စစ်ရေးလေ့ကျင့်ခြင်းနေ့စဉ်မှတ်တမ်း

1.4K 209 0
                                    

[Unicode]
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး
အပိုင်း ၃၄ စစ်ရေးလေ့ကျင့်ခြင်းနေ့စဉ်မှတ်တမ်း

မနက်ငါးနာရီဝန်းကျင်လောက်တွင် အိပ်ပင်မအိပ်ရသေးသည့် ထောင်မုဆီသို့ အစ်ကိုရှောင်ချီမှ ဖုန်းဆက်လာပြီး တဟွေ့သည် ခုနစ်ယောက်စီး SUV ကားနှင့် အိမ်ရှေ့တွင်အသင့်စောင့်နေပြီဖြစ်ကြောင်း ပြောသည်။ ထောင်မုလည်း မြန်မြန်ထရပါတော့သည်။
"ဒီလောက်ကြီးတဲ့ ပေကျင်းမြို့ကြီးမှာ စောစောမထရင် အရာအားလုံးကို ပြီးအောင် မြင်လိုက်ရမှာမဟုတ်ဘူး။ စောစောထရင်တောင် မနက်နဲ့ညနေဆို လူများတဲ့နေရာတွေကို ရှောင်ဖို့ အစီအစဉ်ဆွဲရမယ် မဟုတ်ရင် ယာဉ်ကြောပိတ်ဆို့မှုဖြစ်တာနဲ့နေ့တစ်ဝက်လောက်ကုန်သွားမှာ" ပေကျင်း ဇာတိစစ်စစ်တစ်ယောက်ဖြစ်သည့် ဝမ်ပေါင်သည် ဤကိစ္စနှင့်ပတ်သတ်ပြီး "ဒါမို့ ရိုက်ကူးသူတွေက ဟောလီးဝုဒ်လို လမ်းဘေးပြိုင်ကားရိုက်ကွင်းတွေကို ကြိုက်ကြပေမယ့် တရုတ်ရုပ်ရှင်တွေမှာဘာကြောင့် ဒီလိုဇာတ်ကွက်တွေ မရှိသလောက်နည်းရတာလဲ? ဒါက သိပ်ရိုးရှင်းပါတယ်။ မင်း တစ်စက္ကန့်အတွင်း အရှိန်ပြင်းပြင်းနဲ့ မောင်းနိုင်တယ်ဆိုရင်တောင် မင်းကားကို လုံးဝပြိုင်နိုင်မှာ မဟုတ်ဘူး။ အာ့တာက လက်တွေ့မဆန်ဖူး!"
ထောင်မုသည် ရယ်မောလိုက်သည်။ ပေကျင်းမြို့၏ အသွားအလာသည် ယခုဆို တော်တော်လေးကို ပြောင်းလဲနေပါပြီ။ အများစုမှာ အမှတ် (၂) လမ်းနှင့် အမှတ် (၃) လမ်းသည် ယာဉ်ကြောပိတ်ဆို့မှုကို ကြုံတွေ့ခဲ့ရသည်။ သို့သော် ဆယ်နှစ်ကြာပြီးနောက်တွင် ယာဉ်ကြောပိတ်ဆို့မှုသည် အမှတ် (၂) လမ်းမှ (၅) လမ်းအထိ၊ တစ်ဖက်ပြည်နယ်သို့ပင် တိုးလာနိုင်သည်။ အမျိုးသားနေ့တွင်အဝေးပြေးလမ်းမပေါ်တွင် တဲတစ်လုံးယူဆောင်လာပြီးစခန်းချခြင်း သို့မဟုတ် ပါတီပွဲတစ်ခုပင် ပြုလုပ်နိုင်သည်။
အနာဂတ် ဒါရိုက်တာနယ်ပယ်တွင် အောင်မြင်မှုများ အများကြီးရနိုင်မည့် တုခမ်းက ရုတ်တရက်ထပြောလိုက်သည် "ဟေး မင်းပြောတာက ဟာသရုပ်ရှင်မှာ အရမ်းကောင်းမယ့် ဇာတ်ကွက်တစ်ခုပဲ။ ငါပြောချင်တာက ဇာတ်လိုက်နှင့် ဗီလိန်တို့ဟာ ပေကျင်း မြို့ အမှတ် (၂)လမ်းမှာ ဟောလီးဝုဒ်ရုပ်ရှင်ကားတွေလို ပြိုင်ကားမောင်းလာကျတဲ့အချိန်မှာ ယာဉ်ကြောပိတ်နေတဲ့ လူအများကြီးနဲ့ ပိတ်မိသွားလိမ့်မယ်။ အဲ့နောက်မှာ ယာဉ်ထိန်းရဲတစ်ဦးက အရေးယူဖို့အတွက် လျှပ်စစ်ဆိုင်ကယ်ငယ်တစ်စင်းကို စီးနင်းလာပြီး သူတို့ကို ဥပဒေနဲ့အညီ ဖမ်းပြီးတော့ နယ်မြေရဲစခန်းကို ပို့လိုက်တယ်....."
ထောင်မုသည် ထူးဆန်းသောအမူအရာဖြင့် တုခမ်းကိုကြည့်လိုက်သည်။ နောက်ပိုင်းနှစ်များတွင် ဆုရရှိခဲ့သောဟာသရုပ်ရှင်ကို ပြန်လည်သတိရသွားရာ ၎င်းတွင် ထိုကဲ့သို့ ဇာတ်ကွက်များရှိနေပုံရသည်။ မထင်မှတ်ပဲ ဤစိတ်ကူးသည် လွန်ခဲ့သည့် ဆယ်နှစ်လောက်တည်းက ရှိခဲ့ခြင်းဖြစ်နေသည်။
ရေချိုးခန်းထဲတွင် ရေအမြန်ချိုးနေရင်း ထိုအကြောင်းကို ထောင်မု တွေးနေသည်။ အချိန်ကုန်သက်သာစေရန် ဆံပင်ပုံသွင်းခြင်းပင် မလုပ်ဘဲ ဘေ့စ်ဘောဦးထုပ်ကိုဆောင်းကာ အခန်းဖော် သုံးယောက်ကို တဟွေ့နှင့်တွေ့ဆုံရန် တံခါးဆီသို့ ခေါ်သွားခဲ့သည်။ ထို့နောက် ဦးလေးချူနှင့် အဒေါ်ချူတို့ကို တွေ့ဆုံရန် ဟိုတယ်သို့ သွားကြသည်။
ပေကျင်းကို ဒေသခံမဟုတ်သူများ လာလည်သည့်အခါ လည်ပတ်ချင်စရာ ရှုခင်းကောင်းများအများကြီးရှိပါသည်။ မဟာတံတိုင်းကြီး၊ တားမြစ်မြို့တော်၊ ထျန်အန်းမန်ရင်ပြင်တွင် အလံတင်ခြင်းကို ကြည့်ရှုခြင်း၊ မင်းသားကုန်း၏စံအိမ်သို့ သွားရောက်လည်ပတ်ခြင်း၊ ပီကင်းဘဲကင်စားခြင်းတို့ပဲဖြစ်ပါသည်.....။
ဦးလေးချူနှင့် အဒေါ်ချူတို့သည် နေရာရွေးခြင်းမရှိပေ။ ထို့ကြောင့် လူတိုင်း၏ ပထမဆုံး ရပ်နားခြင်းမှာ အလံတင်ခြင်းအားကြည့်ရှုခြင်း ဖြစ်သည်။
နံနက် ၅း၃၀ အချိန်တွင် ထိုလူအုပ်သည် ထျန်အန်းမန်ရင်ပြင်သို့ ကားဖြင့် ရောက်ရှိလာသောအခါ ထိုနေရာတွင် လူအများကြီး ရောက်ရှိနေပါသည်။ ရင်ပြင်တွင် လမ်းမီးများ လင်းထိန်‌နေပါသည်။ လူအုပ်ကြီးထဲသို့ တိုးရသောအခါယောက်ျားလေးများသည် ချူဆွေ့အန်း၏မိဘများကို ကာပေးရင်း နောက်ဆုံးတွင် မြင်ကွင်းရှင်းရှင်းလင်းလင်းမြင်ရ‌သော နေရာသို့ ရောက်သွားကြသည်။
