Chapter 90

1K 81 1
                                    

Empress with no Virtue

Chapter 90

Translator- Utopia

ကျီလီယို့ ပေးပို့လာတဲ့ စာထဲမှာ ကျီဝူကျိုးကို ပိုင်ဟွားတောင်ပေါ်  ဝူရှီးအချိန် (မနက် ၁၁ - နေ့လယ် ၁နာရီ) တစ်ယောက်တည်း လာခဲ့ရန်၊ မဟုတ်ရင် ယဲ့ကျန်းကျန်းရဲ့အသက်ကို အာမ မခံဘူးလို့ ရေးသားထားတယ်။

တော်ဝင်နန်း‌တော်က အစောင့်အကြပ်တွေ တင်းကျပ်တာမို့ ကျီလီယို့ရဲ့လူတွေ နန်းတော်ထဲကို ပစ်စာပေးလို့ မရဘူး။ ဒါကြောင့်မို့ ဖန့်ရှိုးချင်းရဲ့ စာကြည့်ခန်းတံခါးဝဆီပဲ စာကို မြှားနဲ့တွဲပြီး ပစ်ပို့လိုက်တယ်။ စာပေါ်မှာ အခုလို ရေးသားထားတယ်၊ 'ဧကရာဇ်ဆီသို့၊ ကိုယ်ရေးကိုယ်တာ၊ အတွင်းရေး'။

ဒီလိုနဲ့ ဖန့်ရှိုးချင်းလည်း အရှင်မင်းကြီးဆီ စာကို ဆက်သခဲ့တယ်။

ပိုင်ဟွားတောင်က မြို့တော်ရဲ့ တောင်ဘက်စွန်းမှာ တည်ရှိတယ်။ တကယ်တော့ ကျန်းကျန်းကို ဖန်ရှန်းကို သူ ခေါ်လာတာ ကျီဝူကျိုး သိထားပြီးသားဖြစ်တယ်။ သူတို့ ထန်ကျင်းဝေ့ကို ရောက်တဲ့အချိန်မှာ ကျီလီယို့ လွှတ်ထားတဲ့သူလျှိုကို ပြန်ခိုင်းလိုက်တယ်။ အလျင်စလို လုပ်လိုက်ရင် တစ်ဖက်ရန်သူက သတိထားမိသွားမှာစိုးတာကြောင့် သူ့နောက် ခပ်ဝေးဝေးကနေပဲ လိုက်လာခဲ့တယ်။

တစ်ဆက်တည်းမှာပဲ ကျီလီယို့လည်း သူလျှိုတစ်ယောက်ကို ဆုံးရှုံးလိုက်ရတော့တယ်။

စာရပြီးတဲ့နောက် ကျီဝူကျိုး အစီအစဥ် စချတော့တယ်။ ပထမဦးစားပေးက ကျန်းကျန်းရဲ့အသက်ပဲ။ ဓားစာခံကို ကာကွယ်ချင်တာဖြစ်တာကြောင့် ကျီလီယို့ဘက်က တောင်းဆိုသမျှကို အတတ်နိုင်ဆုံး လိုက်လုပ်ပေးရတယ်။

ယဲ့ကျန်းကျန်းကို နည်းနည်းတောင် အထိခိုက်မခံနိုင်တာကြောင့် ကျီဝူကျိုး ပိုင်ဟွားတောင်ကို တစ်ယောက်တည်း တက်လာခဲ့တယ်။ ကိုယ်ရံတော်တွေက သူ့နောက် စိတ်ပူပြီး လိုက်လာရင် ကိစ္စတွေ ကမောက်ကမ ဖြစ်သွားမှာစိုးတာကြောင့် သူတို့အားလုံးကို ကြိုးတုတ်ပြီး ထားခဲ့တယ်။

ရွှေနန်းထက်က ဧကရီWhere stories live. Discover now