Chapter 35

2.2K 235 7
                                    

Empress with no Virtue
Chapter 35
Translator – Utopia
 
“မယ်တော် ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ”
 
သူ့မယ်တော် ဒီကိုရောက်နေတာကို တွေ့တဲ့အခါ ကျီဝူကျိုးရဲ့မျက်နှာက ပိုလို့ မည်းမှောင်သွားတယ်။ ဒီမြင်ကွင်းကို မြင်ရတာ သူ မပျော်ပေမဲ့လည်း သူ့မယ်တော် ရှာတွေ့သွားမှာကိုတော့ တကယ်မလိုချင်ခဲ့တာ။
 
“ငါ ဘာလို့ လာလို့မရရမှာလဲ။ ဟိုးအရင်ကတည်းက အနောက်နန်းဆောင်ကိစ္စတွေထဲ ငါ ဝင်မပါတော့ပေမဲ့ ဘယ်လိုလူမျိုးမှ အနောက်နန်းဆောင်ရဲ့ ငြိမ်းချမ်းရေးကို ဖျက်ဆီးခွင့်ပြုမှာ မဟုတ်ဘူး။ ဒါ့ကြောင့်မို့ ဒီတစ်ခါတော့ ငါ တင်းတင်းကြပ်ကြပ် ကိုင်တွယ်ရလိမ့်မယ်။ တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာနဲ့သွေးဆက်ကို ညစ်ညမ်းစေမယ့် ဘယ်လိုအရာမျိုးမှ ဒီနေရာမှာ ဖြစ်ခွင့်မပြုနိုင်ဘူး”
 
မယ်တော်ကြီးက အနားကို တိုးလျှောက်လာရင်း ပါးစပ်ကနေ မနားတမ်း ထေ့ငေါ့ပြော‌ဆိုနေတယ်။
 
“ယင်းဟွာခန်းမဆောင်မှာ ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ ဧကရီမိဖုရားခေါင် နင် ဗိုလ်ကြီးလုနဲ့ တွေ့ချင်တယ်ဆိုလည်း အနည်းဆုံး ဘုရားကိုတော့ ရှောင်သင့်တယ်”
 
သူမရဲ့စကားတွေက နားထဲကြားရတာ ထော်လော်ကန့်လန့်ဖြစ်နေတယ်။ တကယ်လို့ သူတို့ တွေ့ချင်တယ်ဆိုရင်တောင်မှ ဘာလို့ ဘုရားကို ရှောင်ရမှာလဲ။ မသိရင် သူတို့နှစ်ယောက်က တကယ်ပဲ မကောင်းတာတစ်ခုခု လုပ်နေသလိုပုံမျိုးနဲ့။
 
ယဲ့ကျန်းကျန်း တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရတယ်။ သူမ တစ်ခါမှ ဒီလို ခုခံနေရတဲ့အနေအထားမျိုး မရောက်ခဲ့ဖူးဘူး။ သူမလက်သီးဆုပ်ကို ဖြေလိုက်ရင်း စိတ်ကို တည်ငြိမ်အောင်လုပ်ကာ အသံမှန်မှန်နဲ့ ပြောလာတယ်။
“မယ်‌တော် အများကြီး လျှောက်တွေးနေပါပြီ။ ကျွန်တော်မျိုးမ ဒီနေရာကို သိုင်းလေ့ကျင့်ဖို့လာရင်း ဗိုလ်ကြီးလုနဲ့ အမှတ်မထင် တွေ့ဖြစ်ခဲ့တာ။ သူ သိုင်းတော်တယ်ဆိုတာ အားလုံးလည်း သိကြတာပဲ။ ဒါ့ကြောင့်မို့ သူ့ကို မေးခွန်းတချို့ မေးမြန်းခဲ့ရုံတင်။ ဘုရားကလည်း ဒီလိုကိစ္စလောက်ကိုတော့ ‌အမျက်ရှမယ်လို့ မထင်ဘူး”
“အမှတ်မထင်? ဗိုလ်ကြီးလုက ဒီနေ့ တာဝန်ကျတဲ့နေ့မဟုတ်ဘူး။ ဘယ်လိုလုပ် အမှတ်မထင်ဖြစ်နိုင်မှာလဲ”
 