၅ နာရီ ၃၇ မိနစ်တွင် အလံတင်ခြင်း အခမ်းအနားကို စတင်ခဲ့သည်။ တက်လာသည့် ကြယ်ငါးပွင့် အနီရောင်အလံကိုကြည့်ပြီး ထောင်သောင်းချီသော ပြည်သူများ၏ နိုင်ငံတော်သီချင်း သီဆိုမှုကို ကြည့်ရှုရင်း အခမ်းအနားပြီးဆုံးချိန်အထိ လေးနက်သော အငွေ့အသက်များ ဆက်လက်တည်ရှိနေခဲ့သည်။ ဦးလေးချူနှင့် အဒေါ်ချူသည် လေထဲတွင် လွင့်ပျံနေသော နိုင်ငံတော် အလံကို ကြည့်ပြီးအားရကျေနပ်စွာ မော့ကြည့်လိုက်သည်။
ဝမ်ပေါင်သည် ပြုံးပြီးပြောသည် "ဒါဆို အဆင်ပြေသွားပြီပေါ့။ ဒါပေမယ့် ဦးလေးနဲ့ အဒေါ်တို့ အမျိုးသားနေ့ကိုလာလည်ရင် ပိုပြီးခမ်းနားတဲ့ မြင်ကွင်းကို မြင်ရမှာ။ အနည်းဆုံး လူပေါင်း 100,000 လောက်အလံ လွှင့်ထူတာကို အတူတူ ကြည့်ကြလိမ့်မယ်။‌ နောက်ပြီး တိုက်ရိုက်တီးခတ်မယ့် စစ်တီးဝိုင်းရှိပြီး အဲ့တာက အရမ်း အံ့မခန်းပါပဲ။"
ချူဆွေ့အန်းသည် ယူနီဖောင်းဝတ်ထားသောစစ်သည်များအား ငြူစူသောစိတ်ဖြင့် ကြည့်ကာ "အရမ်းခန့်တာပဲ! ငါလည်း စစ်ယူနီဖောင်းဝတ်ချင်လိုက်တာ" ဟု ရိုးရိုးသားသားပြောသည်။
တုခမ်းသည် ရုတ်တရက် ရယ်လိုက်ပြီး "ဒါကလွယ်ပါတယ်။ ငါတို့ ပေကျင်းရုပ်ရှင်ရဲ့ကျောင်းသားတွေက စစ်ဝတ်စုံ ဝတ်ချင်ရင် စစ်ရုပ်ရှင် ဒါမှမဟုတ် စစ်ပြဇာတ် နှစ်ခုကို ရွေးရုံပါပဲ။"
ဝမ်ပေါင်သည် "အိုး၊ စစ်ယူနီဖောင်းဝတ်ရမယ်။ ဒါကယောက်ျားလေးတွေရဲ့ အိပ်မက်ပဲလေ"
ထောင်မုသည် စိတ်လှုပ်ရှားလာပြီး သူ့အရင်ဘဝတွင် အမျိုးသားနေ့တွင် နိုင်ငံတစ်ဝှမ်းမှ ပြည်သူများသည် စစ်ယူနီဖောင်းများ ဝတ်ဆင်ကာ ဓာတ်ပုံရိုက်ခဲ့ကြသည်ကို ရုတ်တရက် သတိရမိသည်။ ပြီးလျှင် ဒီနှစ်အမျိုးသားနေ့သည် မကြာခင်ပင် ကျရောက်တော့မည်!
ထောင်မုသည် အတွေးများကို ဘေးဖယ်ထားလိုက်ပြီးနောက်တွင် လူတိုင်းသည် တားမြစ်မြို့တော်၊ မင်းသားကုန်း၏စံအိမ်၊ ဝမ်ဖူကျင်း အစရှိသည့် နာမည်ကြီးနေရာများသို့ သွားရောက်လည်ပတ်ခဲ့ကြပြး နေ့လည်စာအတွက် ဘဲကင်စား၍ ညနေပိုင်းတွင် မဟာတံတိုင်းသို့ တက်ခဲ့ကြပြီး နေဝင်ချိန်ကိုကြည့်ခဲ့ကြသည်။ နောက်ဆုံးတွင် တဟွေ့သည် အလွန်ပင်ပန်းနွမ်းနယ်နေသော ဦးလေးချူနှင့် အဒေါ်ချူတို့ကို ဟိုတယ်တွင် အနားယူရန် ပြန်ပို့ပေးခဲ့သည်။ ထို့နောက် ကောင်လေးများကို ကျောင်းသို့ပြန်ပို့ခဲ့သည်။
တစ်နေကုန် လျှောက်သွားနေသည့် အခန်းဖော်သုံးယောက်သည် အိပ်ရာဝင်သွားကြသည်။
ထောင်မုသာလျှင် ကွန်ပြူတာရှေ့တွင် ကုဒ်ရေးနည်းအချို့ကို ဆက်လက်လုပ်ဆောင်ခဲ့သည်။
သူ့အရင်ဘဝ၏ နက်ရှိုင်းစွာလွှမ်းမိုးမှုများအရထောင်မုသည် ဝက်ဘ်ဆိုဒ်အတွက် ဝက်ဘ်ဗားရှင်းနှင့် အပ်ဗားရှင်းမုဒ်နှစ်မျိုးဖြင့် ပိုင်းခြားထားသည်။
ဝက်ဘ်ဗားရှင်း၏ ရှေ့ဆုံးဘာသာစကားမှာ HTML ဖြစ်ပြီး နောက်ကျောသည် PHP ဖြစ်သည်။ ၂၀၀၈ခုနှစ်မှ စတင်၍ ပြည်တွင်း ပရိုဂရမ်းမင်း ဝန်းကျင်သည် နောက်ပိုင်းနှစ်များကဲ့သို့ အဆင်ပြေမှု မရှိခဲ့ဘဲ PHP ပရိုဂရမ်များ၏ dynamic ခွဲခြမ်းစိတ်ဖြာမှုကို ပံ့ပိုးပေးနိုင်သော ရိုးရှင်းသည့် ဝဘ်ဆာဗာကို C language ဖြင့်အကောင်အထည်ဖေါ်ရန် လိုအပ်ပါသည်။ ထို့အပြင် ထောင်မု သည် နိုင်ငံခြားလူမှုရေးဆော့ဖ်ဝဲတစ်ခု၏ဓာတ်ပုံအဆင့်သတ်မှတ်ချက်ကို အတုယူလိုသောကြောင့်ဤလုပ်ဆောင်ချက်ကို ပံ့ပိုးရန် အယ်လဂိုရီသမ်တစ်ခု လိုအပ်သည်။
မိုဘိုင်းအက်ပ်ဗားရှင်းသည် Android အပလီကေးရှင်းများ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည်။ ထို့ကြောင့် Android interface အပိုင်းတွင် xml ကိုအသုံးပြုပြီး အပလီကေးရှင်းအပိုင်းတွင် Java ကိုအသုံးပြုသည်။ ဆက်သွယ်မှုအပိုင်းတွင် jni ကိုအသုံးပြုထားပြီး၊ အရင်းခံကုဒ်ကို C language နှင့် C# မှတဆင့်အကောင်အထည်ဖော်ဆဲဖြစ်သည်။
အထူးပြု အသိပညာများ များပြားလွန်းသောကြောင့်ပရိုဂရမ်းမင်းကို အခြေခံနားလည်ရုံမျှသာရှိသော ထောင်မုသည် လက်တွေ့အကောင်အထည်ဖော်ရန် လေ့ကျင့်နေစဉ်တွင် ၎င်းကို သူ့ဘာသာသူ သင်ယူခဲ့ရသည်။ တစ်ချိန်တည်းမှာပင် အချိန်တိုတိုအတွင်း လျင်မြန်စွာတိုးတက်ရန်အတွက် ကြိုးစားခဲ့ပြီးဝက်ဘ်ဆိုက်ကို အွန်လိုင်းပေါ်တင်ပြီးနောက် လိုအပ်သည့် ဈေးကွက်ရှာဖွေရေးအစီအစဉ်ကိုတွေးတောခဲ့သည်။ ထို့အပြင် သူသည် အနားမယူနိုင်သေးပဲ နိုင်ငံတကာ ရေနံအနာဂတ်ဘကို စောင့်ကြည့်ခဲ့သည်။
လုပ်စရာများ အရမ်းများနေခဲ့သည်။ ကံကောင်းထောက်မစွာပင် ပြန်လည်မွေးဖွားပြီးနောက်တွင် ထောင်မုသည် မှတ်ဉာဏ်ပိုကောင်းလာပြီး အာရုံစူးစိုက်မှုနှင့် စွမ်းအင်ပိုမိုရရှိလာခဲ့သည်။ မဟုတ်ပါက ၎င်းကို အမှန်တကယ်ကိုင်တွယ်နိုင်မည်မဟုတ်ပေ။
ဒါတောင် ထောင်မု ဆက်ပြီး မထိန်းထားနိုင်တော့ပါဖူး!
