Chapter 87

867 80 1
                                    

Empress with no Virtue

Chapter 87

Translator – Utopia

ဒီလူက တကယ် အမှားအမှန်ကို ဂရုမထားတာပဲ။ သူလိုချင်တာကို ရဖို့ ဘာပဲလုပ်ရလုပ်ရ လုပ်မယ့်လူစားမျိုး။ ထီးနန်းနဲ့ပတ်သက်လာရင် သူ့ရည်မှန်းချက်က ကြောက်စရာကောင်းလွန်းတယ်။ အစကတော့ သူ့ခမည်းတော်ဆီကနေ ထီးနန်းက အလုခံလိုက်ရတာမို့ လီယို့ရဲ့ ထီးနန်းဆက်ခံပိုင်ခွင့်ကလည်း အလုခံလိုက်ရဝာာပဲ ဆိုတာကို ယဲ့ကျန်းကျန်း နားလည်ပေးကြည့်လို့ ရပါတယ်။ သူ သေချာပေါက် ဒီဟာကို လက်မခံနိုင်ဘဲ နဂိုက သူ့ဟာဖြစ်ခဲ့တဲ့ဟာကို ပြန်လိုချင်မှာပဲ။ ထီးနန်းပြန်ရဖို့ပဲ တွေးနေခဲ့တာကြောင့် ဒီဟာကို ရဖို့အတွက် သူ ဘာမဆို လုပ်ရဲတယ်။

ဒါ့အပြင် မိသားစုပြိုကွဲခဲ့ရပြီး အမုန်းတရားတွေနဲ့ နေလာခဲ့တဲ့သူဆိုတော့ သူ ဘယ်လိုလူမျိုးအနေနဲ့ ပြောင်းလဲသွားလဲဆိုတာ ခန့်မှန်းကြည့်လို့ပဲရနိုင်တယ်။

ရေကြီးမှု မဖြစ်ခင်တုန်းကတော့ သူ့အဖြစ်က သနားဖို့တော့ ကောင်းပါတယ်လို့ ယဲ့ကျန်းကျန်း တွေးခဲ့မိသေးတာ၊ ဘယ်လိုပဲဖြစ်ဖြစ် နန်းလုပွဲ ဖြစ်ခဲ့တုန်းက သူက ဘာမှနားမလည်သေးတဲ့ ကလေးလေးပဲ ရှိသေးတာလေ။ ဒါပေမဲ့ အခုတော့ သူက သိပ်မုန်းဖို့ကောင်းတယ်လို့ပဲ သူမ မြင်တော့တယ်။ ဘယ်လောက်ပဲ နာကျင်ခံစားခဲ့ရတယ်ဆိုပါစေ ဒေါသကို တခြားသူအပေါ်မှာတော့ မဖြေမသင့်ဘူး။ အထူးသဖြင့် အပြစ်မရှိတဲ့ပြည်သူတွေ အပေါ်မှာဆို ပိုလို့တောင် မဖြစ်သင့်ဘူး။

တကယ် ယုတ်မာချက်က ခွင့်လွှတ်နိုင်စရာ မရှိဘူး။

အဲ့နေ့ စကားများအပြီးမှာ ယဲ့ကျန်းကျန်း ဥယျာဉ်ထဲ လမ်းလျှောက်ခွင့် မရတော့ဘူး၊ အစတုန်းကတော့ သူမနောက်က လူတစ်ယောက်ယောက် လိုက်လာပြီး သူမ ခြံဝန်းထဲ လျှောက်သွားလို့ ရသေးတယ်။

ဒီနေ့ညမှာ ယဲ့ကျန်းကျန်း ရေချိုးပြီးနောက် စားပွဲခုံပေါ် ထိုင်ရင်း အတွေးနွံထဲ ရောက်နေတော့တယ်။ ရက်တွေကို ပြန်ရေတွက်ကြည့်ရင် ကျီဝူကျိုးဆီ ဘာပဲ ဖြစ်ခဲ့ပါစေ သတင်းတွေက အခုအချိန်လောက်ဆို ပျံ့နေလောက်ပြီ။ ကျီလီယို့ သူမကို မသတ်သေးတဲ့အချက်တစ်ခုတည်းနဲ့ ကျီဝူကျိုး အသက်ရှင်နေသေးတယ်လို့ ကောက်ချက်ချလို့ မရသေးဘူး။ ကြည့်ရတာ သူမအတွက် တခြားရွေးချယ်စရာဆိုလို့ ...

ရွှေနန်းထက်က ဧကရီWhere stories live. Discover now