ယဲ့ကျန်းကျန်းကလည်း ပြန်သရော်လိုက်တယ်။
 
“မယ်တော်က တကယ် အကုန်သိနေတာပဲ။ ဗိုလ်ကြီးလု ဘယ်နေ့တာဝန်ကျလဲဆိုတာကအစ အကုန်သိတယ်”
နောက်တမျိုးပြောရရင် ဒီမြင်ကွင်းက ရှင်ကြံစည်ထားတာပဲလို့ ပြောလိုက်ဝာာပဲဖြစ်တယ်။
 
စကားနိုင်လုတဲ့နေရာမှာ မယ်တော်ကြီး ယဲ့ကျန်းကျန်းကို တကယ် မနိုင်တဲ့အတွက် ကျီဝူကျိုးကို လှမ်းကြည့်ရင်း
 
“သားတော်ရဲ့ဧကရီမိဖုရားခေါင်နဲ့ သူမငယ်သူငယ်ချင်းက ဒီနေရာမှာ လာတွေ့နေကြတာ သားတော်မှာ ဘာမှပြောစရာမရှိတော့ဘူးလား”
 
ကျီဝူကျိုး တစ်လျှောက်လုံး ယဲ့ကျန်းကျန်းကိုပဲ ကြည့်နေတယ်။ သူ့မယ်တော်ပြောတဲ့စကားတွေက သူ့ကို မပျော်ရွှင်စေပေမဲ့လည်း အခုအချိန်မှာတော့ တကယ် ဘာဖြစ်ခဲ့တာလဲဆိုတာ သူ သိချင်မိတယ်။ အသက်ကို ပြင်းပြင်းရှူလိုက်ရင်း
 
“ဧကရီ မင်းဖာသာမင်း ရှင်းပြဖို့ အခွင့်အရေးပေးမယ်”
 
“အရှင်မင်းကြီး တကယ်ပဲ ကျွန်တော်မျိုးမ ရှင်းပြတာကို ကြားချင်လို့ ဒီရောက်နေတာလား”
 
ကျီဝူကျိုးရဲ့မျက်နှာက မည်းမှောင်သွားတယ်။ မယ်တော်ကြီးက သူမကို ထအော်လိုက်တယ်။
 
“ဘယ်လိုတောင် ဧကရာဇ်ကို ဒီလိုပြန်ပြောရဲနေတာလဲ! တကယ်ကို စည်းလွတ်ကမ်းလွတ် ဖြစ်နေတာပဲ! လူတွေ လာစမ်း ဒီလော်လီဖောက်ပြားတဲ့အတွဲကို ဖမ်းကြ!”
 
လူတွေ ယဲ့ကျန်းကျန်းဆီ သွားမလို့ လုပ်လိုက်တုန်းမှာပဲ ပြူးကျယ်တဲ့မျက်လုံးနဲ့ သူမက ရှေ့တစ်လှမ်းတိုးလာပြီး
“မယ်တော် အနောက်နန်းဆောင်အရေးကို တွေးပေးတာ ကျွန်တော်မျိုးမ နားလည်ပေးလို့ ရပါတယ်။ ဒါပေမဲ့ လူတစ်ယောက်ကို ဘာသက်သေမှမရှိဘဲ ဖမ်းတာကတော့ စည်းမျဉ်းတွေနဲ့ မလျော်ညီမှာကို စိုးရိမ်မိတယ်”
 
လုပ်ရဲရင် သက်သေရှာပြလေ!
 
ယဲ့ကျန်းကျန်း ဒီလိုပြောမယ်ဆိုတာ မယ်တော်ကြီးကလည်း သိတာမို့ လက်ဟန်ပြလိုက်ပြီး
“သူ့ကိုယ်ကို ရှာစမ်း”
သူတို့ရှာမတွေ့ရင်တောင်မှ ကိစ္စမရှိပါဘူး။ ဒီတစ်ခါတော့ ယဲ့ကျန်းကျန်းကို အလွတ်မပေးဘူးလို့ မယ်တော်ကြီး တွေးလိုက်တယ်။
 
“ဒါဆိုလည်း ဗိုလ်ကြီးလုကိုပဲ ဖြေရှင်းချက်ပေးခိုင်းကြတာပေါ့။ နင် ဘာလို့ ဒီကိုရောက်နေပြီး ဧကရီမိဖုရားခေါင်နဲ့ ပျော်ပျော်ရွှင်ရွှင် ပြောဆိုဆက်ဆံနေကြတာလဲ”
 
