Chapter 38

2.1K 197 3
                                    

Empress with No Virtue
Chapter 38
Translator – Utopia
 
စစ်ရေးကိစ္စတွေမှာ ကျီဝူကျိုးရဲ့ ကိုင်တွယ်စဉ်းစားနိုင်စွမ်းကို ယဲ့ကျန်းကျန်း သိလိုက်ရကတည်းက သူ့အပေါ် အထင်ကြီးလေးစားမှုကလည်း နည်းနည်း ပိုတိုးသွားတယ်။ တစ်ခါတစ်ရံ ယန်ရှင်းနန်းဆောင်ကိုပါ ရောက်လာပြီး သူနဲ့ အပြန်အလှန် ဆွေးနွေးတတ်တယ်။ ဧကရီမိဖုရားခေါင်အနေနဲ့ သူမအလုပ်က သိပ်မများပါဘူး။ ကိစ္စတော်တော်များများကို စူးဖုန့်၊ စူးယွဲ့နဲ့ ဝမ်ရိုးချိုင်တို့ကို စီမံခိုင်းလိုက်ရုံပဲ။ တစ်ခါတလေကျ ကျွမ်း‌ကိုယ်လုပ်တော်ကို သူမ သွားအလုပ်ပေးတတ်တယ်။ သူမကိုယ်တိုင်ကိုယ်ကျ ဝင်ပါရတဲ့ကိစ္စဆိုတာက တော်တော်ရှားတယ်။
 
ဒီလိုနဲ့ အချိန်ရရင် ရသလို သူမ ကျီဝူကျိုးဆီ ရောက်လာပြီး နှောင့်ယှက်တတ်တယ်။
 
ဒါပေမဲ့ ကျီဝူကျိုးကတော့ ဒါကို အနှောင့်အယှက်လို့ မတွေးဘူး။ အမှန်တိုင်းပြောရရင် ယဲ့ကျန်းကျန်းရဲ့ တွေးခေါ်ပုံက အံ့ဩလောက်စရာပဲ။ ပုံမှန်လူတွေ မတွေးနိုင်တာမျိုးကို သူမ တွေးနိုင်တယ်။ အများစုကလည်း သူ့ကို အံ့ဩသွားစေလောက်မယ့်ဟာတွေကြီးပဲ။
 
ဥပမာအနေနဲ့ ဒီတစ်ခေါက်တုန်းကလိုပေါ့ ...
 
ကျီဝူကျိုး တုလုဖန်ကို ပြန်တိုက်ဖို့ ဗျူဟာကို စဉ်းစားတဲ့အခါ စစ်မြေပြင်မှာ တိုက်ခိုက်တာအပြင် သူတို့ကို ထောင်ချောက်ပါ ဆင်ချင်နေတယ်။
 
“တုလုဖန် တတုန်းကို ဝင်တိုက်ဖို့များတယ်။ အဲ့နေရာက တချီရဲ့ မြောက်ပိုင်းမှာ တည်ရှိတယ်။ ကိုယ်တို့သာ တွမ့်ဟွမ်နဲ့ဟာမီကြားက လမ်းကြောကို ထိန်းချုပ်နိုင်သ၍ သူတို့ကို ထောင်ချောက်ထဲ ကျအောင် လုပ်လို့ရတယ်”
ကျီဝူကျိုးက ရှင်းပြနေတယ်။
 
“ဒါဆိုရင် တာတာကကော? သူ ရွှမ်ဖူနဲ့ တတုန်း ဘယ်ဟာကို တိုက်လိုက်မလဲ”
ယဲ့ကျန်းကျန်း ပြန်မေးလိုက်တယ်။
“တတုန်း”
 
“ဘာလို့အဲ့လောက်သေချာနေတာလဲ”
 
