Chapter 59

1.1K 93 2
                                    

Empress with no Virtue
Chapter - 59
Translator – Utopia

သောသော် ဝေခွဲမရဖြစ်နေတယ်။ သူ စစ်တိုက်ထွက်လာကတည်းက ဘယ်မိန်းမနဲ့မှ မပတ်သက်ခဲ့တာ ၂လ ၃လကျော် ရှိပြီဖြစ်တယ်။

သူ့ကို အမြဲ အနိုင့်ကျင့်နေတဲ့ အမျိုးသမီးတစ်ယောက် ရှိမယ်ဆို၊ သူမက ဘယ်သူဘယ်ဝါဆိုတာ ဂရုမစိုက်ဘူး၊ သူမက သိပ်လှတယ် နတ်သမီးလေးတစ်ပါးလိုကို လှတာ။

ယဲ့ကျန်းကျန်းက အဲ့လိုမျိုး ဖြစ်တယ်။

ဒီလိုအမျိုးသမီးနဲ့ ပတ်သက်လာရင် သူမက အသက် ၄၀ကျော်ဆိုရင်တောင်မှ သောသော် ရှေ့လတွေတုန်းကအထိ ထိန်းချုပ်ထားနိုင်ခဲ့ပေမဲ့ အခုတော့ ထိန်းချုပ်ဖို့ ခက်ခဲလာတယ်။ ဒါကြောင့်မို့ သူ ယဲ့ကျန်းကျန်းက မိန်းကလေးမှန်း သိသွားကတည်းက သူ ပြုစားခံရသလို ဆောက်တည်ရာမရ ဖြစ်နေတယ်။

ဒါပေမဲ့ သူ့ဆင်ခြင်တုံတရားက သူ့ကို ပြောနေတယ် : ဒီအမျိုးသမီးက မင်းအမေအရွယ်လောက်နော် ....

သူမကို ကြည့်တဲ့အခါ သူ့အမေပုံ ပေါ်ပေါ်လာတာမို့ တစ်နည်းနည်းနဲ့တော့ သူ့စိတ်ထဲ သူမကိုသာ တစ်ခုခုလုပ်ခဲ့ရင် ဒီဟာက သွေးသားရင်းချင်းလိင်ပတ်သက်မှုမျိုး ဖြစ်သွားလိမ့်မယ်လို့ ခံစားနေရတယ်။

ဒါ့အပြင် သူမက ဧကရာဇ်မယ်တော်ပဲ။ သူသာ မယ်တော်ကြီးကို ***လုပ်ခဲ့ရင် ဧကရာဇ်က သူ့ကို ** ပစ်မှာ မဟုတ်ဘူးလား?

ဒါပေမဲ့ သူမက တကယ်ကို လှပလွန်းတယ် ...

သောသော် ၃ ၄ရက် ဝေခွဲမရဖြစ်နေတယ်။ ဒီရက်တွေမှာ သူ့ဆင်ခြင်တုံတရားနဲ့ သူ့* က စိတ်ထဲ အကြိတ်အနယ် ဖြစ်နေတယ်။ အတွေးတွေက ဖရိုဖရဲဖြစ်နေပြီး နေ့တိုင်း သူ့ခေါင်းထဲ လူသေးသေးလေး ၂ယောက်က ရန်ဖြစ်နေကြသလိုပဲ။

နောက်ဆုံးတော့ အပေါ်က ခေါင်းက အောက်က ခေါင်းကို မထိန်းချုပ်နိုင်တာကြောင့် သတ္တိကို ဖြစ်ညှစ်ထုတ်ရင်း ဆုံးဖြတ်ချက်ချလိုက်တယ်။ သူ့ဆုံးဖြတ်ချက်က အန္တရာယ်ကင်းတာ သေချာဖို့ သူ့ဖာသာသူ အကြောင်းပြချက် ပေးနေတယ်။ ပြည်မကြီးက အမျိုးသမီးတွေက သူတို့နာမည်ဂုဏ်သိက္ခာထိပါးမှာကို စိုးကြတယ်။

ဒီည သူတို့ စခန်းချပြီး နားနေကြတယ်။ ယဲ့ကျန်းကျန်းနဲ့ သောသော်တို့ အသားကင်နေတဲ့ မီးပုံရှေ့ မှာ ထိုင်‌နေပြီး သောသော်က သူမကို သေရည်တစ်ခွက် ကမ်းလာတယ်။ စစ်စခန်းမှာ နေတာအနည်းငယ် ကြာပြီမို့ ယဲ့ကျန်းကျန်းလည်း သက်တောင့်သက်သာရှိလာပြီး အရင်ကလောက် သတိအရမ်းကြီး ထားမနေတော့ဘူး။ သူမ သေရည်ခွက်ကို ယူပြီး တငုံသောက်လိုက်တယ်။ မီးရောင်တွေရဲ့အလွန်မှာ ကြောက်ရွံရွံနဲ့ စိတ်လောနေတဲ့ သောသော်ရဲ့ အမူအရာကို သူမ မမြင်လိုက်ချေ။

သောသော်ရဲ့အာရုံက ယဲ့ကျန်းကျန်းဆီပဲ ရောက်နေတာကြောင့် သူ့ဘေးက စစ်သားတွေ အတော်လေး နွမ်းလျနေတဲ့ပုံပေါက်နေတာ သူ သတိမထားမိလိုက်ဘူး။

စားသောက်ပြီးတဲ့နောက် ယဲ့ကျန်းကျန်း သူမတဲရှိရာဆီ ပြန်လာတဲ့အခါ နောက်မှာ သောသော်ပါ လိုက်လာတာကို တွေ့လိုက်ရတယ်။ ယဲ့ကျန်းကျန်း တံခါးရှိတဲ့ဘက်ကို လက်ညိုးထိုးပြဖို့ လုပ်လိုက်ပေမဲ့ သူမ လက်ချောင်းလေးတစ်ချောင်းတောင် မသယ်နိုင်တော့ဘူး ဖြစ်နေတယ်။ သူမ စိုးထိတ်သွားတယ်။

"ရှင် ကျွန်မကို ဘာတိုက်လိုက်တာလဲ!"