တကယ်တော့ မယ်တော်ကြီးကို နှုတ်ဆက်ပြီးကတည်းက လုလီက နှုတ်ဆိတ်နေခဲ့တာ ဖြစ်တယ်။ အခုမှ နောက်ဆုံးတော့ သူ့ပါးစပ်ကို ဟလာတယ်။
 
သူ့စကားတွေက တဲ့တိုးပဲ ဘွင်းဘွင်းပြောလာမို့ ယဲ့ကျန်းကျန်းတောင် အဲ့တာကို ယုံလာတယ်။
 
ဒါပေမဲ့ ပစ္စည်းတစ်ခုနဲ့ အမိန့်ပေးလိုက်တယ်ဆိုတာက နည်းနည်းတော့ ထူးဆန်းနေတယ်။ အရှင်မင်းကြီးမှာ စာရွက်နဲ့မင်လည်း မရှိနေတာမဟုတ်၊ စာတစ်စောင်ရေးတာဖြစ်ဖြစ် ဘာဖြစ်ဖြစ် ဒါမှမဟုတ် အနီးကပ်ခစားတဲ့ ကုန်းကုန်းတစ်ယောက်ကို လွှတ်ပြီးတော့ ဖြစ်ဖြစ် အမိန့်ပေးလို့ ရတာပဲ။ ဒါပေမဲ့ ပစ္စည်းတစ်ခုနဲ့ အမိန့်ပေးလိုက်တယ်ဆိုတာက ...
 
 
“အို? အဲ့ကုန်းကုန်းက မင်းကို ဘာပေးခဲ့တာလဲ”
နဂါးရုပ်ထွင်ထားတဲ့ ကျောက်စိမ်းဖြူအဆင်တန်ဆာပဲ ဖြစ်တယ်။ အဖြူရောင်နဲ့ အနွေးဘက်ရောင်ကို သွားပြီး သေချာပေါက် တွေ့ဖို့မလွယ်တဲ့ အရည်အသွေးမြင့်ပစ္စည်းဖြစ်တယ်။ အဲ့ဒါက အဓိကအချက်တော့ မဟုတ်ဘူး။ အဓိကအချက်က အဲ့ပစ္စည်းက ကျီဝူကျိုးပိုင်တဲ့ဟာဆိုတာပဲ။ ကျောက်စိမ်းက အဖြူရောင်ဖြစ်ပြီး ဆောင်းဦးရာသီမှာ သူ ဝတ်ဆင်တတ်တယ်။ ဆောင်းတွင်းရောက်ကတည်းက မဝတ်ဖြစ်တော့ဘဲ သိမ်းထားခဲ့ခိုင်းပြီးပြီဟာကို ဘယ်လိုလုပ် လုလီဆီ ရောက်နေရတာလဲ။
သူတင်မကဘူး ကျောက်စိမ်းကို ကြည့်နေကြတဲ့သူတွေအားလုံးလည်း ဘာဖြစ်ကုန်တာလဲဆိုပြီး တွေးမိကုန်ကြတယ်။ မယ်တော်ကြီး တွေးနေတာက သူ့သားကလည်း တစ်ဖက်တည်းပဲလားပေါ့။ ဒါပေမဲ့ ဒီလိုနည်းလမ်းကို သုံးတာက ရှာတွေ့ဖို့ရာ သိပ်လွယ်လွန်းတယ်။ ယဲ့ကျန်းကျန်းတွေးမိတာက ... ဆိုတော့ ကျီဝူကျိုး လက်ချက်ပေါ့။ ဒါပေမဲ့ သူမကို ဒီလိုမျိုး ထောင်ချောက်ဆင်တာက တော်တော် ရက်စက်လွန်းတယ်!
လုလီတစ်ယောက်သာ မှင်သေသေနဲ့ အပြစ်ကင်းတဲ့ပုံ ပြနေတယ်။
 
ကျီဝူကျိူး ကျောက်စိမ်းကို ကိုင်ရင်း
ကြည့်ရတာ တစ်ယောက်ယောက်က ငါကိုယ်တော်အမိန့်ကို အတုလုပ်ခဲ့တာပဲနေမှာ။ မင်း ထလို့ရပြီ”
 
“အဲ့ကုန်းကုန်းက ဘယ်သူလဲသိလား။ သူ့မျက်နှာကို မှတ်မိလား”
“အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ သူ့ကို ကျွန်တော်မျိုး မသိပေမဲ့ မှတ်တော့မှတ်မိပါတယ်”
 
