လူရွေးပွဲ (၁)

2.2K 339 2
                                    

[Unicode]
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးအပိုင်း ၀၁၆ ။ လူရွေးပွဲ(၁)

"သူရဲကောင်းတို့၏ဒဏ္ဍာရီ" ရုပ်ရှင်ရိုက်ကူးမည့်နေရာသည် H စတူဒီယိုမြို့ရှိ ချင်းမင်ရှန်းဟယ်တု၏ ရှုခင်းသာနေရာဖြစ်သည်။ ( TN Songdynasty ပန်းချီဆရာ Zhang Zeduan ၏ အမည်တူပန်းချီကို အခြေခံ၍ ရိုက်ကူးသည်။ Eng Translation မှာ ချင်းမင်ပွဲတော်ကာလအတွင်း မြစ်ကမ်းတစ်လျှောက်ဖြစ်သည်။) ကျောက်ခယ်ပင်းသည် ထောင်မုနှင့်အတူ ရိုက်ကူးရေးနေရာသို့ရောက်ရှိလာသောအခါ ဒါရိုက်တာ ကျောက်ရှင်းသည် ဒုတိယအမျိုးသမီးခေါင်းဆောင်နှင့် စကားပြောနေသည်။

ဒုတိယအမျိုးသမီးခေါင်းဆောင်သည် ရင်းနှီးမြုပ်နှံသူရှိသောသူပင်။ ကောလဟာလတွေအရ သူမသည် Louis Vuitton အိတ်တွေကို ရောင်းချခဲ့ဖူးပြီး သရုပ်ဆောင်အတွေ့အကြုံလည်းမရှိဘူးလို့ သိရသည်။ ကင်မရာရှေ့တွင်သူမ၏အမူအရာများသည် အလွန်ကြောက်စရာကောင်းနေသည်။ မည်သို့ပင်ဆိုစေ ကျောက်ရှင်း၏မျက်လုံးထဲတွင် ဤအမျိုးသမီး၏ ကြောက်စရာကောင်းသောမျက်နှာများကိုအခြေခံ၍ ထိတ်လန့်စရာရုပ်ရှင် သို့မဟုတ် သဘာ၀ဘေးအန္တရာယ် ရုပ်ရှင်များသည်သာ ပြောင်းလဲရိုက်ကူးခြင်းမှာ သူမအတွက်ပို၍သင့်တော်မည်ဟုထင်မိသည်။

သို့သော် သူ၏အိတ်ထဲသို့ ရင်းနှီးမြှုပ်နှံသူ သူဌေးမှ ယွမ် ၁၀ သန်းရှိသော ချက်လက်မှတ်ကို ပေးခဲ့သည့်အတွက် ကျောက်ရှင်းသည် နံပါတ် (၂) အမျိုးသမီး၏ သရုပ်ဆောင်စွမ်းရည်ကို မကျေမနပ်ဖြစ်နေသည့်တိုင် စိတ်ရှည်သည်းခံပြီး သူမကိုထပ်ခါထပ်ခါ သွန်သင်ပေးခဲ့ရသည်။

ကျောက်ခယ်ပင်းသည် ထောင်မုကို ကျောက်ရှင်းဆီသို့ ခေါ်ဆောင်လာသောအခါ ကျောက်ရှင်းသည် နံပါတ် (၂) အမျိုးသမီး၏ အဆင်မပြေ‌ပုံရသော အမူအရာကြောင့် အိမ်ခေါင်မိုးပေါ်လောက်မြင့်မားသည်အထိ သွေးတိုးလုနီးပါး ဖြစ်ခဲ့ရသည်။ ဘာဆိုဘာမှ ဖြစ်မလာနိုင်သော သူမသည် သူ့ LV အိတ်တွေပဲဘာ‌ကြောင့် ဆက်ရောင်းပြီးမနေနိုင်ရတာလဲ။ ဒါမှမဟုတ် ကျောက်မီးသွေးသူဌေးသည် သူမအတွက်စတိုးဆိုင်တစ်ဆိုင် ဝယ်ပေးပြီး မထားရတာလဲ ဘာလို့ သူမကဒီကိုလာပြီး ငါ့အတွက် ခက်ခဲအောင် လုပ်နေရတာလဲ?!

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now