"ဆေးတချို့ ခပ်လိုက်ရုံပါပဲ"

သောသော်က ရှေ့တိုးလာပြီး သူမရဲ့အဝတ်အစားတွေကို ဆွဲချွတ်ဖို့ လုပ်နေတယ်။ သူကိုယ်တိုင်လည်း ဘာကြောင့်ရယ်မသိ သူမအကြည့်နဲ့ဆုံလိုက်တာနဲ့ တကိုယ်လုံး အားနည်းသွားသလိုပဲ။

"ထွက်သွား!"

ယဲ့ကျန်းကျန်း ရှက်လည်းရှက် ဒေါသလည်းထွက်ပြီး သူ့ပေါင်ခွကြားကို ကန်ထည့်လိုက်တယ်။

သူမရဲ့ကန်ချက်က မပြင်းပေမဲ့လည်း သူမ ဒီလိုကန်လိမ့်မယ်လို့ သောသော် မထင်ထားတာကြောင့် ကြမ်းပေါ် နောက်ပြန်လဲကျသွားတယ်။ သူ ဒေါသထွက်သွားပြီ ယဲ့ကျန်းကျန်းကို ပါးရိုက်လိုက်တယ်။ သူ့ရိုက်ချက်ကြောင့် သူမမျက်နှာက ချက်ချင်းပဲ နီရဲယောင်ယမ်းသွားတာကို မြင်ရတဲ့အခါ သူ စိတ်ထဲ ပိုစိတ်လှုပ်ရှားလာမိတယ်။

သူ့ကိုယ်သူ ဆက်ထိန်းမထားနိုင်တော့ဘဲ သောသော် ယဲ့ကျန်းကျန်းကိုယ်ကို အုပ်မိုးလိုက်ပြီး သူမကို ဖိချကာ ပါးနဲ့ ပုခုံးတွေ ကို နမ်းရှုံ့‌လိုက်ရင်း အဝတ်တွေကို ဖယ်ပစ်ဖို့ လုပ်နေတယ်။

ယဲ့ကျန်းကျန်း လန့်လည်းလန့်၊ ‌ဒေါသလည်းထွက်၊ ရှက်လည်း ရှက်သွားပြီး ကြောက်ကြောက်လန့်လန့်နဲ့

"ရပ်! ရပ်လို့ အယုတ်တမာကြီး!"

ဘယ်လိုလုပ် သောသော် ရပ်နိုင်မှာလဲ။ သူ့သံချပ်ကာဝတ်စုံနဲ့ ခေါင်ဆောင်းကို ချွတ်လိုက်တယ်။ သူမရဲ့ ခါးစည်းကိုလည်း ဆွဲဖြုတ်လိုက်ပီုး ဆံပင်တွေက ဖရိုဖရဲ ဖြစ်နေတယ်။

အဝတ်အစား ဖရိုဖရဲနဲ့ မျက်ရည်လည်ရွဲဖြစ်နေတဲ့ အလှ‌လေးရဲ့ပုံရိပ်က သောသော်ရဲ့သွေးတွေကို ပူနွေးဆူပွက်လာစေတယ်။ သူ့လက်တွေက သူမရင်ဘတ်ပေါ် ရောက်လာပြီး အားနဲ့ ထိ‌တွေ့နေကာ သူမရဲ့နှုတ်ခမ်းကိုလည်း နမ်းရှုံ့ဖို့ ကြိုးစားနေတယ်။

ယဲ့ကျန်းကျန်း ရုတ်တရက် သူမကိုယ်ကို ရုန်းလိုက်ပြီး သောသော်ကို အောက်ကို ရောက်သွားစေတယ်။ သူမရဲ့မျက်နှာနဲ့ သူ့မျက်နှာက တော်တော် နီးကပ်နေပြီး သူမရဲ့နှုတ်ခမ်းက သူ့နှုတ်ခမ်းကို ထိလုနီးနီးပဲ။

"နောက်ဆုံးတော့ မင်း လက်ခံလိုက်ပြီလား"

သူ့ကိုယ်ကို ဖိထားတဲ့ နူးညံ့တဲ့ တောင်ပို့လေးကြောင့် သောသော်တစ်ယောက် ပျော်သွားတယ်။

ယဲ့ကျန်းကျန်းရဲ့ အဖြေကတော့ သူ့မျက်နှာတည့်တည့်ကို အန်ချလိုက်တာပဲ ဖြစ်တယ်။ ညစာက ရိုးရိုးရှင်းရှင်းပဲ စားထားတာ ဆိုပေမဲ့ အသားနဲ့ သေရည်တွေ ရောသွားတဲ့အခါ အန်ဖတ်တွေက တော်တော်လေး မနှစ်မြို့စရာ အနံ့ဆိုးရွားလွန်းတယ်။

ထူးထူးခြားခြားအကြိုက်ရှိတဲ့သူတစ်ယောက်အနေနဲ့ သောသော်ဘဝမှာ သူ ဘယ်မိန်းကလေးကိုမှ အတင်းအကြပ် မရယူဖူးတာမျိုး မဟုတ်ပေမဲ့ ဒီလိုထူးဆန်းပြီး ရွံရှာစက်ဆုပ်စရာကောင်းတဲ့နည်းလမ်းက  သူ့အတွက်တော့ ပထမဆုံးအကြိမ်ပဲ ဖြစ်တယ်။ ဒါကြောင့်မို့ သူ ခဏလောက် ကြောင်အမ်းအမ်း ဖြစ်သွားပြီး ခဏလောက်နေမှ အသိပြန်ဝင်လာတယ်။

ယဲ့ကျန်းကျန်းက သူ့ကို ထားပစ်ခဲ့ပြီး ရွက်ဖျင်တဲရဲ့အပြင်ဘက်ကို သွားနေနှင့်ပြီ။

သူမ ထွက်ပြေးဖို့ လုပ်နေတာကို တွေ့တော့ သောသော် သူမပုခုံးကို လှမ်းဆွဲလိုက်ပြီး နောက်ကို လှဲချလိုက်တယ်။ သူ့ကိုယ်ထဲ အားသိပ်မရှိဘူးဖြစ်နေတယ်ဆိုပေနဲ့လည်း အနည်းနဲ့အများတော့ ကျန်နေသေးတယ်။

ယဲ့ကျန်းကျန်းက ငိုရင်း

"ကျွန်မကို သွားခွင့်ပြုပါ၊ ရှင် ဘာလိုချင်ချင် ကျွန်မ အကုန်ပေးမယ်၊ ကျွန်မ အာမခံပေးတယ်"

"ငါ မင်းကိုပဲ လိုချင်တာ!"

