Chapter 78

957 79 1
                                    

Empress with no Virtue

Chapter 78

Translator _ Utopia

ယဲ့လိန်ထင်က သူမကို ဇာတ်လမ်းရှည်ကြီးတစ်ပုဒ် ပြောပြခဲ့တယ်။ နားထောင်ပြီးသွားတဲ့နောက် သူမစိတ်ထဲ အချိုးအကွေ့များတဲ့ပြဇာတ်တစ်ပုဒ်ကို နားထောင်လိုက်ရသလိုပဲ။

ဇာတ်လမ်းတစ်ပုဒ်ကို နားထောင်ရတာက ဒီလောက်တောင် စိတ်ပင်ပန်းရမယ်လို့ သူမ မသိခဲ့ဘူး။ ဇာတ်လမ်းအဆုံးမှာ သူမခြေထောက်တွေတောင် တုန်ယင်နေတယ်။

တကယ်ကို လက်တွေ့ဘဝကအဖြစ်အပျက်တွေက ပြဇာတ်တစ်ပုဒ်ထက်တောင် ပိုစိတ်ဝင်စားဖို့ကောင်းတယ်။

"ပန်ကုန်း နားလည်ပြီ။ ယဲ့ကော ဒီအကြောင်းတွေကို တခြားသူတစ်ယောက်ကို မပြောမိပါစေနဲ့"

"စိတ်ချပါ"

ယဲ့လိန်ထင် ထွက်သွားတဲ့အခါ ကြာကန်နားမှာ ယဲ့ကျန်းကျန်း တစ်ယောက်တည်း ကျန်ရစ်ခဲ့တယ်။ ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်ရင်း သူမစိတ်က ဘယ်လိုမှ မငြိမ်းအေးနိုင်ဘူးဖြစ်နေတယ်။ အချိန်အနည်းငယ်ကြာမှသာ သူမ စိတ်တည်ငြိမ်သွားတော့တယ်။ အဲ့အချိန်မှာပဲ ယဲ့ရှိုးမင်ရောက်လာပြီး သူမကို ခေါ်လာတယ်။

"ကျန်းကျန်း အဖိုး မြေးကို ပြောချင်တာရှိတယ်"

"အဖိုး ပြောပါ"

အစောနက အကြောင်းတွေ နားထောင်ပြီးတဲ့နောက် အဖိုးဆီက ဘာတွေ ထပ်ကြားရပါစေ အခုထက်တော့ ပိုမဆိုးနိုင်တော့ပါဘူး။

ယဲ့ရှိုးမင် အနားကို လျှောက်လာတယ်။ အသက်ကြီးလာတာကြောင့် ခါးက အနည်းငယ်ကုန်းနေပြီး အရင်ကလို သန်သန်မြန်မြန် မရှိတော့ဘူး။ ကျန်းကျန်းကို ကြည့်ရင်း သူ့မျက်လုံးတွေက နူးညံ့ကြင်နာလာတယ်။ ဒီအကြည့် သူ့သားသမီးမြေးမြစ်တွေရှေ့ရောက်တဲ့အခါမှသာ မြင်ရတတ်တဲ့ အဖိုးတစ်ယောက်ရဲ့အကြည့်ဖြစ်တယ်။ သူ့နှုတ်ခမ်းက တစ်ခုခုကို ပြောမလို့ လှုပ်လိုက်ပေမဲ့ အလေးချိန်ထောင်ပေါင်းများစွာ ဖိစီးခံထားရသလိုမျိုး ‌နောက်ဆုံးကျ ဘာအသံမှာ ထွက်မလာနိုင်ခဲ့ချေ။ သူ့မြေးမလေးကိုသာ ကြည့်နေတယ်၊ သူမလေးက အရင်လို ကစားမက်တဲ့ကလေးမလေး မဟုတ်တော့ဘဲ အိမ်ထောင်တောင် ကျလို့ အမျိုးသမီးတစ်ယောက် ဖြစ်လာခဲ့ပြီ။ ငယ်ငယ်တုန်းကလို အဖိုးကို သူမ ခေါင်းမှာဖဲကြိုးလေး ကူစည်းခိုင်းတတ်တဲ့ ကလေးမလေး မဟုတ်တော့ချေ။ အချိန်တွေက သိပ်ကို မြန်တာပဲ။

ရွှေနန်းထက်က ဧကရီOnde as histórias ganham vida. Descobre agora