ကြိုဆိုညစာ

1.2K 183 5
                                    

[Unicode]
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး
အပိုင်း ၀၃၈ ။ ကြိုဆိုညစာ

သူ၏အရင်ဘဝတွင် သူသည် ရှန်းမိသားစုဆီသို့ ပြန်လာခဲ့ပြီးနောက် မျှော်လင့်ထားသလို ဖြစ်မလာသောကြောင့် ရှန်းယွီအပေါ် ပြင်းထန်သောရန်ငြိုးရှိခဲ့ကြောင်း ထောင်မု သတိရမိသည်။ သို့သော်လည်း ရှန်းမိသားစုမှ လူတိုင်းသည် ရှန်းယွီနှင့်ပတ်သက်သည့် ကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာတွင် ဦးနှောက်ကို အသုံးမပြုရန် ရွေးချယ်ခဲ့ကြပြီး ရှန်းယွီမှ မည်မျှပင် မတော်တရားပြုမူနေပါစေ ထောင်မုကိုသာ အပြစ်ပေးခဲ့သည်။ ရှန်းမိသားစု၏သဘောထားသည် မည်သို့ပင် ဖြစ်စေကာမူ သူသည် ရှန်းမိသားစုမှ ရှန်းယွီကို မောင်းထုတ်ရန် အခိုင်အမာပြောကြားခဲ့သည်-- သူ၏ သဘောထားမှာ ပြင်းထန်ပြီး သူ၏ နည်းလမ်းများသည် လွန်စွာ ယုတ်မာလွန်းလှသည်။

ဥပမာအားဖြင့် သူသည် ရှန်းယွီတက်သည့်ကောလိပ်သို့ပြောင်းရွှေ့ခဲ့သည်ပြီး စာပေပညာသင်ယူသည့် ရှန်းယွီထက် သာလွန်ကြောင်း သက်သေပြရန် ဘဏ္ဍာရေးမေဂျာသို့ လျှောက်ထားခဲ့ပါသည်။ ရှန်းယွီ၏ သူငယ်ချင်းအသိုင်းအဝိုင်းထဲသို့ အတင်းအကျပ်ဝင်ရောကာ ရှန်းယွီ၏ သူငယ်ချင်းများကို ရှန်းယွီကို ပစ်မှတ်ထားရန် လှုံ့ဆော်ခဲ့သည်။ ရုပ်ရှင်ရိုက်ကူးနေစဉ်အတွင်း ရှန်းယွီကို တမင်တကာ ဖိနှိပ်ခဲ့သည်။ ရှန်းယွီ အချိန်ပိုင်းအလုပ်လုပ်သည့် ဆိုင်သို့သွား၍ ဗီလိန်ကဲ့သို့ ပြုမူခဲ့သေးသည်..... ယခုပြန်တွေးကြည့်သည့်အခါ ထောင်မု ကိုယ်တိုင်ပင် ထိုအပြုအမူများသည် ရယ်စရာကောင်းသလို ခံစားရသည်။

ဆိုလိုသည်မှာ ရှန်းယွီအတွက် ဒုက္ခဖြစ်စေရန် သူလုပ်ခဲ့သမျှသည် အခြေခံအားဖြင့် ထိုကဲ့သို့မရင့်ကျက်သော "နှလုံးသားကို အလွဲသုံးစားလုပ်ခြင်း" ဖြစ်ပြီး အဖြူရောင် ချိုမြိန်သောဇာတ်လမ်းများတွင်သာ ဖြစ်မြောက်နိုင်သောအရာများဖြစ်သည်။ သာမာန်ကမ္ဘာတွင် ဉာဏ်ရည်မမီသောသူများသာ ဤရူးမိုက်သည့်အရာများကို လုပ်ဆောင်နိုင်ဖွယ်ရှိသည်။

သို့သော် ထိုအချိန်တွင် ထောင်မု၏ ဦးနှောက်မဲ့သော လုပ်ရပ်ကြောင့် ရှန်းယွီကို မကြိုက်သော သို့မဟုတ် ရှန်းယွီနှင့် ပတ်သက်၍ ခံစားချက်မရှိသော သူများသည် ရှန်းယွီ၏ ဆွဲဆောင်မှုကို တဖြည်းဖြည်း ခံခဲ့ရသည်။ ဤလူငယ်သည် သန့်စင်ပြီး တခြားကမ္ဘာလောကမှ ပြောင်းရွှေ့လာပြီး ဖျော်ဖြေရေးနယ်ပယ်ရှိ ပေါပေါပဲပဲများနှင့် လုံးဝကွဲပြားနေတော့သည်။ သူ့တွင် သန့်စင်သော နှလုံးသားရှိသည်။ သူသည် နူးညံ့သိမ်မွေ့သောအသွင်အပြင်ရှိပြီး ကြင်နာတတ်သော စိတ်ထားရှိသည့်နတ်သားလေးတစ်ပါးဖြစ်သည်။

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now