သောသော်က ပြောရင်း သူမအဝတ်တွေကို ဆွဲချွတ်ဖို့ ကြိုးစားလာပြန်တယ်။

ဒါပေမဲ့ ရုတ်တရက် ရွက်ဖျင်တဲထဲ လူတွေ ဝင်ချလာပြီး နဂိုက ကြီးမားတယ်ထင်ရတဲ့တဲဟာ သေးငယ်သွားတော့တယ်။ သူတို့ထဲက ခေါင်းဆောင်က နွီကျန်းစစ်ဝတ်စုံကို ဝတ်ထားပြီး အရပ်ရှည်ရှည်နဲ့ ခန့်ညားတဲ့ရုပ်ရည်ရှိတယ်။ တဲထဲ ဘာဖြစ်နေလဲဆိုတာ သူ မြင်မြင်ချင်းပဲ မျက်လုံးတွေ နီရဲသွားပြီး ချက်ချင်းဆိုသလို သောသော်ကို အင်္ကျီကော်လံကနေဆွဲပြီး ကြမ်းပြင်ကို ပစ်လှဲလိုက်တယ်။ သောသော် ပြန်ကုန်းထဖို့ လုပ်တုန်းမှာပဲ သူ့ရင်ဘတ်ကို ဆောင့်ကန်ခံလိုက်ရတယ်။ ကန်ချက်က အားပြင်းတာကြောင့် သောသော် လှုပ်တောင် မလှုပ်နိုင်ဘူး။

ထိုလူရဲ့နောက်ကလူတွေလည်း ဘာဖြစ်သွားတာလဲဆိုတာ တွေ့တဲ့အခါ အမြန်ပဲ တဲထဲက ပြန်ထွက်သွားကြတော့တယ်။

"မင်း မင်း မင်း မင်းဘယ်သူလဲ!"

ဘယ်သူမှ သူ့ကို ပြန်မဖြေလာဘူး။ အဲ့အစား ငွေရောင်နဂါးတစ်ကောင်လို တောက်ပသွေးဆာနေတဲ့ ဓားတစ်ချောင်းက ထွက်လာတယ်။ သောသော်လည်း သူ ထွက်ပြေးလို့ မရနိုင်ဘူးဆိုတာ သဘောပေါက်လိုက်တာကြောင့် မျက်လုံးမှိတ်ရင်း ကြောက်ရွံ့တုန်ယင်နေတော့တယ်။

နဂါးက အောက်ကို ခုတ်ချတော့မယ့်အချိန်မှာပဲ ယဲ့ကျန်းကျန်းက ရုတ်တရက် အော်လိုက်တယ်။

"သူ့ကို မသတ်နဲ့!"

ဓားက သူ့လည်ပင်းနားမရောက်ခင် ၁လက်မ အလိုမှာ ရပ်သွားတယ်။

"သူက အားအာဟတုရဲ့ သားအကြီးဆုံးပဲ။ သူ့ကို အရှင်ဖမ်းထားရင် အသုံးဝင်နိုင်တယ်"

သောသော် မျက်လုံးဖွင့်လိုက်ပြီး ယဲ့ကျန်းကျန်းကို နောက်ဆုံးမျှော်လင့်ချက်အနေနဲ့ မော့ကြည့်နေတယ်။

ကျီဝူကျိုး ယဲ့ကျန်းကျန်းကို လှည့်ကြည့်လိုက်တယ်။ သူမဆံပင်က ဖရိုဖရဲဖြစ်နေပြီး အဝတ်အစားတွေကလည်း ပြဲရဲနေတယ်။ သူမဘယ်ဘက်ပါးက ဖူးယောင်နေပြီး လက်၅ချောင်းရာက ပါးမှာ ထင်းနေတာပဲ။

သူ အမြတ်တနိုးနဲ့ အလိုလိုက် ဂရုစိုက်ခဲ့ရတဲ့အမျိုးသမီးလေး၊ သူတောင် လက်နဲ့ မရွယ်ရက်တာကို အခုကျ သူမလေးက အခုလို အနိုင်ကျင့်ခံနေရတယ်။

သောသော် မျှော်လင့်ချက်ရောင်ခြည်လေး တွေ့လိုက်ရတာမို့ ယဲ့ကျန်းကျန်းကို ကြည့်ရင်း အသံအကျယ်ကြီးနဲ့

"မယ်တော်ကြီး ကျေးဇူးပြုပြီး —"

သွေးတွေ ပန်းထွက်လာပြီး သောသော်ရဲ့ခေါင်းက ယဲ့ကျန်းကျန်းဆီ လိမ့်လာတယ်။ မျက်လုံး၂လုံးက ပြူးကျယ်နေပြီး သူ့ပါးစပ်ကလည်း တစ်ခုခုကို ပြောတော့မယ်ပုံ ဟန်ပြင်နေပုံရတယ်။

ယဲ့ကျန်းကျန် ခက်ခက်ခဲခဲ မတ်တပ်ရပ်လိုက်ရင်း ကျီဝူကျိုးဆီ လျှောက်လာတယ်။ သူ့အင်္ကျီလက်ကို ဆွဲရင်း

"အရှင်မင်းကြီး ရောက်လာပြီပဲ"

တိတ်ဆိတ်နေတယ်။

ယဲ့ကျန်းကျန်းဘက်ကပဲ စပြီး သူ့ခါးကို ဖက်လိုက်တယ်။ သူမမျက်နှာလေးကို သူ့ရင်ခွင်ထဲ မှေးထားရင်း

"ဒေါသမထွက်ပါနဲ့တော့နော်"

ကျီဝူကျိုး ရုတ်တရက် သူမကို တင်းတင်းကြပ်ကြပ် ဖက်လိုက်တယ်။ သူမကို လေထဲမှာ ပျောက်သွားမှာကို သူ စိုးရိမ်နေသလိုမျိုးပဲ။ တအားဖက်ထားတာကြောင့် ယဲ့ကျန်းကျန်းကိုယ်တောင် စတင်ပြီး နာကျင်လာတယ်။