"မုအာ! မု! မုမု! ထတော့။ မြန်မြန်ထ။နေဖင်ထိုးနေပြီ!"
နံနက်စောစောတွင် နတ်ဆိုးအသံသည် ထောင်မု၏ နားများကို 3D လှိုင်းများလို အနှောင့်အယှက်ပေးလာသည်။
မနက်အစောပိုင်းမှ အိပ်ယာဝင်ခဲ့သော ထောင်မုသည် နားညီးသက်သာအောင် သူ့ခေါင်းကိုခေါင်းအုံးပေါ်တွင် မြှုပ်ထားကာ နတ်ဆိုး၏အသံကို တားဆီးရန် ကြိုးစားလိုက်သည်။ ထို့ကြောင့် သူ၏ စောင်ကိုလည်း သူနှင့် ဝေးရာသို့ ဆွဲထုတ်ခံလိုက်သည်။
"ငါပြောနေတယ်၊ မု မြန်မြန်ထပါ။ နှိုးစက်ကနှစ်ခါပြန်မြည်နေပြီ။ မင်းတကယ်နောက်ကျလိမ့်မယ်!" တုခမ်းသည် လှေခါးပေါ်တက်လာပြီး ထောင်မုကို ခပ်ကြမ်းကြမ်းဆွဲနှိုးတော့သည်။ "မနေ့ညက ဘယ်နှစ်နာရီမှ အိပ်တာလဲ? ထပ်ပြီး နောက်ကျတဲ့ထိ နေပြန်ပြီလား? အိုး မင်းက လက်တော့ပ်နှစ်လုံးကိုပါ တစ်ပြိုင်တည်း ကြည့်နေတာပဲ။ မင်းရဲ့ကြွယ်ဝမှုကို ဒီလိုပြထားတာ မမိုက်ဖူးနော်။ နောက်ပြီး ဒီမှာဓါတ်‌ရောင်ခြည်တွေ ဘယ်လောက်တောင်များလိုက်မလဲ။ ဒါကို မင်းက ချောမောတဲ့ မျက်နှာကို လိုချင်နေသေးတာပဲ!"
"အာ--" ထောင်မု ကြေကွဲနေသည့် ပုံစံဖြင့် ထထိုင်လိုက်သည်။ သူသည် ဖြူဖပ်ဖြူရော်နှင့် နှုတ်ခမ်းများကွဲနေပြီး ကြက်အသိုက်ကဲ့သို့ရှုတ်ထွေးနေသည့် ဆံပင်များနှင့် မျက်လုံးအောက်တွင် အမည်းဝိုင်းကြီး နှစ်ခုရှိပြီး ထိုအရာသည် နိုင်ငံတော်ပန်နှင့်ပင် ယှဉ်နိုင်သည် (TN:ပန်ဒါ- နိုင်ငံတော်ရတနာ)
သူသည် နှစ်ဝက်လောက် ညသန်းခေါင်ကျော်သည်အထိ နေခဲ့တာကြောင့် ထောင်မု၏ ကြည့်ကောင်းသောနတ်ဘုရားရုပ်သွင်ပြင်နှင့်ပင်လျှင် မကာနိုင်ပေ။
"ဒီမနက် လေးနာရီထိကို မအိပ်ရသေးဘူး" ထောင်မုသည် ခေါင်းကို ကုတ်လိုက်ပြီး မျက်လုံးများကိုကျယ်ကျယ်ဖွင့်ထားဖို့ ကြိုးစားသည်။ သူ့ကုတင်ပတ်လည်ရှိ အခန်းဖော် သုံးယောက်ကိုကွက်တိကွက်ကြား ကြည့်လိုက်မိသည်။ တစ်ကိုယ်လုံးပြုတ်ထွက်သွားသလိုမျိုး ကုတင်ခေါင်းရင်းကို မှီပြီး "ဘယ်အချိန်ရှိပြီလဲ?"
"ခြောက်နာရီ။" ဝမ်ပေါင်သည် ကုတင်ဘေးရှိလက်ရန်းပေါ်တွင် ခြေဖျားထောက်ထား၏။ သူသည် ထိုနေ့က သူတို့အားလုံး ရရှိခဲ့သည့် စစ်လေ့ကျင့်ရေး ယူနီဖောင်းကို ဝတ်ဆင်ထားပြီး သူ၏ ပါးကပ်နေသော ဆံပင်တိုတိုနှင့် မျက်နှာဝိုင်းတို့ကြောင့် သူသည် စစ်မှုထမ်းဟောင်းတစ်ဦးနှင့်ပင် ခပ်ဆင်ဆင်တူသည်။ ထောင်မုနှင့် စကားပြောသောအခါတွင် သူသည် လူကြိုက်များသည့် စစ်ရေးပြဇာတ်ထဲတွင် တပ်သားစုဆောင်းရေးတပ်ခေါင်းဆောင်၏ လေသံကို တုပခဲ့သည်- "မြန်မြန်ထ။ စုရုံးချိန်ရောက်ပြီ၊ ပထမနေ့မှာ စစ်သားတစ်ယောက်အနေနဲ့ ဗရုတ်သုတ်ခတွေ နောက်ကျနေလို့မရဘူး၊ စစ်သားတစ်ယောက်လို လုပ်ရမယ်။"
ထောင်မု : "....."
ချူဆွေ့အန်းသည်လည်း "ဒီကိစ္စက အရမ်းအရေးကြီးတယ်၊ ငါမင်းကို နှိုးရမလားဆိုပြီး ချီတုံချတုံဖြစ်နေခဲ့တာ။ အစက မင်းကို နောက်ထပ်ငါးမိနစ်လောက် အိပ်စေချင်တယ်။ ဒါပေမယ့် မင်းမှာ အချိန်သိပ်မရှိတော့လို့"
ထောင်မု : "....." ဒီစာကြောင်းက ဘာလို့ အရမ်းရင်းနှီးနေရတာလဲ? ဘယ်ဒရာမာထဲကပါလိမ့်?
တုခမ်းသည် သူ့လည်ချောင်းကို ရှင်းထုတ်လိုက်ပြီး "ရဲဘော် ထောင်မု၊ အခု အခြေအနေကအရမ်း အရေးပေါ် ဖြစ်နေတယ်။ အခုကစပြီးမင်း အချိန်တိုင်း နိုးကြားနေရမယ်။"
ထောင်မု : "....."
ဤအခန်းဖော်သုံးယောက်သည် သူ၏ယခင်ဘဝတွင် ရုပ်ရှင်မင်းသားများဖြစ်လာခဲ့သည့် အရည်အချင်းများကို နောက်ဆုံးတွင် သူသိခဲ့သည်။ သူတို့သည် နေ့စဉ်ဘဝတွင်ပင် ဒရာမာဘုရင်များလို ပြမူကြသည်။ ဘဝသည် ပြဇာတ်တစ်ခုလိုပါပင်။
အခန်းဖော်သုံးယောက်သည် ထောင်မုကိုမျှော်တလင့်တကြီးကြည့်ကာ "အခြေအနေနဲ့ လိုက်ဖက်အောင်တစ်ခုခုတော့ မပြောချင်ဘူးလား?"