“မင်း မေ့သွားတာလား။ တတုန်းရဲ့စစ်သူကြီး လီရွှီက စစ်ထိုးတဲ့နေရာမှာ သိပ်တော်ပေမဲ့ ခုခံတဲ့နေရာမှာတော့ သိပ်မကောင်းဘူး။ တော်တော်သတ္တိရှိတယ်၊ ဒါပေမဲ့ မပါးနပ်ဘူး”
 
ကျီဝူကျိုး ပြောရင်း ခဏရပ်လိုက်ပြီးမှ
 
 
ဒီလူက တကယ် ဉာဏ်များတာပဲ။ ယဲ့ကျန်းကျန်း တွေးရင်း ရုတ်တရက် အကြံတစ်ခု ရသွားတယ်။
 
“တကယ်တော့ ကျွန်တော်မျိုးမတို့သာ သူတို့ရဲ့လမ်းကြောင်းကို သိတယ်ဆို လူတွေသုံးပြီး တိုက်စရာတောင်မလိုဘူး။ သူတို့သွားမယ့်လမ်းမှာ ဗုံးတွေ ချထားရုံပဲ”
 
ကျီဝူကျိုး ခေါင်းညိတ်လိုက်တယ်။
“‌ဒါ့အပြင် ဗုံးတွေကို မီးညှိဖို့ လူမလိုရင် အကောင်းဆုံးပဲ။ သူတို့နင်းမိတာနဲ့ ဗုံးထကွဲသွားတဲ့ဟာမျိုး”
သူ တွေးကြည့်လေ ဒီအကြံက ပိုအလုပ်ဖြစ်နိုင်ချေ ရှိလေပဲ။ ချက်ချင်းပဲ လက်နက်လုပ်တဲ့သူတွေကို ဆင့်ခေါ်ပြီး ဖြစ်နိုင်ချေရှိမရှိ တွက်ချက် တိုင်ပင်ကြတယ်။ ယဲ့ကျန်းကျန်းက ဘေးမှာ နားထောင်နေပြီး လိုအပ်သလို သူမအကြံကို ထပ်ထည့်‌တယ်။
တစ်ချိန်တည်းမှာပဲ ဖုန့်ရိုးတျယ်က သတင်းကောင်းကို သယ်လာတယ်။ အချက်ရေများစွာပစ်နိုင်တဲ့သေနတ်ကို စမ်းသပ်တာ အောင်မြင်သွားပြီး နောက်ရက်အနည်းငယ်ကြာရင် အမြောက်အမြားထုတ်လုပ်ဖို့ လက်နက်ထုတ်လုပ်ရေး အရာရှိကို ကျီဝူကျိုး အမိန့်ပေးလိမ့်မယ်။
ဒီအကြောင်းကြားတဲ့အခါ ယဲ့ကျန်းကျန်း မျက်လုံးက တောက်ပသွားပြီး ကျီဝူကျိုးကို ပူဆာတဲ့မျက်ဝန်းတွေနဲ့ ကြည့်လိုက်တယ်။
ဒီနောက်ပိုင်းမှာ မယ်တော်ကြီး ကျီဝူကျိုးကို နားမလည်တော့ဘူး ဖြစ်လာတယ်။ ဘယ်တုန်းကမှ ဘယ်မိန်းကလေးကိုမှ အရူးအမူးမဖြစ်ဖူးတဲ့ သူမသားက အခုကျ ခွန်းနင်နန်းဆောင်မှာပဲ ‌ညတိုင်း အိပ်နေတာ တစ်လကျော် ရှိနေပြီ။ ဟိုမကောင်းဆိုးဝါးမလေး ဘာတွေလုပ်ထားလဲမသိဘူး၊ ကိုယ့်အမေကိုယ်တောင် ရှိမှန်း မသိတော့လောက်တဲ့အထိ ဖြစ်နေပြီ။
 