“ဒီလိုဆို ကိုယ်တော် သေချာစစ်ဆေးဖို့ လိုလိမ့်မယ်။ ဘယ်သူက အဲ့လောက် သတ္တိကောင်းပြီး ဧကရာဇ်ရဲ့အမိန့်ကိုတောက် တုပရဲတာလဲဆိုတာ သိရအောင်လို့”
 
မယ်တော်ကြီးရဲ့စိတ်ထဲမှာတော့ ဒီအဆုံးသတ်ကို လက်မခံနိုင်ပေမဲ့ လုလီက ကျောက်စိမ်းကို ထုတ်ပြလာကတည်းက ပွဲက ပြတ်ပြီဆိုတာ သိလိုက်တယ်။ အမိန့်တော်က တကယ် ဟုတ်စေ မဟုတ်စေ သူ့မှာ ဒီကို လာဖို့ အကြောင်းပြချက် ရှိသွားပြီ။ ဒါနဲ့တင် လုံလောက်နေပြီ။ ဒါ့အပြင် အစောနက ကုန်းကုန်းတွေက သူ့ကိုယ်ကို ရှာတာ အင်္ကျီတွေအားလုံး မချွတ်ပစ်ရုံတမယ်ပဲ ရှိတယ်။ ဒါပေမဲ့ ဘာမှ ရှာလို့မတွေ့ခဲ့ကြဘူး။
 
ဒီတစ်ယောက်က တကယ်ကို ဉာဏ်နီဉာဏ်နက် များလွန်းတယ်။
 
“အထင်လွဲတာဆိုမှတော့လည်း ငါ စိတ်ပူစရာ မလိုတော့ဘူးပေါ့။ ဧကရီမိဖုရားခေါင်က ဒီနေရာမှာ ညတိုင်း သိုင်းလေ့ကျင့်နေတာဆိုတော့ ပိုဂရုစိုက်နေတာက ကောင်းလိမ့်မယ်”
 
ယဲ့ကျန်းကျန်းလည်း လူလိမ္မာနည်းနဲ့ ဘယ်လိုနှိပ်ကွပ်ရမလဲဆိုတာ သင်ယူခဲ့ပြီးသားလေ။
 
ဒီလိုနဲ့ မယ်တော်ကြီးနဲ့ ခေါင်းတထောင်ထောင်နဲ့ ရောက်ချလာပေမဲ့ ခေါင်းငိုက်စိုက်ကာ ပြန်သွားရတော့တယ်။
 
မယ်တော်ကြီး ထွက်သွားပြီးတဲ့နောက် သူမနဲ့ ခပ်ဝေးဝေးမှာ ရပ်နေတဲ့ ကျီဝူကျိုးက လှည့်လာပြီး ‌သူမကို ခေါ်လိုက်တယ်။
 
အဲ့ကျမှ ယဲ့ကျန်းကျန်းလည်း လျှောက်လာတယ်။ ကျီဝူကျိုးအနား ဖြတ်သွားတဲ့အခါ သူမလက်ကို ကိုင်ချင်ပေမဲ့လည်း ယဲ့ကျန်းကျန်းက ခါချလိုက်ပြီး အသံနိမ့်နိမ့်နဲ့ ပြောလိုက်တယ်။
 
“ရွံဖို့ကောင်းတယ်”
 
သူမအသံက အမုန်းတရားနဲ့ ရွံရွာမှုတွေ ပြည့်နှက်လို့ နေတယ်။
ဘာကြောင့်လဲမသိပေမဲ့ သူ့စိတ်ထဲ အတော်လေး သက်တောင့်သက်သာ မရှိသလို ခံစားလိုက်ရတယ်။ သူ အသိစိတ်ပြန်ကပ်တဲ့အခါကျမှပဲ သူမ သူ့ကို အထင်လွဲသွားပြီဆိုတာ သိတော့တယ်။ ကျီဝူကျိုး အမြန်ပဲ ယဲ့ကျန်းကျန်းနောက် ပြေးလိုက်သွားတယ်။
“ကိုယ် ... ကိုယ် တကယ် အဲ့ကျောက်စိမ်းအကြောင်း ဘာမှမသိဘူး”
 