"!" ထောင်မုသည် အသက်ပြင်းပြင်းရှူရင်း မူးဝေသွားသည်။ သူသည် Myers ရောဂါဝေဒနာခံစားနေရသော လူနာတစ်ဦးကဲ့သို့ ကုတင်ပေါ်မှ ဖြည်းညှင်းစွာထကာရေချိုးခန်းထဲသို့ တောက်လျှောက် ဝင်သွားခဲ့သည်။ အဲ့ဒီနောက် သူသည် မျက်နှာသန့်စင်ဆေးကို ထုတ်ယူပြီးမျက်နှာကို ဆေးကြော၍ မျက်နှာကို အစိုဓာတ်ထိန်းခရင်မ်၊ မျက်နှာလိမ်းခရင်မ် လိမ်းပြီး မျက်လုံးအောက်တွင်concealerကို လိမ်း၍ နောက်ဆုံးတွင် နေရောင်ကာခရင်မ်ကို လိမ်းလိုက်သည်။
လှုပ်ရှားမှုအားလုံးသည် ချောမွေ့ပြီး မြန်ဆန်နေခဲ့သည်။ ဆယ်မိနစ်အကြာတွင် ထောင်မု သည် ပေကျင်းရုပ်ရှင်မှ မိန်းကလေးများအားလုံး၏ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့သည့် ထိပ်တန်းချောမောသူတစ်ယောက်ဖြစ်လာပြန်သည်။
အခန်းဖော်သုံးယောက်သည် ကမ္ဘာကို တစ်ခါမှမမြင်ဖူးသော သူများကဲ့သို့ ရေချိုးခန်းတံခါးအပြင်ဘက်တွင် လက်နှစ်ဖက်ကို အတွင်းထဲသို့ ကွေးထားပြီး လယ်သမားတစ်ဦး၏ ကိုယ်ဟန်အနေအထားဖြင့် ရပ်နေခဲ့ကြသည်။ သူတို့သည်နည်းပညာမကျွမ်းကျင်သောသူများမှ နည်းပညာရှင်များကို ကြည့်ရှုသည့်ပုံစံဖြင့် ထောင်မု ပြုလုပ်နေပုံများကို ကြည့်နေကြသည်။ သူတို့မျက်လုံးများသည် စင်ပေါ်ရှိ ပြောင်လက်တောက်ပသော အသားအရေထိန်းသိမ်းမှုဆိုင်ရာ ကုန်ပစ္စည်းများ ခင်းကျင်းထားသည်ကို ငေးကြည့်နေကြသည်။
ဝမ်ပေါင်သည် "အာ.. ထောင်မု မင်းဘာလုပ်နေတာလဲ?" ဟု မမေးပဲမနိုင်ခဲ့ပေ။
"ဖောင်ဒေးရှင်း လိမ်းပြီးမှ နေရောင်ခံ ခရင်မ်ကိုမျက်နှာလိမ်းရမယ်!" ထောင်မု၏မျက်လုံးများသည် ငါးသေနေသောမျက်လုံးတစ်စုံကဲ့သို့မှေးမှိန်သွားကာ လုံးလုံးမနိုးသေးသည့်ပုံပေါ်သည်။ သူက "ဘာကိစ္စရှိလို့လဲ!"
အခန်းဖော် သုံးယောက်သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ တုခမ်း သည် "မင်း မိတ်ကပ်လိမ်းမလို့လား?"
ဒါကို မိတ်ကပ်အဖြစ် မှတ်တာလား?
ထောင်မုသည် ခဏတာ တိတ်ဆိတ်သွားပြီး မနက်အိပ်ရာထပြီးသည့်နောက် မျက်နှာကိုဆပ်ပြာဖြင့်သာ ဆေးကြောသည့် အခန်းဖော်သုံးယောက်ကို ကြည့်လိုက်မိသည်။
"ငါတို့ စစ်ရေးလေ့ကျင့်မှု ရှိတယ် မဟုတ်ဘူးလား? ဒီလိုပြင်းထန်တဲ့ နေရောင်အောက်မှာ ရက်ပေါင်းများစွာ အပြင်မှာ မတ်တပ်ရပ်နေရမယ်။ နေရောင်ခံခရင်မ်ကို မလိမ်းရင် နေလောင်တဲ့ခါ မျက်နှာကအရမ်းနာကျင်လာလိမ့်မယ်"
သူမှတ်မိပါသေးသည်။ H မြို့တွင် ပြေးလွှားနေရသည့်အချိန်၌ နေ့တိုင်း ဗလာကျင်းနေသော မျက်နှာဖြင့် သွားခဲ့ရသည်ကို သတိရမိသေးသည်။ ထိုအခါ အရေပြားအလွှာများ ဆိုးရွားလွန်းပြီး သူ့ပါးပြင်များ နာကျင်လာသည်။ ညအချိန်ရောက်တိုင်း အရေခွံခွာနေသည့် မြွေတစ်ကောင်လိုပါပဲ။
ဒီထက်ပိုပြီး နာကျင်အောင် မလုပ်နိုင်ပါဘူး။
သူ့အရင်ဘဝကတွင် အင်တာနက်စူပါစတားမှ ရုပ်ရှင်ဧကရာဇ်အဖြစ် ကူးပြောင်းခဲ့သည့် ထောင်မုသည် သူ့မျက်နှာ၏တန်ဖိုးကို ကောင်းကောင်းသိပါသည်။ ထို့ကြောင့် မျက်နှာကိုထိန်းသိမ်းရန် အမြဲကြိုးစားခဲ့သည်။ သရုပ်ဆောင်တစ်ယောက် ထိန်းသိမ်းရမည့် အရာများကိုသူတို့အား ပြောပြခဲ့သော်လည်း အိုင်ဒေါလ်စတား တစ်ယောက်၏ဂုဏ်သိက္ခာကို စွန့်လွှတ်ခဲ့သည်ဟု မဆိုလိုပါ။
စကားပြောနေရင်းနှင့်ပင် ထောင်မုသည် စားပွဲမှာထိုင်ပြီး ဆံပင်လေမှုတ်စက်ကို ကောက်ယူ၍ ဆံပင်ကိုမှုတ်လိုက်တယ်။ ခြောက်သွေ့သွားသောအခါတွင် စတိုင်လ်ကျနေသည်။ ဤကာလအတွင်းတွင်အထူးသဖြင့် နိုင်ငံတကာဘဏ္ဍာရေးဆိုင်ရာ သတင်းလမ်းကြောင်းများကို အာရုံစိုက်ရန် နံနက်ခင်းသတင်းများကိုနားထောင်ရန်အတွက်လည်း ကွန်ပျူတာကို ဖွင့်ထားသည်။
အခန်းဖော် သုံးယောက်သည် မှန်ရှေ့မှာ ထိုင်နေသည့် ထောင်မုကို ကြည့်ကာ ဆံပင်လေမှုတ်စက်ကို အသုံးပြုပြီး ပြီးပြည့်စုံသော ပုံစံဖြစ်အောင် ပြုလုပ်သည်ကို တွေ့ရသောအခါ သူတို့ အံ့သြသွားပြန်သည်။
ထောင်မု၏ အိုင်ဒေါလ်အိပ်မက်သည် အရမ်းလေးနက်သည်ဆိုသည်ကို သူတို့သိခဲ့သည်မှာကြာပါပြီ။ သို့သော်အိပ်မက်ကြီးရုံတင်မကပဲ ကျွမ်းကျင်မှုပါ ပြီးပြည့်စုံလိမ့်မည်ဟု မမျှော်လင့်ထားပေ။ မှန်ရှေ့တွင်ထိုင်ပြီး ဆံပင်ကိုမှုတ်နေသည့် သူ၏ပုံစံသည် နာမည်ကြီး မိတ်ကပ်ဆရာများထက်ပင် ပိုစတိုင်လ်ကျပါသည်။