"ကျန်းကျန်း ကျန်းကျန်း"

သူ့မေးကို သူမခေါင်းလေးပေါ်တင်ရင်း ယဲ့ကျန်းကျန်းနာမည်ကိုပဲ တွင်တွင် ခေါ်နေတော့တယ်။

"ကျွန်တော်မျိုးမ ဒီမှာရှိပါတယ်"

ယဲ့ကျန်းကျန်း သူ့ကို ဖက်ခွင့်ပြုထားလိုက်တယ်။ သူမ စကားပြောမယ်ဟန်ပြင်လိုက်ချိန်မှာပဲ မျက်ရည်တွေကပါ ဒလဟော စီးကျလာတော့တယ်။

"ကျွန်တော်မျိုးမ နောက်တစ်ခါ ဘယ်တော့မှ မထီလေးစား မလုပ်တော့ပါဘူး"

"ကျန်းကျန်း ကျန်းကျန်း"

ကျီဝူကျိုး သူမနာမည်ကိုပဲ ထပ်ခါထပ်ခါ ခေါ်‌နေမိတယ်။ သူ ရှေ့ရက်တွေမှာ ယဲ့ကျန်းကျန်း အနိုင်ကျင့်ခံနေရမလား၊ အနှိပ်စက်ခံနေရမလားတွေးရင်း ကောင်းကောင်းတောင် မအိပ်နိုင်ခဲ့ဘူး။ သူမကို ပြန်ရှာတွေ့တဲ့အတွက် ကျီဝူကျိုး နတ်ဘုရားတွေကို ကျေးဇူးတင်မိတယ်။ သူ့နှလုံးသားထဲက လစ်ဟာနေတဲ့ ခံစားချက်က ရုတ်တရက်ဆိုသလို ပြည့်နှက်သွားပြီး အခု ခံစားချက်က သက်တောင့်သက်သာ ရှိတာမျိုးလား၊ နေရကောင်းနေတာမျိုးလားတောင် ကျီဝူကျိုး မသိတော့ဘူး။

"ကျီဝူကျိုး ကျွန်မ ရှင့်ကို လွမ်းတယ်"

ယဲ့ကျန်းကျန်း ငိုနေရှာတယ်။

ကျီဝူကျိုးလည်း သူမကို ဖက်ထားရာကနေ လွှတ်ပေးလိုက်ပြီး မျက်ရည်တွေကို သုတ်ပေးရင်း

"ကိုယ်လည်း မင်းကို လွမ်းနေခဲ့တာပါ"

ထို့နောက် ရွက်ဖျက်တဲအပြင်ဘက်မှာ တိုက်ခိုက်နေကြတဲ့အသံတွေက ရုတ်တရက် ထွက်ပေါ်လာတယ်။ တချီတပ်တွေ စခန်းကို ဝင်တိုက်နေကြပြီမှန်း ကျီဝူကျိုးသိလိုက်တယ်။ ဒါကြောင့်မို့ ယဲ့ကျန်းကျန်းကို ရွက်ဖျင်တဲထဲ ထိုင်ဖို့ ခေါ်လာခဲ့လိုက်တယ်။

ကျီဝူကျိုး သောသော်ရဲ့ခေါင်းကို ဘေးကန်ထုတ်လိုက်တာမြင်တော့ ယဲ့ကျန်းကျန်းက ပြောလာတယ်။

"သူက တကယ် အားအာဟတုရဲ့ သား"

"အဲ့တော့ ဘာဖြစ်လဲ။ ကိုယ့် မိန်းကလေးကို ထိရဲမှတော့ သေတာတောင် အပြစ်ကျေမှာ မဟုတ်ဘူး"

သူမရဲ့ဘယ်ဘက်ပါးကို ကြည့်လိုက်ရင်း ကျီဝူကျိုး စိတ်မကောင်းဖြစ်ရပြန်တယ်။

"သူ့ကို ကျွန်တော်မျိုးမတို့ ဖမ်းထားမယ်ဆို တခြား ကောင်းတာတစ်ခုခုနဲ့ လဲလို့ ရနိုင်တယ်လေ၊ အပြန်အလှန်အနေနဲ့"

"ကိုယ့်မှာ ချို့ငဲ့နေတာ ဘာမှမရှိဘူး"

ပြောရင်း ကျီဝူကျိုးက ရုတ်တရက် မေးလာပြန်တယ်။

"သူ မသေခင်တုန်းက ဘာလို့ မယ်တော့်နာမည်ကို ခေါ်သွားတာလဲ"

"သူ မ ... မခေါ်ပါဘူး။ အရှင်မင်းကြီး နားကြားမှားတာ နေမယ်"

ယဲ့ကျန်းကျန်း အပြစ်ရှိသလို ခံစားလိုက်ရတယ်။

"တကယ်လား"

ကျီဝူကျိုး မျက်လုံးမှေးပြီး ကြည့်လိုက်တယ်။ ယဲ့ကျန်းကျန်းကလည်း တမင် သူ့ရင်ခွင်ထဲ တိုးဝင်လိုက်ရင်း

"ကျီဝူကျိုး ကျွန်မ နေရအဆင်မပြေဘူး"

သူမ စကားလမ်းကြောင်းလွှဲနေမှန်း ကျီဝူကျိုး သိပေမဲ့လည်း ဆက်မေးလိုက်တယ်။

"ဘယ်နားကလဲ၊ မင်း ပင်ပန်းနေတာလား"

တကယ်လို့ သူမမှာ အားမရှိဘူးဆို အဲ့တာက မန်ထောလော်ကြောင့်ပဲ ဖြစ်လိမ့်မယ်။
ယဲ့ကျန်းကျန်း ခေါင်းငြိမ့်ပြတယ်၊ ထို့နောက် ခေါင်းခါပြန်တယ်။ သူမ ဘာကြောင့် အားမရှိသလို ခံစားနေရလဲ မသိပေမဲ့ သူမကိုယ်ထဲ ပြောမပြတတ်တဲ့ ပူလောင်ခြင်းတစ်မျိုးက ဝင်ရောက်လာနေတယ်။ အဖျားတက်နေသလိုမျိုးပဲ။ ဒါပေမဲ့ သူမ အဖျားတက်နေချိန်ထက်တော့ ပိုပြီး သတိရှိနေသေးတယ်။