ရလဒ်အနေနဲ့ ကျီဝူကျိုးက သူမကို မျက်နှာသာတောင် မပေးဘဲ
ဒါပေါ့ မိုးမျှမျှတတ ရွာပေးရတယ်ဆိုတာ ဘာကိုဆိုလိုမှန်း ကျီဝူကျိုးလည်း သိတယ်။ အရင်ကလည်း သူ ဒီလိုမျိုးပဲ လုပ်လာခဲ့တာပဲလေ။ ဒါပေမဲ့ အခုက ပြဿနာ နည်းနည်း ရှိလာပြီ။ ဘယ်မိန်းကလေးဆီ သူ သွားသွား နောက်ဆုံးကျ သူ့အောက်ကလူက ယဲ့ကျန်းကျန်းလို့ပဲ တွေးနေမိတော့တာ။ ဒီဟာကို သူ့ကိုယ်သူ ရောဂါများ ရနေတာလားလို့တောင် တွေးမိစေတယ်။
ဒါပေမဲ့ ဘယ်လိုပဲဖြစ်ပါစေ ဒီကိစ္စမှာ သူ့အနေနဲ့ စိတ်ခံစားချက်နောက် လိုက်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ သူလုပ်ချင်တဲ့အရာကို လိုက်လုပ်မယ်။ အခုအချိန်မှာ သူအလုပ်ချင်ဆုံးအရာက ယဲ့ကျန်းကျန်းကို သူ့အပိုင်ဖြစ်လာစေဖို့ပဲ။ လုပ်ငန်းစဉ်က သိပ်ပြီး မချောမွေ့ပေမဲ့လည်း အနည်းဆုံးတော့ ယဲ့ကျန်းကျန်းက သူ့ကို မငြင်းတော့ဘူး။ တစ်ခါတလေ သူ့ဘက်က နည်းနည်းပိုပြီး ရင်းနှီးချင်တဲ့အခါ သူမဘက်ကလည်း လက်ခံပေးလိမ့်မယ်။ နောက်ပြီး ညဘက် သူမကို ရင်ခွင်ထဲ ထည့်ပြီး အိပ်တဲ့အခါ ဒီခံစားချက်က သိပ်ကောင်းမွန်လွန်းတာကြောင့် ကျီဝူကျိုး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လာတယ်။ သူမ အိပ်မောကျသွားတဲ့အခါကျ သူ့ရဲ့ ခြောက်သွေ့တဲ့ လိုအပ်ချက်လေးကို ဖြည့်ဆည်းဖို့ သူဘက်က နည်းနည်းပိုပြီး ခန္ဓာကိုယ်ချင်း ရင်းနှီးလို့ ရသေးတယ်။ ဒီထက်ပိုပြီး ဆိုးလာတဲ့အခါ ... အဟမ်း သူ့ညီလေးက ဆက်သည်းမခံနိုင်တော့ရင်တော့ ... သိတယ်မလား