ဖြေမလာသေးဘူး။
 
ဘေးက ကြည့်ရင်းမဲ့ စူးယွဲ့ စိတ်ပူနေမိတယ်။ အရှင်မင်းကြီးက ဒီလိုတောင် ဖြစ်နေပြီပဲဟာ မယ်မယ်ရယ် မျက်နှာသာ ပေးလိုက်သင့်ပါပြီ။ ဒါ့အပြင် ကျောက်စိမ်းက အရှင်မင်းကြီး ပေးတာ မဟုတ်မှန်း သိသာနေတာပဲဟာ။
 
ဒါကို ယဲ့ကျန်းကျန်းလည်း မသိဘဲ ဘယ်နေ့ပါ့မလဲ။ ကျီဝူကျိုးရဲ့အကျင့်ကို မယုံပေမဲ့လည်း သူ့ဉာဏ်ကိုတော့ ယုံတယ်။ သူမကို ထောင်ချောက်ဆင်ချင်တယ်ဆိုရင်တောင်မှ ကျောက်စိမ်းလိုဟာမျိုးကို ပေးမှာ မဟုတ်ဘူး။ ဒါက ဟာကွက်တစ်ခုပဲ။ အဲ့လိုဆိုရင်တောင်မှ သူမ စိတ်ဆိုးနေတုန်းပဲ။ သူ ကြံစည်ထားတာ မဟုတ်ရင်တောင်မှ သူမတို့နှစ်ယောက်ကို ‌ဖမ်းဖို့ ရောက်လာတာပဲလေ! ဒါ့အပြင် သူက တကယ်ကြီး သူမနဲ့ ဝမ်းကွဲအစ်ကိုတို့ကြား တစ်ခုခုရှိစေချင်နေတဲ့ပုံပဲ။
 
ဟုတ်တယ် ခိုးခဲ့တာ။ လုလီက သိုင်းပညာမှာ တော်ပြီး အထူးသဖြင့် ကိုယ်ဖော့သိုင်းမှာ ပိုကျွမ်းတယ်။ ဒါ့အပြင် နန်းတော်ထဲ ဘယ်နေရာဘာရှိတယ်ဆိုတာကအစ သူက အကုန်သိနေတာလေ။ အစောင့်အကြပ်တွေ များတဲ့နေရာက ပစ္စည်းတစ်ခုခုကို ခိုးယူဖို့ဆိုတာ သူ့အတွက်တော့ အလွယ်ကလေးပဲ။ နောက်ပြီး သူ အချိန်ရွေးတဲ့နေရာမှာလည်း မှန်သွားတယ်။ ကျီဝူကျိုး ယန်ရှင်းနန်းဆောင်မှာ အလုပ်လုပ်နေတဲ့အချိန်က အကောင်းဆုံးအချိန်ပဲ။ ကန်ချင်းနန်းဆောင်မှာ အစောင့်အကြပ် အနည်းငယ်ပဲရှိပြီး အကြီးအကဲကလည်း မရှိဘူးဆိုတော့ ပိုလို့တောင် လုပ်ရလွယ်ဝာာပေါ့။
လုလီက ရိုးသားတဲ့သူတစ်‌ယောက်ဖြစ်ပြီး တစ်ခါမှ သူ့ဘဝမှာ မခိုးမဝှက်ခဲ့ဖူးပေမဲ့ အခုကိစ္စက ကျန်းကျန်းနဲ့ ပတ်သက်လာမှတော့ သူ့အနေနဲ့ ခိုးမှရတော့မယ်။ ဧကရီမိဖုရားခေါင်ကို လော်လီဖောက်ပြားတယ်လို့ စွပ်စွဲတဲ့ကိစ္စမျိုး သူတို့ဘက်က လုပ်လာမှတော့ သူ့ဘက်ကလည်း ဘာလို့ ပြန်မလုပ်ရမှာလဲ။ တကယ် ကောက်ကျစ်တဲ့သူက ဘယ်သူလဲဆိုတာ အရှင်မင်းကြီး မြင်အောင်လို့ ပြပေးရတာပေါ့။ ဒီလိုမှ သူမအပေါ် အရှင်မင်းကြီးလည်း စိတ်ပူတာတွေ ရှင်းသွားမှာ။ နောက်တစ်ခါ တစ်ယောက်ယောက်က ဒီလိုစွပ်စွဲလာရင်တောင်မှ အရှင်မင်းကြီးက လွယ်လွယ်နဲ့ ယုံတော့မှာ မဟုတ်ဘူး။ 
 
 

ရွှေနန်းထက်က ဧကရီजहाँ कहानियाँ रहती हैं। अभी खोजें