သို့သော် သူတို့အံ့ဩနေသည်မှာ မထူးဆန်းပေ။ ယခုတွင် 2008 ခုနှစ်သာရှိသေးပြီး ယောက်ျားလေးမဆိုထားနှင့် မိန်းကလေးအများစုမှာပင် ထောင်မုကဲ့သို့ skin care လုပ်သည့်အလေ့အထမရှိဟု ခန့်မှန်းရပါသည်။ အထူးသဖြင့် ရိုးရှင်းသော အထက်တန်းကျောင်းဘဝမှ ထွက်ခွာပြီး အသက်မွေးဝမ်းကျောင်းအလုပ်သို့ ပြောင်းလဲရန် အချိန်မရှိသော အပျော်တမ်းလေးများအုပ်စုသည် concealerကဲ့သို့သော အရာများကိုပင် မကြားဖူးကြပေ။ ထို့ကြောင့် ၎င်းတို့၏ ခံယူချက်နှင့် အရည်အချင်းများသည်နောက်ပိုင်းနှစ်များတွင် နက်နက်ရှိုင်းရှိုင်းတည်ဆောက်ခဲ့သော ထောင်မုနှင့် မယှဉ်နိုင်ပေ။ ရွှေကျီရုပ်ရှင်ဧကရာဇ်အဖြစ် အထွတ်အထိပ်ရောက်ချိန်တွင် သူသည် နှစ်စဉ်နှစ်တိုင်း ဖက်ရှင်မဂ္ဂဇင်းငါးစောင်တွင် လှည့်ပတ်မှုများပြုလုပ်ခဲ့ပြီးနိုင်ငံတကာဇိမ်ခံအမှတ်တံဆိပ်များစွာကို ထောက်ခံအားပေးကာ လူ 20 ကျော်ပါဝင်သော ကိုယ်ပိုင်စတိုင်လ်အဖွဲ့တစ်ခုရှိသည်။
ထောင်မုသည် နေရောင်ကာခရင်မ်ကို လိမ်းထားသော်လည်း ယခုအခိုက်အတန့်တွင် ရိုးရိုးဆံပင်ပုံစံကိုသာ ပြုလုပ်ထားသည်။ သို့သော် သူ၏ပုံစံသည်ယုံကြည်မှုလွန်ကဲပြီး အထင်ကြီးလွန်းနေသည်။ အကောင်းဆုံးကို မြင်ဖူးသူ၏ ဤကိုယ်ဟန်အနေအထားသည် ကျန်လူများမှ တန်ဖိုးမဖြတ်နိုင်သောကြောင့် ကျန်းဟူကို စိုးမိုးပြီး ဘယ်သောအခါမှ မရှုံးစေသည့် စတိုင်လစ်ကဲ့သို့ စက္ကန့်ပိုင်းအတွင်း ဖြစ်စေနိုင်သည်။
သူ့ကိုယ်သူ ရိုးရိုးရှင်းရှင်း ပြင်ဆင်ပြီးသည့်နောက်တွင် အချိန်ပိုနေခဲ့ပြီး ထောင်မုသည် သူ့ဘေးတွင် ထိုင်နေသော အခန်းဖော် သုံးယောက်ကို ကြည့်လိုက်သောအခါ သူတို့သည် စားပွဲပေါ်ရှိအသားအရေထိန်းပစ္စည်းများကို ကောက်ကိုင်ကာ‌ သေချာစိုက်ကြည့်ရင်း အံ့သြနေကြသည်။ ထို့ကြောင့် နောက်လေးနှစ်ကြာသည်အထိ အတူနေရမည့် သူ့အခန်းဖော်များကိုအမျိုးသားများထိန်းသိမ်းခြင်း၏အရေးပါမှုဆိုင်ရာ ကျူတိုရီရယ်ကောင်းတစ်ခု ပေးသင့်သည်ဟုသူခံစားမိသည်။
"လာပါ မင်းတို့မျက်နှာကို ငါလိမ်းပေးပါရစေ" ထောင်မုသည်စာအုပ်စင်မှ လေးထောင့်သေတ္တာကို ထုတ်ကာအခန်းဖော် သုံးယောက်ကို ကုလားထိုင်တစ်လုံးပြီးတစ်လုံးပေါ် တွန်းချလိုက်သည်။
"ငါ မလုပ်ချင်ဘူး။ ငါက ယောက်ျားပဲ၊ ဒါတွေ မလိုဘူး!" ဝမ်ပေါင်၏ မျက်နှာသည် ခရမ်းချဉ်သီးတစ်လုံးအဖြစ် ရုတ်တရက်နီရဲသွားကာအလွန်အမင်း ရှက်ရွံ့နေပြီး ထောင်မုအား ရှောင်တိမ်းရန် ကြိုးစားခဲ့သည်- "ငါ ဒါကိုမလုပ်နိုင်ဘူး။ ဒါ--"
"ထိုင်ပါ!" ထောင်မုသည် ပြန်ဖြေပုံကို နားမထောင်ပဲ သူ့ကို ကုလားထိုင်ပေါ်ပြန်ထိုင်ခိုင်းလိုက်သည်။ ဤသုံးယောက် သူ့ဖိနပ်များထဲတွင် လစဉ်သုံးပစ္စည်းများကို ထည့်ခဲ့သည့်အချိန်လောက်ပင်မကြာပေ။
"ငါပြောပြမယ်။ မင်းမသိပဲနဲ့ ဘာမှဇွတ်မပြောနဲ့ ဟုတ်ပြီလား? ငါတို့ရဲ့ အဓိကမေဂျာက ဘာလဲ? ပေကျင်းရုပ်ရှင်အကယ်ဒမီရဲ့ဒရမ်မာဌာနလေ။ ငါတို့ရဲ့မျက်နှာနဲ့ အဲ့ဒါက မသက်ဆိုင်ဖူးလား? သက်ဆိုင်တာပေါ့။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ မင်းပရိသတ်တွေ၊ ရုပ်ရှင်ဝါသနာရှင်တွေနှင့် ပရိသတ်တွေနဲ့ပါ သက်ဆိုင်နေတယ်။ ဒါကြောင့် မင်းမှာ ပရော်ဖက်ရှင်နယ်ကျင့်ဝတ်တွေရှိရမယ်။ ကိုယ်ငွေရှာရတဲ့လမ်းကို ကာကွယ်ဖို့ လိုအပ်တယ်။ အလုပ်သမားတစ်ယောက်က သူ့အလုပ်ကိုကောင်းမွန်စွာလုပ်ဆောင်နိုင်ဖို့ သူ့ရဲ့ကိရိယာတွေကို အရင်ဆုံးချွန်ထက်‌နေအောင်င် လုပ်ရမယ်။ ဒါကို ငါတို့ ဘိုးဘေးတွေတောင် သိတယ်။" ထောင်မုသည် ကျိုးကြောင်းရှင်းပြနေချိန်မှာပင် သူသည် ဝမ်ပေါင်၏ မျက်နှာကို mask ကပ်လိုက်လေသည်။
ဝမ်ပေါင်၏ အပြစ်ကင်းသော လခြမ်းမျက်လုံးများသည် ပြူးကျယ်လာကာ အထူးယုံကြည်မှုရှိသောပုံစံဖြင့် " သူတို့အတွက် ငါ့ရဲ့ သရုပ်ဆောင်ချက်တွေကိုပဲ ချပြမှာပါ။ ငါ့မျက်နှာကို အားကိုးစရာမလိုပါဖူး"
ထောင်မုသည် သူပြောသည်ကို ယုံပါသည်။ ထို့ကြောင့် သူသည် ခဏမျှ နှုတ်ဆိတ်သွားကာအနာဂတ်တွင် ဒါရိုက်တာဆုရသည့် တုခမ်းဆီသို့ mask ကပ်ပေးရန်သွားခဲ့သည်။ သို့သော် သူသည် အရိုးကြီးပြီး အရာအားလုံးသည် အချိုးကျကြီးလွန်းသည်မှာ သနားစရာပါပင်။ ထောင်မုသည် သူမည်မျှပင် ဆွဲဆန့်ပါစေ တုခမ်း၏မျက်နှာတစ်ခုလုံးကို ဖုံးကွယ်ထားရုံမျှသာဖြစ်သည်။
ဝမ်ပေါင်သည် သူ့မျက်လုံးထောင့်ကနေ တုခမ်းကို စိုက်ကြည့်ရင်း ရယ်မောလိုက်သည် - "မင်းမျက်နှာက အကြီးကြီးပဲ၊ maskဖုံးလို့တောင် မရဘူး။"
တုခမ်း : "....."
အနာဂတ်ဆုရ ဒါရိုက်တာသည် ရှက်ရွံ့စွာဖြင့်"အင်း၊ ငယ်ငယ်ကတည်းက ကောင်းကောင်းစားခဲ့တာဆိုတော့ နေရာတိုင်းက အကြီးကြီးဖြစ်‌နေတယ်။ သာမန်လူထက် နှစ်ဆပိုကြီးတဲ့ အတွင်းခံ အရွယ်အစားတောင် ဝယ်ရသေးတယ်”
ကျန်တဲ့ သုံးယောက်ကတော့ "......"
