Extra Chapter 2

1.3K 86 1
                                    

Empress with no Virtue
Chapter 100
Translator – Utopia

တိုင်းတပါးကနေ သံတမန်လက်ဆောင်အနေနဲ့ ပို့ပေးလိုက်တဲ့ သေရည်က ချိုချဥ်အရသာရှိပြီး အရမ်း မပြင်းဘူး။ ယဲ့ကျန်းကျန်း သစ်သီးသေရည်တွေကို တစ်ခွက်ပြီးတစ်ခွက် သောက်နေမိတော့တယ်။

ဘယ်လိုပဲဆိုပါစေ သေရည်က သေရည်ပဲလေ၊ မပြင်းဘူးဆိုရင်တောင်မှ လူကိုတော့ မူးယစ်စေတုန်းပဲ။

ယဲ့ကျန်းကျန်း သေရည်သောက်ပြီးနောက် အနည်းငယ် အာသွက်လျှာသွက်ဖြစ်နေတယ်။ သူမသားကိုပါ ခေါ်လာပြီး ယန်ရှင်းနန်းဆောင်ကို ဒယိမ်းဒယိုင်နဲ့ ရောက်ချလာတယ်။

ကျီဝူကျိုးကတော့ ယန်ရှင်းနန်းဆောင်မှာ စာရင်းစာအုပ်တွေကို စစ်ဆေးနေတယ်။ သူ့ဧကရီနဲ့ သားတော်လေး လာလည်တာကို တွေ့တဲ့အခါ အမြန်ပဲ သူတို့ကို သူ့ပလ္လင်ပေါ်ကို ဆွဲခေါ်လိုက်တယ်။

ဒါက ယဲ့ကျန်းကျန်းအတွက် ပထမဆုံးအကြိမ် နဂါးပလ္လင်မှာ ထိုင်ဖူးတာ မဟုတ်တော့တဲ့အတွက် အဲ့မှာ တက်နေရလို့ ဘာမှ စိတ်ဖိစီးနေတာမျိုး ရှိမနေဘူး။

ရှောင်ကျန်းဇယ်လေးကတော့ ဘာတွေဖြစ်နေတာလဲ နားမလည်ပေမဲ့ သူ့မယ်တော်နဲ့ ခမည်းတော်က ဘေးမှာ အတူထိုင်ပေးနေတာတွေ့တဲ့အခါ ပျော်ရွှင်နေတော့တယ်။ မယ်တော်နဲ့ ခမည်းတော်ရဲ့ လက်ကို ကိုင်ပြီး နဂါးပလ္လင်ပေါ်မှာ သူ့ဖင်တုန်းသေးသေးလေးနဲ့ ထိုင်လိုက်တယ်။

သူမပါးလေးတွေ နီမြန်းနေပြီး အနည်းငယ် စိတ်ရှုပ်ထွေးနေတဲ့အမူအရာကို တွေ့တဲ့အခါ ကျီဝူကျိုး သူမ နေမကောင်းလို့များလားလို့ တွေးလိုက်တယ်။ အဲ့ဒါနဲ့ပဲ သူမရဲ့နဖူးလေးကို စမ်းလိုက်ပြီး ပါးလေးကိုလည်း ခပ်ဖွဖွ ညှစ်လိုက်တယ်။

"ကျန်းကျန်း ဘာဖြစ်လို့လဲ"

ကျီကျန်းဇယ်ကလည်း သူ့ခမည်းတော်ခေါ်သလို လိုက်ခေါ်လာတယ်။

"ကျန်းကျန်း ဘာဖြစ်လို့လဲ"

ကျီဝူကျိုး သူ့ခေါင်းလေးကို ခပ်ဖွဖွလေး ပုတ်လိုက်ပြီး

"ပေါက်ကရတွေ။ မယ်တော့်နာမည်ကို အဲ့လို လျှောက်မခေါ်ရဘူး"

ရွှေနန်းထက်က ဧကရီWhere stories live. Discover now