"ကျွန်မ ပူနေတယ်"

ညဘက်လည်း ဖြစ်သလို သူမလည်း အဝတ်အစား ပါးပါးလျလျပဲ ဝတ်ထားတာကို ဘာလို့ ပူနေရတာလဲ? ကျီဝူကျိုးစိတ်ထဲ ထူးဆန်းသလို ခံစားရတာကြောင့် သူမနဖူးကို ထိလိုက်တယ်။ နည်းနည်းတော့ ကိုယ်နွေးနေပေမဲ့ အဖျားရှိနေတာတော့ မဟုတ်ဘူး။

သူမမျက်နှာကို သူ သေချာကြည့်လိုက်တယ်။ ဘယ်ဘက်ပါးက နီရဲနေတာ ဘာလို့လဲနားလည်ပေမဲ့ ညာဘက်ပါးကတော့ အရိုက်မခံရဘဲ နီမြန်းနေတယ်။ ဒါ့အပြင် သူမရဲ့မျက်ဝန်းတွေကလည်း တောက်ပနေပြီး ချယ်ရီရောင်နှုတ်ခမ်းလေးက ဖူးငုံနေတယ်။

"သူ မင်းကို ဘာကျွေးထားတာလဲ"

"မသိဘူး"

ယဲ့ကျန်းကျန်း လှလှလေး ပြုံးလိုက်တယ်။ ကျီဝူကျိုးက သူမမျက်နှာကို ကြည့်နေမှန်းတွေ့တဲ့အခါ ဘာရယ်ကြောင့်မသိ သူမ နှုတ်ခမ်းသပ်လိုက်တယ်။

"..."

မင်း မသိပေမဲ့ ငါ သိတယ်။ ကျီဝူကျိုး ဟိုခွေးသူတောင်းစားကို စိတ်ထဲက ကျိန်ဆဲလိုက်တယ်။ သူ ယဲ့ကျန်းကျန်းကို ပွေ့ချီလိုက်ပြီး တဲအပြင်ဘက်ကို ထွက်လာတယ်။

အပြင်ဘက်မှာ စစ်ပွဲကလည်း အလျင်အမြန်နဲ့ အနိုင်ရသွားတယ်။ နွီကျန်းတွေဘက်မှာ ခေါင်း‌ဆောင်မရှိတော့တာကြောင့် ခေါင်းမရှိတဲ့ယင်ကောင်တွေလိုပဲ သူတို့ကို ဖမ်းဖို့က လွယ်ကူတယ်။ ဒီလိုနဲ့ စစ်ပွဲကလည်း အဆုံးသတ်ခါနီးလာပြီ။ လုလီက သူတို့ဆီ လျှောက်လာပြီး ကျန်တဲ့သူတွေကို ဘာဆက်လုပ်မလဲ ကျီဝူကျိုးကို မေးလာတယ်။

"အကုန်လုံးကို သတ်ပစ်လိုက်"

ဒီစကားကို ပြောတဲ့အချိန်မှာ ကျီဝူကျိုးမျက်နှာက အမူအရာ ကင်းမဲ့နေတယ်။ ဒီနေရာက ဝူးလန်ပုမျိုးနွယ်ရှိရာနေရာနဲ့ နီးနေတာ စစ်သားတစ်ထောင်လောက်ကို သုံ့ပန်းအနေနဲ့ ခေါ်သွားစရာမလိုဘူး။ တကယ်လို့ သူတို့ကို အသက်ချမ်းသာပေးလိုက်ရင် နောက်တစ်ခါထပ်ပြီး တချီကို လာတိုက်ခိုက်ကြဦးမှာပဲ။ သူတို့ကို ကယ်လိုက်လို့ ဘာအကျိုးမှ မရှိဘူး။

ထို့နောက် ကျီဝူကျိုး ယဲ့ကျန်းကျန်းကို မြစ်ကမ်းနဘေးကို ချီသွားရင်း ဝမ်ရိုးချိုင်ကို အဝတ်အစားသစ်နှစ်စုံယူလာခဲ့ဖို့ အမိန့်ပေးလိုက်တယ်။

ယဲ့ကျန်းကျန်းကို ‌‌ရေကူချိုးပေးရတာက တကယ်ကို မလွယ်တဲ့အလုပ်ပဲ။

ကျီဝူကျိုး စိတ်တင်းထားတယ်။ စစချင်းမှာ သူ ဘာမှအများကြီး တွေးမနေဘူး။ ယဲ့ကျန်းကျန်းက ဖရိုဖရဲဖြစ်နေပြီး သူမမျက်နှာက ဖူးယောင်နေတယ်။ နောက်ပြီး ပေါက်တတ်ကရဆေးတွေလည်း မိထားသေးတယ်။ သူမကို လိုချင်မိပေမဲ့လည်း သူ အခုအချိန်မှာတော့ ဘာမှမလုပ်ရဲသေးဘူး။ သူမကို မြစ်ကမ်းဘေးခေါ်လာတာက ရေအေးအေးချိုးပေးပြီး ဆေးမိထားတာ ပြယ်သွားအောင် လုပ်ပေးဖို့ပဲ ဖြစ်တယ်။

ဒါပေမဲ့လည်း သူမကို ကူပြီး အဝတ်အစားတွေ ချွတ်ပေးတဲ့အခါ ကြည်လင်တဲ့မြစ်ရေထဲ သူမရဲ့လှပတဲ့ကိုယ်လေးကို လရောင်အောက်မှာ အတိုင်းသား မြင်ရနိုင်တယ်။ သူမရဲ့အသားအရည်က ဖြူဝင်းမွတ်နေပြီး ခန္ဓာကိုယ်လေးကလည်း သူ့နေရာနဲ့သူ ပြည့်ပြည့်ဖြိုးဖြိုးလေး ရှိတယ်။ သူမရဲ့တောင်ပို့လေးက လုံးဝန်းနေပြီး အလယ်မှာတော့ ပန်းနုရောင် ပွင့်လွှာလေး နှစ်ခု ရှိနေတယ်။

ရုတ်တရက်ဆိုသလို ကျီဝူကျိုး သူ့ကိုယ်သူ ယုံကြည်မှုတွေ တိုးသွားတယ်။ သူ နေ့တိုင်း စိတ်ကူးယဥ်ခဲ့ရတဲ့ ပုံရိပ်လေးက အခု သူ့မျက်စိရှေ့မှာတင် ရှိနေပြီ။ ကျီဝူကျိုးတစ်ယောက် စိတ်လှုပ်ရှားလွန်းလို့ သူမကိုယ်လေးကို မထိဘဲနဲ့တောင် ရင်တွေတုန်လာတယ်။

"ကျီဝူကျိုးလား?"

