အပိုင်း ၀၆၀ ။ စေတနာကောင်းဖော်ပြခြင်းနှင့် မွေးစားခြင်း

877 123 2
                                    

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးအပိုင်း၀၆၀ ။ စေတနာကောင်းဖော်ပြခြင်းနှင့် မွေးစားခြင်း

ရဲတွေ ရောက်လာသည်က အတော့်ကိုမြန်သည်။ FlyNews အင်တာတိန်းမန့်၏ သတင်းထောက်များကလည်း သူတို့၏ ကင်မရာများကို အပြေးသွားသယ်ကာ ဆက်ပြဿနာရှာနေရင် အကုန်ဖော်ထုတ်ပစ်မယ်ဟု ပြောနေသယောင်ပင်။ လူတွေအများကြီးရှေ့ အမေရှန်းနှင့် ယောင်ဝမ်ရှောင်းက အခြေအနေကို ပိုအရုပ်ဆိုးအကျည်းမတန်စေချင်သည်ကြောင့် မကျေမချမ်းဖြစ်နေသော ရှန်းယန်နှင့် စိတ်ထိခိုက်နေကာ ဆိုးဆိုးရွားရွား မတရားခံထားရသလို ပုံပေါ်နေသည့် ရှန်းယွီကို ထွက်ခွာဖို့ အတင်းဆွဲခေါ်တော့သည်။

FlyNews ရဲ့ ဝန်ထမ်းများအုပ်စုက ထောင်မုကို ဝိုင်းလိုက်ကြသည် "မစ္စတာထောင်၊ အဆင်ပြေရဲ့လားခင်ဗျ?"

"မစ္စတာထောင်၊ ရှင်အဆင်ပြေလား?"

"မစ္စတာထောင်၊ ရှင်နောက်တစ်ခါ ဒီလိုလူမျိုးနဲ့ တွေ့ရင် ရဲကိုပဲ တိုက်ရိုက်အကြောင်းကြားလိုက်သင့်တယ် ၊ ကျွန်မတို့လို သာမန်လူတွေမှာ သူတို့နဲ့ဆက်ဆံဖို့ နည်းမရှိဘူး ၊ ကျွန်မတို့အခွင့်မသာဘဲနေမယ်"

လုံခြုံရေးဌာနမှ ရဲဘော်ကြီးများကလည်း အားမလိုအားမရဖြစ်နေကြသည် "နောက်တစ်ခေါက် သူတို့လာပြီး ပြဿနာရှာရဲရင် ငါတို့ဒီတိုင်း ကန်ထုတ်လိုက်လို့ရမလား? သူတို့က ခွင့်ပြုချက်မရှိဘဲနဲ့ သီးသန့်နယ်မြေကို ပိုင်နက်ကျူးလွန်တာလေ ဟုတ်တယ်မလား? ငါတို့ပိုင်နက်ထဲ ပြဿနာရှာရဲတာ အရမ်းအထက်စီးဆန်လွန်းတယ်!"

သူတို့သည် ထောင်မုက ဘာကြောင့် ထပ်ပြီး မလုပ်ဖို့အမိန့်ပေးရသည်လဲအား တကယ် နားမလည်နိုင်ဖြစ်မိကြသည်။ 'Night' မှာသာဆိုလျှင် သေချာပေါက် ဘယ်သူမှ သည်လောက် အထက်စီးဆန်ရဲမည်မဟုတ်။

ထောင်မုက နွမ်းနယ်စွာဖြင့် နားထင်ကိုပွတ်လိုက်သည် "အားလုံးကို ကျေးဇူးတင်ပါတယ်ဗျ။ ကျွန်တော် အဆင်ပြေပါတယ်။ အားလုံး အလုပ်ပြန်လုပ်နိုင်ပါပြီ"

နိုင်ငံအဆင့်ကျောင်းအလှလေးနှင့်ကျောင်းလူချော ရွေးချယ်ပွဲကို အနီးကပ် စောင့်ကြည့်နေသည့် ယွင်ယိကလည်း သည်အကြောင်းကြားပြီးနောက် တစ်ဖက်ခြမ်းမှာရှိသည့် ရိုက်ကွင်းနေရာကနေ ကူးလာခဲ့သည် "မင်းဘယ်လိုနေလဲ၊ အဆင်ပြေလား?"

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now