ချူဆွေ့အန်းဆီသို့ သူရောက်လာသောအခါတွင် ပုံစံသည် သာမာန်အတိုင်းပင်ဖြစ်သည်။
နောက်ဆုံးတွင် သူသည် အနာဂတ်တွင် မီဒီယာများမှ "အမွန်မြတ်ဆုံးလူသား" အဖြစ် ချီးကျူးခံရသော မစ္စတာတီဗီဧကရာဇ်ဖြစ်သည်။ ချူဆွေ့အန်းသည် သူ့မျက်နှာပေါ်တွင်စိုစွတ်နေသောmaskကို အသေအချာ ပွတ်သပ်သည်- "ဟေး ဒီmaskက တကယ်ကို လန်းဆန်းသွားသလို ခံစားရတယ်။ တော်တော် သက်တောင့်သက်သာရှိတယ်။" လက်ခံမှုအဆင့်သည် တော်တော်မြင့်သည်။
"ငါ့ရဲ့ mask တွေက နေရောင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ အသားရေတွေကို ပြုပြင်ပေးနိုင်တယ်။" ထောင်မု maskကပ်ထားသည့် သုံးယောက်ကို ကြည့်လိုက်ပြီး အမူအရာအပြည့်ဖြင့် " ပေကျင်းမှာ ဆိုးရွားတဲ့ ရာသီဥတု ရှိတယ်။ ဆောင်းဦးပေါက်မှာ အရမ်းခြောက်တယ်လေ။ လေကလည်းအရမ်းပြင်းတယ်။ ဒါကြောင့် ပြုပြင်ထိန်းသိမ်းမှု လုပ်ရမယ်။ ပြောရမယ်ဆို မင်းတို့အားလုံးက ဒရမ်မာဌာနမှာရောက်နေတယ်။ အနာဂတ်မှာ မင်းတို့ရဲ့မျက်နှာတွေကို ဖန်သားပြင် အကြီး၊ အသေးပေါ်ကနေ တစ်တိုင်းပြည်လုံးက ပြည်သူတွေကို ပြသရမှာ။ မှတ်တမ်းရုပ်ရှင်မှာ သရုပ်ဆောင်ရင်တော့ ပြဿနာ မရှိပါဘူး။ ဒါပေမယ့် မင်းက အိုင်ဒေါလ်ဒရာမာ ဒါမှမဟုတ် တစ်ခုခု ရိုက်မယ်ဆိုရင် မင်းရဲ့ကြမ်းတမ်းပြီး ရာသီဥတုဒဏ်ကြောင့် ပျက်စီးနေတဲ့မျက်နှာကို ပရိတ်သတ်ကို ချပြရမှာ မရှက်ဖူးလား? ငါပြောမယ် မင်းတို့ငယ်ငယ်တုန်းကတည်းက ဒါကို ထိန်းသိမ်းထားဖို့ အရမ်းအရေးကြီးတယ်၊ မဟုတ်ရင် photoshopကတောင် မင်းကို ကယ်နိုင်မှာမဟုတ်ဘူး"
စကားပြောနေစဉ်တွင် ထောင်မုသည် ကုဒ်စာကြောင်းတစ်ရာကို နှိပ်လိုက်ပြီး maskများကို မခွာမီ ဆယ်မိနစ်အလိုထိစောင့်ခဲ့သည်။
အခန်းဖော်သုံးယောက်သည် ထောင်မု၏ဘဝနှင့် ဆိုင်သောအမြင်များကို လုံးဝလက်ခံခဲ့သည်။ သို့သော် သူတို့သည် ထောင်မု၏ ဆွေးနွေးမှုကို သဘောမတူခဲ့ကြဘူး- "ငါတို့ ပေကျင်းရုပ်ရှင်ကျောင်းသားတွေက အိုင်ဒေါလ်ဒရမ်မာတွေမှာ ဘယ်လိုသရုပ်ဆောင်နိုင်မလဲ? ဒါက ယန်ရုပ်ရှင်များမှတ်နေလား? အိုင်ဒေါလ်ဒရာမာတွေရဲ့ ဒါရိုက်တာတွေက ငါတို့ကို ရှာမှာမဟုတ်ဘူး"
"မှန်တယ်! အားလုံးခြုံပြောရရင် အကုန်သိပ်မမှန်ဘူး။" စတိုင်လ်အခေါ်အဝေါ်ကိုလည်း ထောင်မုထံမှ သင်ယူခဲ့သည်။ ထောင်မု၏ ပါးစပ်မှ ရံဖန်ရံခါထွက်ကျလာသော စကားလုံးများသည် အထူးစိတ်ဝင်စားဖွယ်ကောင်းသည်ဟု သူတို့အားလုံးခံစားမိကြသည်။
ထောင်မု ပြုံးပြပြီး ဘာမှပြန်မပြောခဲ့ပေ။နောက်ဆယ်နှစ်အတွင်း သူတို့လေးယောက်ထဲမှ သုံးယောက်သည် အိုင်ဒေါလ်ဒရာမာများတွင် တကယ်သရုပ်ဆောင်ရမည်ကို သူ တိုက်ရိုက်မပြောနိုင်ပါ။ အထူးသဖြင့် ကြမ်းတမ်းသောမျက်နှာရှိသော်လည်း နယ်ပယ်သုံးရပ်၏နံပါတ်တစ်အလှဆုံးလူသားအဖြစ် အမှန်တကယ်တာဝန်ယူခဲ့သော ၎င်းတို့အနက်မှ အကြီးဆုံးနှင့် အသံကျယ်ဆုံးသူဖြစ်သည်။ ပြီးလျှင် သူ့မျက်နှာအတွက် Photoshopပြုလုပ်ရန်လိုအပ်ပြီး ဒရာမာတည်းဖြတ်သည့် အဆင့်မှာပင် သူ့အမေတောင် သူ့မျက်နှာကို အားရခြင်းမရှိခဲ့‌ပေ။ ဟုတ်တယ်၊ ငါ သူ့အကြောင်းပြောနေတာ!
တီဗီဒရာမာ ထုတ်လွှင့်ပြီးနောက် အင်တာနက်တစ်ခုလုံး လှောင်ပြောင်ခဲ့သည်။ လူထု၏ သံသယ လှိုင်းလုံးများကြောင့် အခမ်းအနား စီစဉ်သူများသည် သူ့ကိုဆုချီးမြှင့်ဖို့ လျာထားခံရသည့် ဆုအပြင် ပြိုင်ပွဲကနေထုတ်ပယ်ခံခဲ့ရသည်။ နောက်ဆုံးတွင် သူသည် ဆုတစ်ဖန်ပြန်လည်ရယူရာတွင် ကျရှုံးပြန်သည်။ ထို့ကြောင့် သူသည် သရုပ်ဆောင်အဖြစ်ကနေ အနားယူပြီး ဒါရိုက်တာဖြစ်လာရခြင်းအဖြစ်သည်။
ထောင်မုသည် အတန်းဖော် တုခမ်းကိုကြည့်ပြီးအဓိပ္ပါယ်ရှိစွာ ပြုံးလိုက်သည်။ ထိုအပြုံးသည် တုခမ်းကို တုန်လှုပ်သွားစေပြီး အိမ်သာသွားချင်စိတ်ကို ဖြစ်စေသည်။
အိပ်ဆောင် 301 မှ လူလေးယောက် ကော်ဖီဆိုင်သို့ ရောက်ရှိလာချိန်တွင် ခြောက်နာရီခွဲနေပြီဖြစ်သည်။
မျက်နှာကို ဂရုတစိုက်နှင့် နေကာခရင်ကို လိမ်းထားသည့် ချောမောလှပသည့် ယောက်ျားလေးလေးယောက်သည် ကြမ်းတမ်းသည့် ယောက်ျားလေးအုပ်စုကြီးကြားတွင် ပေါ်လွင်နေခဲ့သည်။ ပြတ်သားသော ခြားနားမှုသည် နှစ်အပေါင်းနှစ် လေးကဲ့သို့ မရိုးရှင်းသည်မှာ သေချာပါသည်။
အထူးသဖြင့် ရုပ်ရည်အလွန်ကောင်းမွန်ပြီး အရင်ဘဝတွင် ဆယ်နှစ်ကျော်ကြာအောင် ပေါင်းစည်းထားသော စူပါစတား၏ ဩဘာကို ပေါင်းစပ်ထားသည့်ထောင်မုဖြစ်သည်။ ထို့ကြောင့် သူသည် အသုံးအများဆုံး စစ်ရေးလေ့ကျင့်မှု အသွင်ဆောင်ဝတ်စုံကို ဝတ်ထားသော်လည်း လူများသည် သူ့ကို လူအုပ်ကြီးထဲမှ တစ်ချက်ကြည့်ရုံဖြင့် ရွေးထုတ်နိုင်သေးသည်။
ဆူညံနေသော ကော်ဖီဆိုင်ထဲတွင် ရုတ်တရက် တိတ်ဆိတ်သွားကာ မိန်းကလေးများစွာ၏ ရင်ခုန်သံများနှင့်တိုးတိုးတိတ်တိတ် အော်ဟစ်သံများ ထွက်ပေါ်လာသည်။
"အရမ်းချောတာပဲ!"