ယဲ့ကျန်းကျန်းက မေးလာတယ်။ ကျီဝူကျိုး သူမကို သူမ အဆိပ်မိထားတယ်ဆိုတဲ့အကြောင်း၊ ရေချိုးပြီး အဆိပ်ဖြေရမယ်ဆိုတဲ့အကြောင်း ပြောပြလိုက်တော့ သူမ သူ့စကားကို နားထောင်ပြီး လိုက်လုပ်တယ်။ ဒါပေမဲ့ သူတို့ မြစ်ထဲဆင်းတယ်ဆိုရင်ပဲ သူရဲ့မျက်လုံးက သူမဆီ ရပ်တန့်နေပြီး အရူးလိုပဲ။

"အွန်း"

ကျီဝူကျိုး ခေါင်းငုံ့ထားတယ်၊ သူမမျက်ဝန်းတွေကို သူ မကြည့်ရဘူး။ သူ့ဘက်မှာ တုန့်ပြန်မှုတွေ ဖြစ်နေပေမဲ့ ဘာမှမလုပ်မိဖို့ သူ့ကိုယ်သူ ပြောနေတယ်။ ကျန်းကျန်းက အစောနလေးတင်က ထိတ်လန့်ထားရတာ၊ အခု သူမကို လာထိတွေ့တာမျိုး ဘယ်လိုမှ ကြိုက်မှာ မဟုတ်ဘူး။ ဒါကြောင့် သူ အနာကို ဆားသွားမသိပ်ဖို့ လိုတယ်။

‌ရေထဲရောက်သွားတော့ ယဲ့ကျန်းကျန်းလည်း နည်းနည်း အသိပြန်ဝင်လာတယ်။ သူမ နည်းနည်းလေး ရှက်နေတာကြောင့်

"ကျွန်တော်မျိုးမ အားနည်းနည်း ရှိနေပါပြီ၊ ကျွန်တော်မျိုးမဖာသာ ရေချိုးလိုက်မယ်လေ"

ကျီဝူကျိုးလည်း အခုမှ လွတ်လပ်သွားတော့တယ်။ သူမကို ‌ရေချိုးသဘက်ပေးလိုက်ပြီး ထွက်လာခဲ့တယ်။ သူမနဲ့ ဆယ်လှမ်းလောက်အကွာမှာ သူ့ကိုယ်သူ ရေစချိုးတော့တယ်။

သူတို့နှစ်ယောက်လုံး ရေချိုး အဝတ်အစားလဲပြုပြီးတဲ့အခါ မြစ်ကမ်းခြေမှာ ထိုင်ရင်း တစ်ယောက်ဆံပင် တစ်ယောက်သုတ်ပေးနေကြတယ်။ လရောင်ကလည်း တောက်ပနေပြီး မြက်ခင်းလွင်ပြင်ဒေသတစ်ခုလုံး မြူတွေ ဆိုင်းနေတယ်။

လမင်းရဲ့အလင်းရောင်‌ကြောင့် သူမရဲ့ပါး အယောင်ကျသွားတာကို ကျီဝူကျိုး မြင်နိုင်တယ်။ ဒါပေမဲ့ သူမရဲ့ပါးနှစ်ဖက်လုံး နီမြန်းနေတုန်းပဲ။ ကြည့်ရတာ ဆေးက အတော်ပြင်းတယ်နဲ့ တူတယ်။ ဒါကြောင့်မို့ အပြည့်အဝတော့ ‌ဆေးမပြယ်သေးဘူး။ ဒါပေမဲ့ အခု ကျီဝူကျိုး သူ့ကိုယ်သူ အတော်လေး ထိန်းချုပ်ထားပြီး သူမဆံပင်ကို ရေသုတ်ပေးနေတယ်။  သူမရဲ့အကြည့်မှာ မျှော်လင့်စောင့်စားနေတဲ့အရိပ်အယောင်လေးကို မြင်ရတော့ တည်ငြိမ်နေတဲ့သူ့နှလုံးသားလေးက တဖန် လှုပ်ခတ်လာရပြန်တယ်။ ကျီဝူကျိုး သူမကို မကြည့်ရဲတော့ဘဲ သူမဆံပင်ကိုသာ သုတ်ပေးနေတယ်။

ဆံပင်မခြောက်တခြောက်အနေအထားရောက်တဲ့အခါ ယဲ့ကျန်းကျန်း အိပ်ချင်တယ်ပုံဖြစ်နေပြီမို့ ကျီဝူကျိုး သူမဆံပင်ကို ကျောက်စိမ်းဖြူဖဲကြိုးလေးနဲ့ စည်းပေးလိုက်တယ်။

အဲ့ဒီနောက်မှာတော့ ယဲ့ကျန်းကျန်းဘက်က လက်ဦးမှုယူပြီး ကျီဝူကျိုးရဲ့ရင်ခွင်ထဲ တိုးဝင်လာတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက် လရောင်အောက်မှာ ပွေ့ဖက်ထားကြတယ်။ သိပ်မကြာခင်မှာပဲ သူ့ရင်ခွင်တဲ့လူက အနည်းငယ် တုန်ယင်နေတာကို ခံစားရတယ်။

"ကျန်းကျန်း မင်း ချမ်းလို့လား"

"မဟုတ်ပါဘူး"

ယဲ့ကျန်းကျန်းရဲ့အသံက ငိုမဲ့မဲ့လေး ဖြစ်နေတယ်။

"ကျွန်တော်မျိုးမ ပူလောင်နေတုန်းပဲ"

ဒီလိုပူလောင်ပြင်းပြမှုမျိုးက သူမအသွေးအသားထဲကနေကို အော်ဟစ်နေပြီး ရေအေးအေးနဲ့ ရေချိုးချတာတောင် အပူငြိမ်းသွား‌အောင် မစွမ်းသာဘူး။

