အပြန်အလှန်တိုင်ကြားခြင်း

859 147 0
                                    

[Unicode]
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး
အပိုင်း ၀၄၃ ။ အပြန်အလှန်တိုင်ကြားခြင်း

ထိုစကားကိုပြောလိုက်ပြီးသည်နှင့် ရဲစခန်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။
အထူးသဖြင့် အမှုကိုင်တွယ်ရာမှာ ဝါရင့်နေကြပြီဖြစ်တဲ့ လုပ်သက်ရင့်ရဲသားများပင်။

ဒါပေါ့, ဒီလိုကိစ္စမျိုးဆိုတာ ခန့်မှန်းနေလို့အလကားပဲလေ၊ ဒါကြောင့် ရဲတွေက နဂါးပုံဆေးမင်ကြောင်နဲ့ညီအစ်ကိုပြောထားတဲ့ သဲလွန်စတွေအပေါ် အခြေခံပြီး ငွေပမာဏအမြောက်အမြားနဲ့ထွက်ပြေးသွားတဲ့ ယွီမိန်ကို ဖမ်းဆီးဖို့ လက်နက်ကိုင်တပ်ဖွဲ့ကို ချက်ချင်းစေလွှတ်လိုက်တော့သည်။

ဆက်စပ်နေတဲ့ သဲလွန်စတွေကြောင့်, နောက်တစ်ကြိမ်ထပ်ပြီး သတင်းပေးသူဖြစ်လာတဲ့, နဂါးပုံဆေးမင်ကြောင်နဲ့ညီနောင်လည်း ရဲကားထဲလိုက်ဝင်ရသည်။ ကျန်တဲ့လူတွေကို လမ်းပြဖို့အတွက် တာဝန်ရှိသူများအဖြစ် လိုက်ပါရလေသည်။။ ကားထဲမဝင်ခင် နဂါးပုံ ဆေးမင်ကြောင်နဲ့ညီနောင်က ရဲစခန်းထဲမှာ ဝင့်ကြွားစွာပြောလာခဲ့တယ်: "ရဲဘော်တို့ စိတ်မပူကြပါနဲ့၊ ကျွန်တော်ဒီကိုလာတော့ အောက်ထပ်မှာစောင့်ကြည့်နေဖို့ လူတွေလွှတ်ထားခဲ့ပြီးပါပြီ၊ အဲ့မိန်းကလေး ဘယ်လိုနည်းနဲ့မှထွက်ပြေးနိုင်မှာမဟုတ်ဘူး။"

ရဲတွေက သဘောကျသွားသည်: "မင်းက နောက်ယောင်ခံလိုက်တာမျိုးလဲ သိတာပဲလားကွ"

"ဒါပေါ့" နဂါးတက်တူးနဲ့ ညီနောင်က သူ့ရင်ဘက်ကိုပုတ်လိုက်ရင်း: "ကျွန်တော်တို့မှာ အရင်ထဲက မကောင်းတဲ့ကောင်တွေကို လိုက်ဖမ်းခဲ့တဲ့ အတွေ့အကြုံရှိနေတာပဲလေ" ဟုပြောလာခဲ့သည်။

ထောင်မု နဂါးတက်တူးနဲ့ညီနောင်ကိုကြည့်လိုက်တော့ အရင်က ထမင်းဝိုင်းမှာ သူ့ရဲ့ဟင်းချက်လက်ရာကြောင့် အချီးကျူးခံခဲ့ရပြီး လူအိုကြီးစုန့်ကို ဘိုးဘေးအဖြစ်မှတ်ယူထားချင်တဲ့လူမှန်း သိရှိသွားသည်။ အရင်က ယွင်သော်ရဲ့ အမှုအတွက် လုံမန်တည်းခိုခန်းမှာ သွားစုံစမ်းတော့လည်း သူကပဲ အရင်ဆုံး သဲလွန်စတွေကိုရှာတွေ့ခဲ့တာကြောင့် ရဲတွေကို မြို့ပြင်က လူနေတဲ့ပုံ အယောင်ပြထားတဲ့ဝင်းဆီခေါ်သွားပြီး လူကုန်ကူးသမားတွေကို အချိန်မှီဖမ်းမိစေနိုင်ခဲ့တာဖြစ်သည်။

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now