IQ နိမ့်ကျစေသည့်ရောင်ဝါအပေါ် .....

1.2K 134 2
                                    

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးအပိုင်း ၀၅၃ ။ IQနိမ့်ကျစေသည့်ရောင်ဝါအပေါ် အမျိုးစုံသော မှန်းဆချက်များနှင့်စမ်းသပ်လေ့လာချက်များ

"မင်း ငါ့ကို FlyNews ကစီစဉ်တဲ့ နိုင်ငံအဆင့် ကျောင်းအလှလေးနှင့်ကျောင်းလူချော လှုပ်ရှားမှုတွေကို ကူညီစေချင်တာလား?" ယွင်ရိက တအံ့တဩမေးသည်။

ထောင်မုက အမှတ် ၁ ပေကျင်းပြည်သူ့ဆေးရုံ၏ မျက်နှာချင်းဆိုင်ရှိ သီးသန့် စားသောက်ဆိုင်မှာ လုပ်ငန်းကိစ္စဆွေးနွေးဖို့ရာအတွက် ပိတ်ရက်၌ ယွင်ရိကို အထူးတလည်ခေါ်လိုက်သည်။

"ဟုတ်" ထောင်မုက ခေါင်းညိတ်ကာ အလေးအနက်ပြောလာသည် "အစ်ကို ဆေးပညာ ဖိုရမ်တစ်ခု ထောင်ချင်တယ်လို့ပြောတယ်မလား။ ဖိုရမ် စပြီဆိုတာနဲ့ အစ်ကို ဖိုရမ်ကို ဘယ်လိုစီမံရမလဲနဲ့ ဒီဖိုရမ်ကို ဘယ်လိုကြော်ငြာရမလဲကိုလည်း သင်ယူရမှာပဲ။ အစ်ကို ဒါကို လေ့ကျင့်ဖို့ အခွင့်အရေးယူပြီး FlyNews နဲ့လည်း ရင်းနှီးလာတာပေါ့။ ဝက်ဆိုက်အလုပ်လုပ်ပုံနဲ့ အသားကျသွားပြီဆို အစ်ကို့ရဲ့ ဆေးပညာဖိုရမ်ကို သေချာပေါက် အလွယ်လေးစီမံနိုင်သွားမှာ"

ကြားရတာတော့ အတော်လေး ကျိုးကြောင်းဆီလျော်ပုံပဲ။

သို့ပေမဲ့ ယွင်ရိ၏ IQ က ဇာတ်လမ်းရဲ့ IQ နိမ့်သည့် ရောင်ဝါဆီက သက်ရောက်ခြင်းမခံရဘဲ အွန်လိုင်းတက်နေတုန်းသာဖြစ်သည်"အစ်ကိုဖန်တီးချင်တာက ဆေးပညာဖိုရမ် ၊ မင်းအစ်ကို့ကို စီမံစေချင်တာက ဖျော်ဖြေရေး ဝက်ဆိုက်.. နှစ်ခုက မတူဘူးမလား?"

"ဘာလို့ မတူရမှာလဲ? အစ်ကို ဒီဆိုရိုးမကြားဖူးဘူးလား အဓိကအချက်ကို နားလည်အောင်လုပ်.. ကျန်တာ သူ့ဟာသူ့ပါလာလိမ့်မယ်လို့လေ!" သရုပ်ဆောင်ခြင်း၏ အနှစ်သာရဆိုသည်က အမှန်ပြောနေသည်ဖြစ်စေ မပြောနေသည်ဖြစ်စေ ဖျော်ဖြေမှုကတော့ သဘာဝကျနေရမည်ဖြစ်သည်။

ထောင်မုသည် အနည်းဆုံးတော့ ရုပ်ရှင်ဧကရာဇ်တစ်ပါးဖြစ်ခဲ့ဖူးသည့်သူမို့ ဒါက သူ့အတွက် ပြဿနာမဟုတ်ပေ "အင်တာနက်လုပ်ငန်းက အခြားလုပ်ငန်းတွေနဲ့မတူဘူး။ အစ်ကို့ ပလက်ဖောင်းက ဘယ်လို အကြောင်းအရာမျိုးကို တင်ဆက်ချင်ပါစေ ဝက်ဆိုက်တစ်ခုရဲ့ အခြေခံဖွဲ့စည်းပုံက အကုန်တူတူပဲ။ ကြော်ငြာတက္ကနစ်တွေနဲ့ ကိုယ့်ထုတ်ကုန်ကိုယ် လည်ပတ်ရတာကလည်း အခြေခံအားဖြင့် ဆင်တူကြတယ်။ ဖျော်ဖြေရေးဝက်ဆိုက်ပဲဖြစ်ဖြစ် ဆေးပညာဖိုရမ် ပဲဖြစ်ဖြစ် ပြောရရင်တော့ ဆိုရှယ်ပလက်ဖောင်းတစ်ခုပဲ။

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now