သစ္စာရှိ ပရိသတ်များနှင့် တရားစွဲခြင်း

892 135 1
                                    

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးအပိုင်း၀၅၈ ။ သစ္စာရှိ ပရိသတ်များနှင့် တရားစွဲခြင်း

များပြားလှသော အင်တာနက်အသုံးပြုသူများ၏ မျက်လုံးထဲ ထောင်မု စတင်ပေါ်လာခဲ့သည့်အချိန်မှစ သူက အမြဲတစေ လူထုအား ကောင်းမွန်သည့်အမြင်ကောင်းသာ ချန်ရစ်ခဲ့မြဲပင်.... ကြည့်ကောင်းချောမောကာ အရည်အချင်းရှိ ဖော်ရွေပြီး ငယ်ငယ်ရွယ်ရွယ်နှင့် အလားအလာရှိသည်ဟူ၍။

ယခုတော့ ရုတ်တရက် ဒါဇင်ထက်ပိုသော မီဒီယာများ အားလုံးအတူတူ ထုတ်ပြန်လာသည်က ထောင်မုသည် MB တစ်ယောက်ဖြစ်ခဲ့ဖူးသည်ဟူ၍ဖြစ်သည်။ အင်တာနက်အသုံးပြုသူ အများစု၏ ပထမဆုံးတုံ့ပြန်မှုကတော့ မယုံကြည်နိုင်ဖြစ်ကြခြင်းပင်။ အထူးသဖြင့် ထောင်မုကို သူတို့၏ စံရည်းစားကောင်လေးအဖြစ် စိတ်ကူးယဉ်ထားကြသည့် အမျိုးသမီးပရိသတ်များဖြစ်သည်။ အတင်းအဖျင်းမီဒီယာကို မယုံကြည်ကြဘဲ သူတို့က ရက်စက်ကြမ်းကြုတ်လှသည့် သဘောထားနှင့် အင်တာနက်ပေါ် ပြင်းပြင်းထန်ထန်ကို ချေပကြသည်။

"အို ကျေးဇူးပြုပြီးနော်၊ ငါတို့ မုမုက ဒီနှစ်မှ ၁၈နှစ်ပဲရှိသေးတာ။ သူ့မွေးနေ့က ဇူလိုင်၇ရက်ဆိုပြီး ငါရှာတွေ့ခဲ့တယ် ပြီးတော့ သူတရားဝင်အရွယ်ရောက်တာမှ သုံးလပဲရှိသေး။ ငါတို့ မုမုကို nightclub MB လို့ပြောတာက တကယ်ဟာသပဲ။ ဘယ် nightclub ကများ ကလေးအလုပ်သမားကို MB အနေနဲ့ သုံးမှာလဲ? ဥပဒေက စာရွက်တစ်ရွက်လေးလို့ပဲ တကယ်ထင်နေကြတာလား မိတ်ဆွေတို့?"

"ငါတို့ မုမုက ၁၈နဲ့တင် FlyNews ကို ဖန်တီးနိုင်တယ်။ ဒီလိုပင်ကိုစွမ်းရည်မျိုးနဲ့ ဘာလို့ MB ဖြစ်ရမှာလဲ။ သူက အဲ့ MB ရဲ့ ထောက်ပံ့သူဆိုတာကမှ ယုံစရာပိုကောင်းသေးတယ်"

"အပေါ်က တစ်ယောက်၊ ငါတို့ မုမုရဲ့ ရုပ်ရည်အသွင်အပြင်နဲ့ဆို သူစိတ်ဝင်စားတဲ့သူရဲ့ အာရုံစိုက်ခံရဖို့ ငွေပေးစရာတောင် လိုသေးလို့လား? သူလုပ်ဖို့လိုတာက သူ့ပါးစပ်လေးဖွင့်လိုက်ရုံ အဲ့ကျ တွက်လို့တောင်မနိုင်မယ့် မိန်းကလေးတွေ ပြုံတိုးလာလိမ့်မယ် ဟုတ်ပြီလား?"

"ထောက်ခံကြောင်း၊ ငါတို့ မုမုက အဲ့လိုအလုပ်မျိုးလုပ်တယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး!"

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now