ဒီလိုညတွေက တစ်ယောက်ယောက်ကတော့ တကယ်ကြီး နေမကောင်းနေတာနဲ့ တူပေမဲ့လည်း ကျီဝူကျိုးကတော့ ပျော်နေမိတယ်။ သူနဲ့ ယဲ့ကျန်းကျန်းတို့ကြားက ဆက်ဆံရေးက အဖိုးအဖွားလင်မယားလိုမျိုးပဲ အတူ အိပ်ရာထ၊ အတူထိုင်၊ အတူစား ... သူတို့ကြားမှာ စကားအများကြီး မပြောဖြစ်ပေမဲ့လည်း တစ်ယောက်ကို တစ်ယောက် နားလည်နေတဲ့ ခံစားချက်မျိုးပဲ။
“မင်း ရှေ့တန်းမှာ ထွက်တိုက်ရမှာ မဟုတ်ပါဘူး။ ရန်သူအကြောင်းသိထားဖို့က မင်း လုပ်ရမယ့်အလုပ် မဟုတ်ဘူးလေ “
“ပိုပြီးသိထားတော့ ကောင်းဝာာပေါ့။ ဘယ်သူသိမလဲ တနေ့နေ့ကျ အသုံးဝင်လာမှာပေါ့”
သူတို့အတွက် ရေနွေးလဲပေးဖို့ စူးဖုန့် တိတ်တိတ်ကလေး ဝင်လာပြီး လုပ်ကိုင်ပေးရင်း တစ်ချက် ခိုးကြည့်လိုက်တယ်။ အမျိုးသားက ခန့်ညား‌ပြီး အမျိုးသမီးက သက်ဝင်တောက်ပနေတယ်။ ကောင်းကင်ဘုံက နတ်ဘုရားနဲ့နတ်ဘုရားမ စုံတွဲလိုပဲ။ ဖယောင်းတိုင်အလင်းရောင်က သူတို့နှစ်ယောက်ပေါ် တောက်ပလို့နေပြီး ပန်းချီကားတစ်ချပ်အလား ထင်မှတ်ရတယ်။
ဖုန့်ရိုးတျယ်တစ်ယောက် ဒီကိစ္စကို မယ်တော်ကြီးကို ပြောသင့် မပြောသင့် စဉ်းစားချင့်ချိန်နေတယ်။ အရှင်မင်းကြီးက ရာဇမာန်ကြီးတဲ့သူ၊ ဧကရီမိဖုရားခေါင်မယ်မယ်ကလည်း ငယ်ရွယ်ပြီး ဒီကိစ္စမျိုးကို ရှက်သွေးရဲတတ်တဲ့သူမျိုး၊ ဆိုတော့ကာ ဘယ်သူ့ကိုမှ ပြောဖြစ်ကြမှာမဟုတ်ဘူး။ တကယ်လို့ သူတို့သာ ဆေးကုဖို့ကို အချိန်ဆွဲနေရင် အရှင်မင်းကြီးရဲ့ရောဂါက လုံးဝ ကုမရဖြစ်သွားလိမ့်မယ်။ ဒီတစ်ခေါက် အခွင့်အရေးမှာ မယ်တော်ကြီးကို ပြောပြလိုက်ပြီး ဆုံးဖြတ်‌ခိုင်းလိုက်ရင်ကော ...?
ဒါပေမဲ့ ဖုန့်ရိုးတျယ်ရဲ့ စကားတစ်ခုတည်းကိုပဲ မယ်တော်ကြီး အပြည့်ယုံကြည်လို့ မရဘူး။ ဒါကြောင့်မို့ တော်ဝင်သမားတော်ကို ဆင့်ခေါ်ပြီး ဧကရာဇ်ရဲ့ အခြေအနေကို မေးမြန်းလိုက်တယ်။
 
