တဟုန်ထိုးပေါက်ကွဲမှုနှင့် အမည်းစက်

782 120 0
                                    

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးအပိုင်း၀၅၇ ။ တဟုန်ထိုးပေါက်ကွဲမှုနှင့် အမည်းစက်

"ပြောင်းဝတ်! ပြောင်းဝတ်! ပြောင်းဝတ်!" ပြိုင်ပွဲဝင်အုပ်စုနှင့် နည်းပြ ၄ယောက်က လက်ခုပ်လက်ဝါးတီးကာ တောင်းဆိုကြလေသည်။ ကင်မရာအဖွဲ့သားကလည်း ကင်မရာလှည့်ပြီး ပိုက်ဆံတစ်ပြားတစ်ချပ်မကုန်သည့်အတိုင်း ထောင်မု မျက်နှာအား အနီးကပ်ရိုက်ကူးတော့သည်။

ထောင်မုသည် တုခမ်းထံ ဒေါသအနည်းငယ်ဖြစ်စွာကြည့်လိုက်သည် ၊ တုခမ်း က ဝမ်းသာအားရတခစ်ခစ်ရယ်ကာ ဝမ်ပေါ်နောက် ကျုံ့ကျုံ့လေးဝင်သွားပြီး အသေအချာပုန်းလေသည်.... သို့ပေမဲ့ သူ၏ ၁. ၉မီတာ အရပ်နှင့် ၁. ၇၅မီတာရှိသည့် ဝမ်ပေါ်နောက် ပုန်းနေပုံက ပုန်းနေသည်ဟု ပြော၍မရဘဲ ရှေ့တည့်တည့်ရပ်နေတာနှင့်ဘာမှမခြားပေ။

ပေကျင်းရုပ်ရှင်မှ ရွေးချယ်ထားသည့် ကျောင်းအလှလေးမှာ သရုပ်ဆောင်ဌာန ဂျူနီယာနှစ် အခန်း ၀၁မှ ရှုယင်းယင်း ဖြစ်သည်။ သူ့အနေနှင့် စစ်တပ်လေ့ကျင့်ရေးအတွင်းတုန်းက ထောင်မု၏ ဓာတ်ပုံရိုက်စွမ်းရည်ကို မှတ်မိနေဆဲဖြစ်သောကြောင့် သူက ပြုံးကာ အရွှန်းဖောက်ဟန်ပြောလာသည် "ငါ နင်တို့ကိုပြောရဦးမယ်။ ထောင်မုက ရုပ်ရည်ပဲကြည့်ကောင်းတာမဟုတ်ဘူး။ ဓာတ်ပုံပညာမှာရော မိတ်ကပ်ပညာမှာပါ အရမ်းတော်တယ်။

ငါတော့ သူသာ မိန်းကလေးအဝတ်အစားဝတ်လိုက်ရင် မိတ်ကပ်လိမ်းပေးဖို့ မိတ်ကပ်ဆရာတောင်လိုမှာမဟုတ်လောက်ဘူးထင်တယ်နော် အခက်အခဲမရှိဘဲနဲ့ သူ့ဟာသူပဲ လုံး၀ perfect ဖြစ်အောင် ပုံသွင်းနိုင်မှာ"

ခဏလောက် ရပ်လိုက်ပြီးနောက် ရှုယင်းယင်းက ရည်ရွယ်ချက်ရှိရှိ ထပ်ထည့်ပြောလိုက်သည် "ငါ ကိုယ်ရေးအကျဉ်းပြင်ဆင်တုန်းက art photo တွေ ရိုက်ပေးဖို့ ငါ ထောင်မုကို အကူအညီတောင်းခဲ့တာ။ တော်တော်လေး လှတာနော်။ နိုင်ငံအဆင့်ကျောင်းအလှလေးနဲ့ ကျောင်းလူချောပြိုင်ပွဲအတွက် အကြိုရွေးချယ်တုန်းက ပေကျင်းရုပ်ရှင် အခန်း ၀၈က မိန်းကလေးတွေအားလုံးသုံးခဲ့တဲ့ စစ်တပ်လေ့ကျင့်ရေးပုံတွေအကုန်လုံးကလည်း အကုန် ထောင်မု ကူရိုက်ပေးခဲ့တာချည်းပဲ"

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now