Chapter 98.2

1.5K 94 1
                                    

ကျောက်ကျီချန်း သတိမထားမိတဲ့အချိန်တစ်ခုမှာ ကျီဝူကျိုးကို မြောင်ရွာသူလေးတွေက ဆွဲခေါ်သွားကြတယ်။ ကျောက်ကျီချန်းခမျာ ကြောက်လွန်းလို့ ခေါင်းကနေ ခြေချောင်းတွေအထိ ချွေးစေးတွေ ပျံနေပြီ။ အမြန်ပဲ အရှင်မင်းကြီးကို သွားပြန်ဆွဲခေါ်ရတယ်။

ဒီတစ်ခါမှာတော့ ကျီဝူကျိုးက အားနည်းပြီး ကူရာမဲ့ဖြစ်နေတာ မဟုတ်တော့ချေ။  ဒါပေမဲ့လည်း သူက ဒီမှာ ဧည့်သည်ဆိုတော့ကာ ဒေသခံမိန်းကလေးတွေကို ပြင်းပြင်းထန်ထန် ပြောဆိုလိုက်လို့ကလည်း မသင့်တော်ပြန်ဘူး။

အမှန်အတိုင်းပြောရရင် သူ့ဂုဏ်သိက္ခာအတွက်လည်း စိတ်ပူမနေပါဘူး။

ဘာလို့ဆို သူ့မှာ ဆေးပါတယ်လေ ......



ဒီလိုနဲ့ သတင်းတွေက ထန်ရိဆီ ရောက်သွားတယ်။ ဒီလူအိုကြီးက မိန်းမကိစ္စအရှုပ်အရှင်းမရှိအောင် ကျင့်ကြံနေထိုင်သူဖြစ်ပေမဲ့လည်း သမာသမတ်တော့ကျတယ်။ ကျီဝူကျိုး မက်မွန်ကူရဲ့ထိန်းချုပ်တာခံထားရမှန်း သိတဲ့အခါ သူ ထင်လိုက်တာက ကျီဝူကျိုးက ထိုမိန်းကလေးကို ကစားလို့ ဝသွားပြီး စွန့်ပစ်ချင်လို့ သူ့ဆီလာရှာပြီး ကူ ထုတ်ခိုင်းတယ်လို့ပေါ့။ ဒါပေမဲ့လည်း ကျီဝူကျိုးကို လူကိုယ်တိုင်မြင်လိုက်ရတဲ့အခါ ပဟေဠိဆန်တဲ့မေးခွန်းတစ်ခုကို ရှာတွေ့သွားတယ်၊ မက်မွန်ကူက သူ့ကိုယ်ထဲ ‌ရောက်နေပေမဲ့ သူက တစ်ခါမှ လိင်ဆက်ဆံခဲ့တာမျိုး မရှိသေးဘူး။

သူက ကူနဲ့ မသေမျိုးသူတော်စင်တွေလို နေနေတာပဲ။ ထန်ရိလည်း ဒီလိုအဖြစ်မျိုးကို ပထမဆုံး ကြုံဖူးတာပဲ။ သူ မနေနိုင်တော့ဘဲ ကျီဝူကျိုးကို ဘယ်လိုလုပ်နိုင်တာလဲ မေးလိုက်တော့တယ်။

"ကျွန်တော့်မှာ ဇနီးရှိတယ်။ ကျွန်တော် သူမကို သိပ်ချစ်တယ်"

မြောင်မိသားစုတွေက ချစ်ခင်စုံမက်ခြင်းကို တန်ဖိုးထားကြတယ်။ သူ့စကားကြောင့် ထန်ရိ စိတ်ထဲ ထိသွားတယ်။  သူ့မျက်လုံးထဲမှာ ကျီဝူကျိုးက မိသားစုကို ချစ်တတ်တဲ့သူအနေနဲ့ ပြောင်းသွားပြီး ပိုပြီး အမြင်ကောင်းရှိလာတယ်။

ရွှေနန်းထက်က ဧကရီWhere stories live. Discover now