“မယ်တော်ကြီးကို ပြန်လည်လျှောက်တင်ပါတယ်။ အရှင်မင်းကြီးက ဒေါင်ဒေါင်မြည် ကျန်းမာပါတယ်။ မယ်တော်ကြီး စိတ်ပူပန်စရာ မလိုပါဘူး”
 
တော်ဝင်သမားတော်က ပြန်ဖြေလာတယ်။
 
 
“ငါ မသိသေးဘူးများ ထင်နေတာလား ! သင်တို့ ငါရှေ့မှာတောင် လာ လိမ်ရဲပြီး ဧကရာဇ်ကို ကုသပေးဖို့ နှောင့်နှေးစေခဲ့ရင် သင်တို့ကို ငါ လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး!”
 
ကြည့်ရတာ အရှင်မင်းကြီးရဲ့ညီငယ်လေး အဆွဲခံလိုက်ရတဲ့ကိစ္စ မယ်တော်ကြီး သိသွားပြီနဲ့ တူတယ်။ သမားတော်ထိုက် ခဏစဉ်းစားပြီးတဲ့နောက် ပြန်ဖြေလာတယ်။
“မယ်တော်ကြီးကို ပြန်လျှောက်တင်ပါတယ်။ အရှင်မင်းကြီး နဂါးဇစ်မြစ်ထိခိုက်သွားတာ ဟုတ်ပါတယ်။ ဒါပေမဲ့ အချိန်တစ်ခုလောက် ပြန်အနားယူလိုက်ရင် သေချာပေါက် ပြန်ကောင်းသွားမှာပါ”
သမားတော်ထိုက်က မယ်တော်ကြီးကို ကြည့်ပေးပြီးတဲ့နောက် သူမ ဖြေးဖြေးချင်း ပြန်ထလာနိုင်တယ်။ မယ်တော်ကြီးက အရှင်မင်းကြီးကို တကယ် စိတ်ပူနေတာမို့ ဒီလိုမျိုးဖြစ်သွားလိမ့်မယ်ဆိုတာ သူလည်း သိနေတယ်။ ဒါကြောင့်မို့ စိတ်ရှည်ရှည်နဲ့ မယ်တော်ကြီးကို ကျီဝူကျိုးရဲ့အခြေအနေကို အသေးစိတ် ရှင်းပြပေးလိုက်တယ်။ ဒါပေမဲ့ သူမစိတ်ထဲ သမားတော်ထိုက်က သူမကို စိတ်အေးအောင် သက်သက်ပြောနေတယ်လို့ပဲ ထင်မိပြီး သူ့စကားနားထောင်ကာမှ ပိုဆိုးသွားတော့တယ်။
ဒီလိုနဲ့ မယ်တော်ကြီးလည်း ကျီဝူကျိုးကို မိုးမျှမျှတတ ရွာပေးဖို့အကြောင်း ထပ်မပြောတော့ဘူး။ မိုးမျှမျှတတရွာပေးဖို့ဆို အရင်ဆုံး မိုးရှိမှလေ။
သတင်းဆိုတာက ဖုံးကွယ်လို့မရဘူးဆိုတဲ့အတိုင်း မကြာခင်မှာပဲ အနောက်နန်းဆောင်မှာ ရှိတဲ့သူတိုင်း သူတို့သိတဲ့အချက်ကလေးတွေကို တီးတိုး အတင်းပြောကြတာပေါ့။ အဲ့အထဲ အရှင်မင်းကြီးက ... မလုပ်နိုင်ဘူးဆိုတာလည်း အပါအဝင်ပဲ။
“…..”
 
ယဲ့ကျန်းကျန်း နောက်နေတာလို့ပဲ စူးယွဲ့ တွေးလိုက်တယ်။ သူမ စဉ်းစားမိတာက ... တကယ်လို့ မယ်မယ်က အရှင်မင်းကြီး လုပ်နိုင်လား မလုပ်နိုင်လားကို မသိဘူးဆိုရင် သဘောက သူမကို အရှင်မင်းကြီးက မထိဘူးပေါ့။ နောက်ပြီး အရှင်မင်းကြီးက ညတိုင်း ဒီမှာ အိပ်နေပေမဲ့ သူမကို မထိဘူးဆိုတော့ကာ ... အကျဉ်းချုပ်ကြည့်ရင် ... ကောလာဟလက မှန်နေတယ်ဆိုတဲ့ သဘောပေါ့။
 
ဒီနေ့ နေ့လယ်ခင်းမှာ နေ့လယ်စာစားဖို့ ကျီဝူကျိုး ခွန်းနင်နန်းဆောင်ကို ရောက်လာတယ်။ စားသောက်ပြီးတဲ့နောက် လက်ဖက်ရည် သောက်နေတယ်။ စူးဖုန့်ရဲ့ လက်ဖက်ရည်ဖျော်တဲ့လက်ရာက နန်းတော်ထဲမှာ အကောင်းဆုံးပဲ။ ကျီဝူကျိုး သိလာရတာက ဘယ်ရှုထောင့်က ကြည့်ကြည့် ယဲ့ကျန်းကျန်းက သူ့ထက်ပိုကောင်းတဲ့ဘဝမှာ နေနေရတာပဲ။
 
