မရည်ရွယ်သော အပြုအမူနှင့် အမှန်တရားထွက်ပေါ်လာခြင်း

1.4K 178 2
                                    

[Unicode]
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး
အပိုင်း ၀၄၅ ။ မရည်ရွယ်သော အပြုအမူနှင့် အမှန်တရားထွက်ပေါ်လာခြင်း

ထောင်မု၏ ပူပေါင်းရေးအစီအစဉ်သည် ဒါရိုက်တာရုန်၏ ရုပ်ရှင်ကားအသစ် "Gun King" နှင့် သူ၏ FlyNews ဝက်ဆိုက်အကြား ပူပေါင်းမည့်အစီအစဉ်ကို ရည်ညွှန်းခြင်းဖြစ်သည် ၊

FlyNews က လူထုအမြင်မှာ လုံးလုံးလျားလျား အသစ်အဆန်းဖြစ်နေသေးသော်လည်း အွန်လိုင်းတွင် စတင်ခဲ့သည့်အလျောက် ပေကျင်း၊ ရှန်ဟိုင်း၊ ရှန်ကျန်းနှင့် တရုတ်နိုင်ငံ၏ ပထမ၊ ဒုတိယအဆင့်မြို့များရှိ ကောလိပ်ကျောင်းသားများအကြား ပြီးခဲ့သည့်လဝက်အတွင်း အလျင်အမြန် ပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။

တကယ်တော့ ထောင်မုသည် ဒါရိုက်တာရုန်ကို မသိ ၊ မတိုင်ခင်ကဘဝတွင်လည်း သူနှင့်ပူပေါင်းဖို့ အခွင့်အရေး မရှိခဲ့သည်လေ။ သည်အတွက် ယခုအခေါက် ဒါရိုက်တာရုန်ကို ရှာရသည်က မကောင်းသည့်ခံစားချက်များဖွင့်ထုတ်လိုက်ရာမှာ ကုန်းရီရှင်ကို ကူညီဖို့ရန်သာဖြစ်သည်... ကုန်းရီရှင်၏ ဝိုင်ယာမတော်တဆမှုက ရှုန်းကျန်းကြောင့် ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ၊ ယွီမိန်က ရှုန်းကျန်းနှင့်အတူ သူ့အပေါ် သစ္စာဖောက်ခဲ့သည်က မငြင်းနိုင်သည့် အမှန်တရားတစ်ခုပေ။

ထောင်မုသည် သူ့အစ်ကို၏ မိန်းကလေးကို ယူသွားရုံသာမက သူ့အစ်ကို၏ နေရာကို ဝင်ယူပြီး ဂုဏ်သတင်းနှင့် ကျော်ကြားမှုကိုပါ ယူမည့် ဤလူအား မမြင်ချင်လှပေ။ ပြီးခဲ့သည့်ဘဝတွင် ရှုန်းကျန်းက "Gun King" မှ ကုန်းရီရှင်၏ ဒုတိယဇာတ်လိုက်နေရာကို ယူခဲ့ပြီး ဘယ်လို အောင်မြင်မှုလှိုင်းလုံးကိုမှ မရခဲ့ပေ။ သို့ပေမဲ့လည်း သည်နည်းအတိုင်း တွက်ချက်လို့မဖြစ်။

ထို့ကြောင့် ထောင်မုက ညတွင်းချင်း အစီအစဉ်ကြမ်းတစ်ခုရေးဆွဲပြီး H မြို့တော်ရှိ ဒါရိုက်တာရုန် ငှားထားသည့် ဟိုတယ်အခန်းဆီသို့ တိုက်ရိုက် သွားရောက်လိုက်သည်။ ဖိအားပေးသည့်ပုံစံဖြစ်သော်လည်း ယဉ်ကျေးသည့်အပြုအမူဖြင့် ဒါရိုက်တာရုန် နှင့် အသေးစိတ် စိစစ်ဆွေးနွေးခဲ့သည်။ အကယ်၍များ "Gun King" မှ ယခင်ဒုတိယအမျိုးသားဇာတ်လိုက်၏ မိန်းကလေးနှင့် ပတ်သက်ခဲ့ပြီး ယခင်သရုပ်ဆောင်ကို ဒုတိယဇာတ်လိုက်နေရာမှ ဖယ်ထုတ်ဖို့အတွက် ဝိုင်ယာအက်ဒီးဒင့်ကို တမင်သက်သက်ဖန်တီးခဲ့ရာ၌လည်း တာဝန်ရှိသည့်သူဖြစ်နိုင်ချေရှိနေသော ရှုန်းကျန်းကိုသာ အသုံးပြုခဲ့မည်ဆိုလျှင် အဖွဲ့ရဲ့ နာမည်ဂုဏ်သတင်းကို ဘယ်လို စွန့်စားရာကျမည့်ပြဿနာတွေ သယ်ဆောင်လာမလဲ?

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now