"လူသစ်လား?"
"ဘယ်လိုတောင် စွဲမက်စရာကောင်းရတာပါလိမ့်?"
"ဘယ်အတန်းကလဲ?"
"ဒရာမာဌာနကပဲ ဖြစ်ရမယ်။ ဟုတ်တယ် မလား?"
"ငါသိတယ်၊ သူ့နာမည်က ထောင်မု။ 2008ဒရာမာဌာနကလေ ပေကျင်း မြို့ခံဖြစ်ပြီး သူက အဆောင် 301 မှာနေတာရယ်။ သူကျောင်းကို သတင်းလာပို့တုန်းက ငါ အနီးနားလိုက်ပြခဲ့‌သေးတယ်"
"ငါလည်း သူ့ကို ဝိုင်းပြခဲ့တယ်!"
"ငါလည်း သူ့ကို ဝိုင်းပြပြီး ခရီးဆောင်အိတ် ကူပေးခဲ့တယ်!"
"ငါက သူ့ကို ကျူရှင်ရုံးကို ခေါ်သွားခဲ့တာ!"
သူဘယ်လောက်ချောကြောင်း ပြောပြနေသည့် မိန်းကလေးများ၏အမူအရာများကို မကြိုက်သော တခြားယောကျာ်လေးများလည်း ရှိပါသည်။
"ဒါက ချဲ့ကားလွန်းတယ်မဟုတ်လား?"
"ချဲ့ကားတာမဟုတ်ပါဘူး၊ မာနကြီးတာပဲ"
"ဘာကိစ္စရှိတာကျလို့လဲ? သူ့မှာ ချောမောတဲ့မျက်နှာပဲရှိတာပါ"
"မှန်တယ်။ ငါသာ မသိခဲ့ရင် နာမည်ကြီးစတားတစ်ယောက် လာလည်နေသလိုပဲ!"
"စူပါစတားတစ်ယောက်ရောက်ခဲ့ရင်တောင် ဒီလိုဖြစ်မှာမဟုတ်ပါဘူး။ ဒါက ပေကျင်းရုပ်ရှင်ကပဲကို"
ဝမ်ပေါင်နှင့် အခြားသူများသည် ထောင်မု အနားတွင်ရပ်ကာ ပြုံးလျက်ပြောသည် "မုအာ၊ မင်းကလူရမ်းကားတွေကို နှိုးဆော်လိုက်ပုံရတယ်။ ဒီနေ့ပြီးရင် မင်း ပေကျင်းရုပ်ရှင်ထဲက ယောက်ျားလေးတွေအားလုံးရဲ့ ဘုံရန်သူ ဖြစ်လာမယ်ဆိုတာ ငါအာမခံနိုင်တယ်!"
"မဟုတ်ပါဘူး" ထောင်မုသည် ယုံကြည်မှုအပြည့်နှင့် ပြုံးလိုက်ပြီး "မင်းငါ့ရဲ့aceကို မေ့သွားပြီလား? အားလုံးက ငါ့ကိုကြိုက်ကြလိမ့်မယ်"
aceက ဘယ်လိုအမျိုးအစားလဲ? အခန်းဖော်သုံးယောက်သည် ထိုသို့ကြားသောအခါ အံ့အားသင့်သွားပြီး "မင်းရဲ့ဝက်ဘ်ဆိုဒ်ကို ပြောတာလား?"
"ပေကျင်းရုပ်ရှင်က ကျောင်းသား ရာပေါင်းများစွာရဲ့ ရန်လိုမှုကို ရှောင်လွှဲဖို့ ဝဘ်ဆိုဒ်တစ်ခုတည်းပဲ သုံးမှာပေါ့ ဟုတ်လား? မင်းတကယ်ကြီးလား?"
ထောင်မုသည် ပြုံးပြသော်လည်း တိတ်ဆိတ်နေ၏။ အော်ဒါတင်ရန် အော်ဒါအပေါက်ဆီသို့လျှောက်သွားကြသည်။
ထောင်မုသည် ဤရက်များတွင် မကြာခဏ အိပ်ယာနောက်ကျမှထလေ့ရှိသောကြောင့် ထမင်းတစ်ပန်းကန်နှင့် သကြားနီပါသော ဂျုံယာဂု၊ ပဲနီပေါင်မုန့်တစ်ဗူး၊ ဝက်သားရေဂျယ်လီတစ်ဗူးနှင့် ဒိန်ချဉ်တစ်ပုလင်းကို ပေကျင်းရုပ်ရှင် ကန်တင်းမှ မှာယူခဲ့သည်။
အခန်းဖော်သုံးယောက်သည် ထောင်မု၏မနက်စာရွေးချယ်မှုကို မမေးပဲ မနေနိုင်တော့ပေ "မင်း ဘာလို့ဒါတွေကိုပဲ ရွေးနေရတာလဲ? အားလုံးက အချိုတွေချည်းပဲ မဟုတ်လား?"
ဟုတ်တယ်! အတိအကျပဲ!
ယောက်ျားလေးများသည် နားစွင့်ကာ နားထောင်နေကြပြီး စိတ်ထဲတွင် တိတ်တဆိတ် ရယ်မောနေကြသည်။ သူသည် မိန်းကလေးဆန်စွာ ချောမောသည့်အပြင် မိန်းကလေးတစ်ယောက်လိုပင်စား‌နေပါသည်။
ကောင်မလေးများသည် မျက်လုံးများ ပြူးသွားကြပြီး စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေကြသည်-
"ချစ်ဖို့ကောင်းလိုက်တာ~"
"အချိုကြိုက်တဲ့ကောင်လေး~~"
"ချောမောပြီး အချိုစားရတာကြိုက်တဲ့ကောင်လေး~~~"
"မုမုက ပဲနီပေါင်မုန့်ကို စားရတာ ကြိုက်တယ်။ ငါ သူ့ကို ပဲနီပေါင်မုန့် ပေးချင်တယ်~"
ပေါင် 200 ရှိသော ကောင်လေးသည် ကော်ဖီဆိုင်၏ထောင့်တွင် ထိုင်လိုက်ပြီး သူ့ရှေ့ရှိ အနီရောင် ဂျုံယာဂု၊ ဂျုံပေါင်မုန့်နှင့် ဒိန်ချဉ်ကိုငုံ့ကြည့်လိုက်သည်။ အခုလေးတင် သူအော်ဒါသွားတင်သည့်အချိန်တွင် စီနီယာအစ်မတစ်စု၏ တီးတိုးပြောသံကို သူသတိရသွားသည် "ဝိုး အရမ်းဝတာပဲ!"
"ပေကျင်းရုပ်ရှင်မှာ တကယ်ကို ဝတဲ့ ကျောင်းသားတစ်ယောက်ရှိတာပဲ။"
"ဝနေတာကို အချိုတွေ အများကြီးစားနေတုန်းပဲ....."
"အဓိကကတော့ သူက အချိုအရမ်းကြိုက်တဲ့ ကောင်လေးပဲ၊ သူက ငါ့အကြိုက်ဆုံးဖြစ်တဲ့ နောက်ဆုံးမုန့်ညက်ကို ယူသွားခဲ့တာ။ အရမ်းပဲမုန်းစရာကောင်းလိုက်တာ....."
ဤသည်မှာ ကြီးမားသော အဆင့်နှစ်ဆင့်ရှိသည့်စံနှုန်းတစ်ခုဖြစ်သည်။
ပေါင် ၂၀၀ ရှိသောကောင်လေးသည် ဝမ်းနည်းစွာဖြင့် ရှိုက်ကာ နာကျင်သော အမူအရာဖြင့် ခေါင်းကိုငုံ့ကာ သူ့ဗန်းထဲမှ မုန့်ချိုများကို စားနေခဲ့သည်။
6:40 တွင် ကျောင်းသားများ အားလုံး အားကစားကွင်း၌ စုရုံးကြသည်။ ထောင်မုသည် တုခမ်း လမ်းလျှောက်နေသည့်ပုံမှာ ဟာသဖြစ်နေသည်ကို သတိထားမိသွားသည် "ဘာဖြစ်နေတာလဲ?"