ယဲ့ကျန်းကျန်း မျက်စိမှိတ်လိုက်တယ်။ ကျီဝူကျိုး သူမကို လက်ကို ယူပြီး တစ်ခုခုပေါ် တင်လိုက်တာကို သူမ ခံစားလိုက်ရတယ်။ အဲ့ဟာက တဖြေးဖြေး ကြီးလာပြီး မာကျောလာတယ်။
 
“ကောလဟလနဲ့ အမှန်တရား၊ ကိုယ် စွမ်းဆောင်နိုင်လား မစွမ်းဆောင်နိုင်ဘူးလားဆိုတာ မင်းကိုယ်တိုင်ပဲ ခံစားကြည့်လိုက်”
 
ကျီဝူကျိုးရဲ့အသံက ပြုံးစစ ဖြစ်နေတယ်။ နောက်ပြီး တစ်ခုခုကို ဖိနှိပ်ထားရသလိုပဲ။
 
ဒီလိုကိစ္စတွေနဲ့ ပတ်သက်ပြီး ယဲ့ကျန်းကျန်းမှာ အတွေ့အကြုံများများစားစား မရှိပေမဲ့လည်း ဒါက ဘာမှန်းတော့ သူမလည်း သိပါသေးတယ်။ သူမ အမြန်ပဲ လက်ကို ပြန်ရုတ်သွားပြီး မျက်လုံးကို ဖွင့်လိုက်တယ်။ သူမရဲ့ မျက်နှာပေါ်မှာ မနှစ်မြို့တဲ့ ခံစားချက်ကို အတိုင်းသား မြင်ရတယ်။
ဒါ့ကြောင့်မို့ သူမ နေပြန်ကောင်းသွားတဲ့အခါ ရွှီရွှမ်ရှီဆီ သွားလည်တယ်။ သူမတို့နှစ်ယောက်တွေ့တဲ့အခါ တစ်ယောက်ဇာတ်လမ်း တစ်ယောက်ပြန်ပြောပြရင်း ဖက်ငိုကြပါတော့တယ်။ စုကျဲယွီ မတော်တဆ ရွှီရွှမ်ရှီရဲ့ခေါင်းပြောင်ကို သွားထိလိုက်မိတယ်။ သူမခေါင်းမှာ ဆံပင်လေးတွေ ပြန်ထွက်နေတာမို့ သူမ ကိုင်မိလေ ကိုင်လို့‌ကောင်းလေ ဖြစ်လာတယ်။
 
ရွှီရွှမ်ရှီရဲ့ ဆံပင်က ခပ်ပါးပါး ပြန်ထွက်နေပြီမို့ အဝေးကကြည့်ရင် အမွှေးပွဖရဲသီးလုံးလို့ပဲ။ ဒါကြောင့်မို့ ကျီဝူကျိုး အကျယ်ချုပ် မချရင်တောင်မှ သူမ အခန်းထဲက ထွက်မှာ မဟုတ်ဘူး။
 
ရွှီရွှမ်ရှီဆီက ပြန်လာပြီးတဲ့နောက် အရှင်မင်းကြီးရဲ့နှလုံးသားကို ဘယ်လိုရအောင် ပြန်ယူရမလဲ စုကျဲယွီ တွေးတော့တယ်။ သူမ နားလည်လိုက်တဲ့တစ်ခုက လက်စားချေတာတွေ ဘာတွေ နောက်မှထား၊ အရေးအကြီးအရာက အရှင်မင်းကြီးရဲ့ နှလုံးသားကို ဖမ်းဆုပ်နိုင်ဖို့ပဲ။
 
အဲ့ဒီနောက်မှာဝောာ့ သူမ သိပ်ဉာဏ်နည်းတုံးအတဲ့ လုပ်ရပ်တစ်ခုကို လုပ်တော့တယ်။ ယဲ့ကျန်းကျန်း သူမကို အစောကတည်းက မသတ်ခဲ့မိတာကို နောင်တရသွားစေတဲ့ တုံးအတဲ့ လုပ်ရပ်တစ်ခုပေါ့။

ရွှေနန်းထက်က ဧကရီWhere stories live. Discover now