး ဩဘာပေးကြသည်။ ပျော်ရွင်နေရင်းနှင့် အခြားတစ်ဖက်တွင်လည်း အာမခံကုမ္ပဏီမှ သတင်းတွေကြားသိပြီးနောက် ကျေအေးငွေဆုံးဖြတ်ချက်ကို ပြန်ရုတ်သိမ်းပြီး ယွမ်တစ်သန်းပြန်တောင်းဆိုလာမည်အား စိုးရိမ်နေကြသည်။ အခုအခိုက်အတန့်တွင် သူတို့၏စိတ်အခြေအနေမှာ အတော်လေးဝိရောဓိဖြစ်နေသည်။

ထောင်မုကတော့ ရိုးရိုးရှင်းရှင်းပင် အာမခံကုမ္ပဏီကို ဆက်သွယ်လိုက်ပြီး သည်အကြောင်းကို မေးမြန်းလိုက်သည်။ ရလဒ်အနေနှင့် ကုန်းရီရှင် ဝယ်ယူခဲ့သည့် အာမခံစာချုပ်ပါ စည်းကမ်းချက်များအရ အခြားသူများမှ တမင်တကာပြုလုပ်သော ထိခိုက်မှုများသည်လည်း မတော်တဆထိခိုက်မှု အာမခံထဲ အကျုံးဝင်ကြောင်း ထောင်မု သိလိုက်ရသည်။

သည်အရာက အာမခံသူဘက်မှ တမင်သက်သက်ကြံစည်ထားခြင်း မဟုတ်သည့်အတွက်ကြောင့်ပင်။ သို့ပေမဲ့ အကယ်၍ မတော်တဆထိခိုက်မှုက အခြားသူများနှင့် ရည်ရွယ်ပြီး တိုက်ခိုက်ခဲ့ရာမှ ရရှိခဲ့သည်ဆိုလျှင်တော့ တောင်းယူသည့် ကျေအေးငွေကို ရရှိမည်မဟုတ်။

အကုန်လုံးမှာ ဒါကိုကြားရသည့်နောက် စိတ်အေးသွားကြသည်မှ စိတ်ငြိမ်ဆေးသောက်လိုက်ရသလိုပင်။ ရှုန်းကျန်းနှင့် ယွီမိန်သည် ဖောက်ပြန်သည့်အတွဲ နှစ်မည်မျှကြာအောင် ပြစ်ဒဏ်ကျခံရမည်မှန်း နောင်တချိန်အတွက် တွေးကြည့်ဖို့ချန်ရုံနှင့် ကုန်းရီရှင်မှာ ဆေးရုံပြောင်းဖို့ စိတ်အေးလက်အေး ပြင်ဆင်နိုင်ပြီဖြစ်သည်။

အခြေအနေမှာ ထောင်မု အိတ်တစ်လုံးနှင့် တစ်ကိုယ်တည်းလာခဲ့ချိန်နှင့် ကွဲပြားလှသည်။ သည်အခေါက် ပေကျင်းကို ပြန်ချိန်ကတော့ ကြီးမားသောလူအုပ်ကြီးနှင့်ဖြစ်သည်။ မလှုပ်ရှားနိုင်သည့် ကုန်းရီရှင် အပါအဝင်၊ သူ့သားကို ဂရုစိုက်ပေးဖို့ ပေကျင်းသွားရမည့် အမေကုန်းနှင့် သူ့ညီအစ်ကိုရဲဘော်အား ပြုစုဖို့ ပေကျင်းသွားမည်ဟု ပွက်လောညံနေသည့် တလော့၊ ထို့နောက် ထောင်မု၏ အဖွဲ့သား ကျန်းဖေး၊ FlyNews အင်တာတိန်းမန့်မှ ပို့ထားသည့် သတင်းထောက်နှစ်ယောက်၊ နောက်ဆုံးထည့်တွက်ရမည့်သူများကတော့ ချင်းမြောင်ရူနှင့် သူ၏ ညီအစ်ကိုအုပ်စုကြီးပင်... ကြည့်ရသည်မှာ H မြို့ရှိ တည်းခိုခန်းဘားကို ဦးစီးရသည်အား ငြီးငွေ့လာသည်ထင်သည်။ မြို့တော်ကြီးတွင် လမ်းကြောင်းဖောက်ဖို့ ပြင်ဆင်နေကြသည်။

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now