"ငါ့ဖိနပ်က နည်းနည်းကြီးနေတယ်။" တုခမ်းသည် ထိုင်ချလိုက်ပြီး "အထဲမှာ အခံပြားတွေ ထည့်ထားတာမဟုတ်လား? ဒါကြောင့်မို့ အရွယ်အစား ပိုကြီးတဲ့ဘွတ်ဖိနပ်ကို ရွေးလာတာ ဒါပေမယ့် အခုကျ နည်းနည်း ချောင်သွားတယ်။"
ဟင်.. သူ ဒီပစ္စည်းကို သူ့ဖိနပ်ထဲမှာ ထည့်ထားတာလား? ထောင်မုသည် တုခမ်းကို မယုံကြည်နိုင်စွာ ကြည့်နေသည်။ ဒီကလေးက အိုင်ဒေါလ်တစ်ယောက်ရဲ့ပုံစံကို လုံးဝ မလိုချင်ဘူးပဲ "ဒါဆို မင်းဘာဆက်လုပ်မှာလဲ? ဖိနပ်သွားလဲကြမလား?"
"မလိုပါဘူး။" တုခမ်းသည် သူ့လက်ကို ဝှေ့ယမ်းပြီး "ငါ့ဖိနပ်ကြိုးတွေကိုတင်းတင်းချည်ထားလိုက်ရင် ရပါပြီ။ ပြီးတော့ အချိန်ကနီးနေပြီ ဘယ်သူနဲ့ ဖိနပ်လဲရမလဲ? နေ့လည်စာစားပြီးမှပဲ သွားလဲတော့မယ်"
အဓိကအချက်မှာ စစ်လေ့ကျင့်ရေးယူနီဖောင်းများ ထုတ်ပေးရန် တာဝန်ရှိသော ၎င်းတို့၏ကျောင်းရှိ ဆရာ့ထံ အသိပေးရမည်ဖြစ်သည်။ တုခမ်းသည် ထိုသို့ လုပ်ရန် ဆန္ဒမရှိသလို သွားလဲဖို့လည်း ပျင်းလွန်းလှသည်။ထို့ကြောင့် မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သည်။
တပ်မတော်လေ့ကျင့်ရေး ပထမနေ့နံနက်ခင်းတွင် အဖွဲ့အားလုံးသည် တစ်နာရီခန့် မတ်တပ်ရပ်ပြီး ချီတက်ခြင်းခြေလှမ်းများကို လေ့ကျင့်နေကြသည့်အချိန်ဖြစ်သည်။
အားကစားကွင်းတွင် အဖွဲ့တစ်ဖွဲ့၏ နည်းပြဆရာသည် အချက်ပြသံကိုကြွေးကြော်နေပြီး ကျောင်းသားများအားလုံး ညာဘက်ခြေထောက်များကို တစ်ခဲနက် ကန်ထုတ်လိုက်ရာ ၄၅ ဆိုဒ် အနက်ရောင် စစ်ဖိနပ်တစ်ရံသည် လေထဲတွင် လွှင့်ပျံနေပြီး နောက်ဆုံးတွင် အလယ်ဗဟိုသို့တိုက်ရိုက်ဆင်းသက်သွားသည်ကို လူတိုင်းတွေ့လိုက်ရသည်။ တစ်ချိန်တည်းမှာပင် ပန်းရောင်နတ်သမီးလေးသည်ဖိနပ်မှ လွင့်ထွက်ကာ လေထဲတွင် ပျံဝဲ၍ နောက်ဆုံးတွင် ဖိနပ်၏ ဆန့်ကျင်ဘက်သို့ နှစ်မီတာတွင် ဆင်းသက်လာသည်။
အားကစားကွင်းတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားသည်။ ထို့နောက် ဆူနာမီလှိုင်းလုံးကြီးကဲ့သို့ အားရပါးရ ရယ်မောနေခဲ့ကြသည်။ အားကစားကွင်းတစ်ဝိုက်ရှိ ငှက်ကလေးများပင် လေထဲသို့ ပျံတက်သွားသည်။
သူတို့အဖွဲ့၏ နည်းပြဆရာသည် အပြုံးမပျက်ပဲ "ဒါဘယ်သူ့ဖိနပ်လဲ၊ မြန်မြန်ပြန်ဝတ်ချည်"
တုခမ်းသည် ကန်ချက်အနေအထားနှင့်ပင် ကြောင်အနေပြီး မျက်လုံးများကိုမှိတ်၍ မျက်နှာကို ကောင်းကင်ပေါ်သို့မော့ထားလိုက်သည်။ ဖိနပ်သည် သူ့ဟာဖြစ်ကြောင်း ဝန်ခံရန် ငြင်းဆန်ခဲ့သည်။
သို့သော် ခြေဗလာဖြစ်နေသော သူ့ခြေထောက်တစ်ဖက်သည် သူ့ကို လုံးဝသစ္စာဖောက်သွားခဲ့သည်။
တုခမ်း ဘေးတွင်ရပ်နေသော အတန်းဖော်သည် အားရပါးရ ရယ်မောလိုက်သည်။ တုခမ်း ပြောတာကို မစောင့်ဘဲ သူသည် "ဆရာကို သတင်းပို့ပါတယ်၊ ဖိနပ်က တုခမ်း ဟာပါ!"
ဗိုက်ထဲတွင် ရေဆိုးများပြည့်နေ၍ အနံ့အသက်ဆိုးရွားသည် ကောင်လေးတစ်ယောက်ရှိသည်- "လွင့်ထွက်သွားတဲ့ လစဉ်သုံးပစ္စည်းတွေကလည်း တုခမ်း ဟာတွေပါပဲ!"
ကောင်မလေးများ အကုန်လုံးသည် “ဘယ်သူလဲ” ဟု အလန့်တကြား မေးကြသည်။
"သူတို့ ဖိနပ်ထဲမှာ ဒီလိုမျိုး ပစ္စည်းတွေထည့်ထားတာပေါ့။ ဒီကောင်လေးတွေက ရွံစရာကောင်းလိုက်တာ"
"လစဉ်သုံးပစ္စည်း ထည့်ထားတဲ့ကောင်လေးကို တုခမ်း လို့ခေါ်တာလား? သူက ဘယ်အတန်းကလဲ?"
"ဘယ်လိုတောင် ပြောရက်ရတာလဲ!"
ထို့ကြောင့် စစ်ရေးလေ့ကျင့်မှု ပထမနေ့တွင် "တတ်နိုင်သမျှ စောစီးစွာ ကျော်ကြားခြင်း" အကြောင်းကို တွေးတောနေသော အတန်းဖော်တုခမ်းသည် ပေကျင်းရုပ်ရှင်တစ်ခွင်လုံးတွင် မထင်မှတ်ဘဲ ကျော်ကြားလာခဲ့သည်။
ဒီအဖြစ်အပျက်ကြောင့် ယောက်ျားလေးများနှင့်မိန်းကလေးများသည် တုခမ်းကို သူ့ရဲ့သရုပ်ဆောင်ဘဝတစ်လျှောက်လုံး သူ့နောက်လိုက်မည့်- လစဉ်သုံးကောင်လေး သို့မဟုတ် နတ်သမီးတောင်ပံဟု နာမည်ပြောင်ပေးခဲ့ပါသည်။
တုခမ်းသည် သူ၏ မေးစေ့ကို နိမ့်နိုင်သမျှ နိမ့်သည်အထိ ငုံ့နေခဲ့ပြီး ပြင်းထန်သော ရင်ဘတ်ကြွက်သားများသည် မြှုပ်လုနီးပါးဖြစ်ကာ ရှက်ကိုးရှက်ကန်းဖြင့် သေချင်နေသည်။
အခြား 301 သုံးယောက်သည်လည်း ခေါင်းငုံ့ထားကြသည်။ တုခမ်း သည် ပေကျင်းရုပ်ရှင်တွင် ၎င်း၏ပထမဆုံး ပွဲဦးထွက်ကို ဤနည်းဖြင့် ပြုလုပ်ခြင်းဖြင့် ကျန် အဆောင်301တစ်ဖွဲ့လုံးသည် တုခမ်းနှင့်အတူ သေချာပေါက် နာမည်ကြီးလာတော့မည်ပင်။
သို့သော်လည်း ဤသို့ ကျော်ကြားမှုများကို "ကြက်နှင့်ခွေး" သုံးကောင်သည် အလွန်ပျော်ရွှင်နေမည်မဟုတ်ပေ_(:3)) (TN- 'ကြက်နှင့်ခွေးများတက်သည်' ဟူသည့်အသုံးအနှုန်းမှာ အခြားသူ၏ အောင်မြင်မှုကိုစီးခြင်းဟု ရည်ညွှန်းသည်။
***

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now