Empress with no Virtue
Chapter 97
Translator – Utopia
ယဲ့ကျန်းကျန်း ပွဲကြမ်းဖို့ စစ်နင်နန်းဆောင်ကို ရောက်လာခဲ့တယ်။
မယ်တော်ကြီးကတော့ ဘာမှအမှားမလုပ်ထားပုံနဲ့ အေးအေးဆေးဆေးပဲ ထိုင်နေဆဲဖြစ်တယ်။ ယဲ့ကျန်းကျန်းရောက်တာလာမြင်တဲ့အခါ ရယ်မောလိုက်ရင်း
"ကလေး ဘာတွေ အဲ့လောက် အလောတကြီးဖြစ်နေတာလဲ။ ကြည့်ပါဦး ပြေးလာလိုက်တာ ချွေးတွေတောင် စို့နေပြီ"
"မယ်တော်" ယဲ့ကျန်းကျန်း အံကြိတ်လိုက်တယ် "မယ်တော်နဲ့ ပြောစရာကိစ္စရှိတယ်"
မယ်တော်ကြီး အားလုံးကို ထွက်သွားခိုင်းလိုက်တယ်။ ထို့နောက်
"တစ်ခုခုများ ပြောစရာရှိလို့လား။ မဟုတ်မှလွဲရော နန်းပြင်ထွက်ပြီး ဖြေရှင်းမှရမယ့် ကိစ္စမျိုးမို့လို့လား"
"မယ်တော်ကြီး (ထိုက်ဟုတ်) က စိုးရိမ်လွန်နေပါပြီ" အားလုံးထွက်သွားတာနဲ့ ယဲ့ကျန်းကျန်းလည်း ယဉ်ကျေးပြမနေတော့ဘူး "ပန်ကုံးက သိတာတောင်မှ နှုတ်ဆိတ်နေပေးခဲ့တယ်၊ ဘယ်တုန်းကမှ အဲ့လို အောက်တန်းကျတဲ့လုပ်ရပ်မျိုး မလုပ်ခဲ့ဘူး"
မယ်တော်ကြီး မျက်မှောင်ကျုံ့သွားပြီး သူမကို မနှစ်မြို့တဲ့ပုံနဲ့ ကြည့်လာတယ်။
ယဲ့ကျန်းကျန်း အသက်ပြင်းပြင်းရှူလိုက်ပြီး
"ဘာလို့ ပိုင်ရှန်းရူကို သတ်ချင်တာလဲ"
"ပိုင်ရှန်းရူ သေပြီတဲ့လား"
မယ်တော်ကြီး အံ့ဩပြီး မတ်တတ်ထရပ်လိုက်တယ်။
"မသေသေဘူး။ စိတ်ပျက်သွားပြီလား? သူမက ဒီလိုပဲ သေသွားလို့ မရဘူးလေ"
မယ်တော်ကြီး ဖြေးဖြေးချင်း ပြန်ထိုင်လိုက်တယ်။ ထို့နောက် အေးစက်စက်နဲ့
YOU ARE READING
ရွှေနန်းထက်က ဧကရီ
Randomရိုးသားပွင့်လင်းပြီး လွတ်လွတ်လပ်လပ်နေရတာကြိုက်တဲ့ ယဲ့ကျန်းကျန်းတစ်ယောက် သူမဆန္ဒမပါဘဲ ထိမ်းမြားဖို့ အရွေးချယ်ခံလိုက်ရပြီး တချီ ဧကရာဇ် ကျီဝူကျိုးရဲ့ ဧကရီမိဖုရားခေါင်ဖြစ်လာခဲ့တယ်။ မင်္ဂလာဦးညမှာပဲ သူမ ဧကရာဇ်ကို အိပ်ရာပေါ်ကနေ ကန်ချလိုက်ပြီး ဧကရာဇ်ကလည်း က...