"ကျန်းကျန်း စိတ်ငြိမ်ငြိမ်ထားနော်၊ စိတ်တင်းထားပါဦး၊ အဆင်ပြေသွားမှာပါ"

ယဲ့ကျန်းကျန်း ငယ်ငယ်ကတည်းက ဘယ်တော့မှ သင်လည်းမတတ်တဲ့အရာက "စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းခြင်း" ပဲ ဖြစ်တယ်။ ကျီဝူကျိုးရဲ့ အင်္ကျီလက်စကို ဆွဲရင်း သူမခေါင်းလေးကို သူ့ရင်ခွင်ထဲ တိုးလိုက်တယ်။

"ကျွန်တော်မျိုးမ နေရအဆင်မပြေဘူး"

ဒီလိုခံစားချက်မျိုးက သူမအရိုးထဲကကို ယားယံနေသလိုမျိုး၊ မသိရင် တစ်ခုခုလုပ်လိုက်မှသာ ဒီအပူက ငြိမ်းသွားတော့မလို ခံစားရတယ်။

ကျီဝူကျိုးလည်း ဘာလုပ်ပေးရမလဲ မသိတော့ဘူး။ သူ မလိုချင်ပါဘူးလို့ပြောရင် ဒါက လိမ်ညာတာပဲ။ ဒါပေမဲ့ ယဲ့ကျန်းကျန်း ဒီအတွက် အဆင်သင့်ဖြစ်နေပြီလား သူ မသိသေးဘူး။ တကယ်လို့ သူသာ ထပ်ပြီး အမှားလုပ်ခဲ့မိရင် ....

"ဒါဆို မင်း ဘာလုပ်ချင်လဲ"

ကျီဝူကျိုး သူမကိုပဲ ဆုံးဖြတ်ခိုင်းလိုက်တယ်။

"ကျွန်တ်ောမျိုးမ မသိဘူး"

ယဲ့ကျန်းကျန်း ၂ခါပဲ အတူနေဖူးတဲ့အပြင် အဲ့နှစ်ခါလုံးကလည်း သူမအတွက် ကောင်းတဲ့အမှတ်တရတွေ မဖြစ်ခဲ့ဘူး။ အခု သူမ ခံစားနေရတဲ့ခံစားချက်နဲ့ အဲ့ခံစားချက်တွေနဲ့ကို သူမ တွဲပြီး မစဉ်းစားမိသေးဘူး။ အခု သူမ ဘာလုပ်ရမလဲ မသိဘူး၊ သူမရဲ့ တွေးတောနိုင်စွမ်းက သူမကို ဘာအဖြေမှ မပေးနိုင်ဘူးဖြစ်နေတယ်။ ဒါကြောင့်မို့ ဘာလုပ်ရမလဲဆိုတာနဲ့ပတ်သက်ပြီး သူမ နှလုံးသားနောက် လိုက်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။

ယဲ့ကျန်းကျန်း သူ့အင်္ကျီကော်လံကို ဆုပ်ကိုင်လိုက်တော့ ညှပ်ရိုးအနည်းငယ်‌ ပေါ်သွားတယ်။ ခဏလေးတောင် တွေးမနေတော့ဘဲ သူမ သူ့ညှပ်ရိုးကို နမ်းလိုက်တယ်။ နမ်းရုံတင် အားမရလို့ သူမလျှာလေးနဲ့ပါ ညှပ်ရိုးတလျှောက်ကို လျက်လိုက်တယ်။

အစကတည်းကမှ ကျီဝူကျိုးရဲ့ လှုပ်ခတ်နေတဲ့ နှလုံးသားလေးက အခုလို ကျီစယ်ခံလိုက်ရပြီ။ ကျီဝူကျိုး သူမပုခုံးကို ကိုင်လိုက်တယ်၊ အစကတော့ သူမကို တွန်းထုတ်မလို့ပါပဲ ဒါပေမဲ့ ဘာကြောင့်ရယ်မသိ သူ့လက်တွေက သူမခေါင်းကို ရောက်သွားပြီး ခပ်ဖွဖွလေး ပွတ်ကာ ညည်းနေမိတယ်။

"ကျန်းကျန်း ...."

သူ့ဘက်ကလည်း ဆန္ဒရှိတာကို တွေ့ရတော့ ယဲ့ကျန်းကျန်း ခေါင်းမော့လာတယ်။ အစာတောင်းနေတဲ့ ငှက်ကလေးလိုပဲ သူမကိုယ်လေးကို အနည်းငယ် ဆန့်ထားတယ်။ သူမရှေ့က လှုပ်နေတဲ့သူ့လည်ဇလုပ်ကို တွေ့ တော့ သူမ နမ်းဖို့ အရှေ့ကို တိုးလာလိုက်ပြီး ဖြေးဖြေးချင်း နမ်းစုပ်လိုက်တယ်။ ကြည့်ရတာ ဒီဟာက အရသာတစ်ခုခုတော့ ရှိနေပုံပဲ၊ အရသာ ၅ပါးထဲမှာ မပါပေမဲ့ လူကို စွဲမက်စေတယ်။

ယဲ့ကျန်းကျန်းကြောင့် ကျီဝူကျိုးခမျာ ဝိညာဥ်လွင့်နေသလားတောင် ခံစားလာရတယ်။ လက်တစ်ဖက်က သူမရဲ့ ခါးသွယ်သွယ်လေးကို ကိုင်ထားပြီး နောက်တစ်ဖက်က သူမခေါင်းကို ထိန်းထားပေးတယ်။ သူ မော့လိုက်ပြီး သူမကို ဆက်နမ်းလို့ရအောင် နေရာလုပ်ပေးလိုက်ပြီး ဖြေးဖြေးချင်း မျက်လုံးမှိတ်လိုက်တယ်။ 


"ကျန်းကျန်း ...."

ကျီဝူကျိုးရဲ့အသံက တဖြေးဖြေးနဲ့ ဝေဝါးလာတယ်။ သူ့လည်ပင်းက နူးညံ့ပြီး ယားယံလာတယ်။ ဒီခံစားချက်က သူ့တကိုယ်လုံးကို ပျံ့နှံ့သွားပြီး သူ ဆက်ပြီး သူ့ကိုယ်သူ ထိန်းချုပ်မထားနိုင်‌တော့ဘူး။ သူ လှည့်လိုက်ပြီး ယဲ့ကျန်းကျန်းကို အောက်ကို ရွေ့ကာ စွဲစွဲမက်မက်နဲ့ စနမ်းတော့တယ်။

ယဲ့ကျန်းကျန်း ဘာကြောင့်ရယ်မသိ နမ်းလိုက်တိုင်းမှာ သူမကိုယ်ထဲက အဆင်မပြေဖြစ်နေတဲ့ခံစားချက်က တဖြေးဖြေး လျော့ပါးလာသလို ခံစားရတယ်။ သူမဘက်ကလည်း အတူစီးမျောပါဝင်ပြီး သူမပါးစပ်ကို ဖွင့်ပြီးတောင် သူ့ကို ကြိုဆိုလိုက်တယ်။

ကျီဝူကျိုး သူမကို နမ်းရင်း အဝတ်အစားတွေ ချွတ်လိုက်တယ်။ ထို့နောက် သူမ လှဲရအောင် ချခင်းထားပေးလိုက်တယ်။

ယဲ့ကျန်းကျန်း လှဲလိုက်တယ်။ လေအေးကြောင့် သူမ ကြက်သီးထသွားပေမဲ့ သူမကိုယ်ထဲက ပူ‌လောင်တဲ့ဆန္ဒကိုတော့ အေးသွားအောင် မလုပ်ပေးနိုင်ဘူး။ အဲ့အစား သူမ ကျီဝူကျိုးရဲ့အကြည့်အောက်မှာ ပိုလို့တောင် ပူလောင်လာသလို ခံစားရတယ်။

ဒီအခြေအနေမှာ ဘာဆက်ဖြစ်တော့မလဲဆိုတာတော့ သူမ သိပြီးသားဖြစ်တယ်။ သူမစိတ်ထဲ အနည်းငယ်တော့ မလိုလားသလို ရှိပေမဲ့ အရင်ကထက်တော့ ပိုပြီး ပွင့်ပွင့်လင်းလင်း ဖြစ်လာတာကြောင့် သူမရဲ့ မလိုလားတဲ့ခံစားချက်ကို သူမကိုယ်ထဲကအပူက တွန်းထုတ်ပစ်လိုက်တယ်။

ကျီဝူကျိုး သူမအပေါ်မှာ မျက်နှာတစ်ခုလုံးကိုပဲ နမ်းနေတာ မဟုတ်ချေ။ သူ့ညီငယ်လေးက နာကျင်ငိုကြွေးနေပြီဆိုပေမဲ့ ယဲ့ကျန်းကျန်းဘက်က လိုလိုလားလားနဲ့ ခွင့်ပြုတာမျိုးကိုပဲ လိုချင်တာကြောင့် သူ လောလို့မဖြစ်ဘူး။

ကျန်းကျန်းလည်း သူမကိုယ်သူမ ဘာအသံတွေ လုပ်မိနေလဲတောင် မသိတော့ဘူး။ သူမ သိတာဆိုလို့ အခု သူမကိုယ်က ပူနေတယ်ဆိုတာပဲ။ ပူလွန်းလို့ မကြာခင် သွေးကြောတွေတောင် ပေါက်ထွက်တော့မလိုပဲ။ နောက်ပြီး ပူလောင်ပြင်းပြနေတဲ့နေရာတွေကလည်း ကျီဝူကျိုး သူမကို နမ်းဖူးတဲ့နေရာတွေပဲ ဖြစ်တယ်။

ဒီလိုခံစားချက်က ဆန်းကြယ်ပြီး သစ်လွင်နေတယ်၊ ကြည့်ရတာ ဒါ သူမ လိုချင်တောင့်တနေမိတဲ့အရာပဲ ထင်ပါရဲ့။

"ကျန်းကျန်း ကိုယ် ဝင်လာချင်တယ်။ ဝင်လာလို့ရမလား"

ကျီဝူကျိုး အသံတိုးတိုးနဲ့ ပြောလိုက်တယ်။

"အွန်း"

ယဲ့ကျန်းကျန်း မျက်စိမှိတ်ရင်း ပြန်ဖြေလာတယ်။

ကျီဝူကျိုး ဝင်လာတဲ့အခါ ယဲ့ကျန်းကျန်းဆီက အော်သံတစ်ခု ထွက်လာတယ်။ ထို့နောက် မျက်ရည်တွေပါ ကျလာတော့တယ်။ သူမ အံကြိတ်ရင်း မျက်လုံးကို တင်းတင်းမှိတ်ကာ သူမမျက်တောင်လေးတွေက လိပ်ပြာတောင်ပံလေးတွေလို ပုတ်ခတ်ပုတ်ခတ် လုပ်နေတယ်။ မသိရင် သူမ တစ်ခုခုကို ထိန်းချုပ်မျိုသိပ်ဖို့ လုပ်ထားရသလိုပဲ။

သူမရဲ့အမူအရာကြောင့် ကျီဝူကျိုး လန့်သွားတယ်။

"နေလို့ကောင်းလိုက်တာ"

ယဲ့ကျန်းကျန်းက ပြောလာတယ်။ သူမအသံလေးက ငိုမဲ့မဲ့ ဖြစ်နေသေးပေမဲ့ သိပ်ကို ချိုမြိန်နေပြီး အလိုလိုက်ခံရလို ကြောင်မလေးလိုပဲ။
"....."

ကျီဝူကျိုး အခုမှပဲ စိတ်အေးသွားတော့တယ်။

"ဆက်လုပ်ပါနော်"

သူမက တောင်းဆိုလာတယ်။

ကျီဝူကျိုး သူမမျက်ရည်တွေကို နမ်းရှုပ်လိုက်ရင်း

"မှန်လှပါ့ ဧကရီမယ်မယ်ဖုရား"

မြစ်ကမ်းနဘေးမှာ အဖြူရောင်အချစ်ငါးလေးနှစ်ကောင် အချိန်ကြာမြင့်သည်အထိ မနားတမ်း ပျော်ရွှင်မြူးတူးနေကြတယ်။ ဟိုးအဝေးက လမင်းတောင်မှ မျက်စိရှက်လာပြီး တိမ်တွေကြား ပြေးပုန်းနေရတော့တယ်။

ရွှေနန်းထက်က ဧကရီWhere stories live. Discover now