အပိုင်း ၁၉၃

Start from the beginning
                                    

ရှရှီပေတောင် အနည်းငယ် အံ့ဩနေသည်။

ဤအရာက သူမ၏ အလုပ်ကိစ္စဖြစ်ပြီး လျိုမန်ဟုန်က စာရွက်စာတမ်းနည်းနည်းကို လက်မှတ်ထိုးပေးရုံတင်ဖြစ်ပြီး ရှရှီပေလည်း အကုန်လုံးကို သေသေချာချာမရှင်းပြထား။

ထို့ကြောင့် သူမ လျိုမန်ဟုန်ကို ပိုင်မေရွှယ်နှင့် အငြှိုးအတွေးရှိမှန်းမသိ။

"အစ်မဟုန် ပိုင်မေရွှယ်က အစ်မကို ရန်စဖူးလို့လား?"

ရှရှီပေ လျိုမန်ဟုန်ကို တစ်ရက်သာ သိကျွမ်းရ‌ေသးပေမယ့်လည်း သူမဘက်ကို လုံးဝဥဿုံပင်။

ထို့အပြင် လျိုမန်ဟုန်၏ အကျင့်စရိုက်အရ သူမက လွယ်လွယ်ကူကူ ရန်သူဖွဲ့မည့်သူမျိုးမဟုတ်ပေ။

ရှရှီပေ၏ ပိုင်မေရွှယ်အပေါ် အမြင်အရ...လျိုမန်ဟုန်က ဤကိစ္စတွင် နစ်နာသူဖြစ်ရမည်။

"ဟ!" လျိုမန်ဟုန် အေးစက်စွာ ရယ်လိုက်သည်။ "ငါ့ယောက်ျားကို ခိုးတာကိုရော ရေတွက်လို့ရလား?" အခု သူက သူမ၏ ခင်ပွန်းဟောင်းဖြစ်သွားပေမယ့်လို့ပေါ့။

ထိုစကားတွေက အားလုံးကို မင်သက်စေသည်။

ဖန်းယန် ပင့်သက်ရှိုက်လိုက်သည်။ သူတို့မှာ ဆိုးရွားတဲ့ မကျေနပ်ချက်တွေရှိနေကြတာပဲ!

သူ ပိုင်မေရွှယ်၏ အချစ်သတင်းတွေကို ဝိုးတဝါးကြားဖူးပေမယ့်လည်း သူ့အရှေ့က အမျိုးသမီးကလည်း ပါဝင်မယ်ဆိုတာကို ဖန်းယန် မတွေးမိခဲ့။

"ဒါပေါ့" ရှရှီပေ ခေါင်းငြိမ့်လိုက်သည်။ "ကျွန်မ မလိုချင်တဲ့ ပစ္စည်းဥစ္စာနဲ့ လူသာရှိမယ် တခြားလူတွေကတော့ အဲ့ဟာတွေကို လာခိုးခွင့်မရှိဘူး"

တစ်စုံတစ်ခုသာ သူမပစ္စည်းဆိုရင် တခြားသူကို မပေးခင် လွှတ်ပစ်လိုက်မှာပင်! သူတို့သာ သူမဆီက ခိုးရဲရင် သူတို့နဲ့ ရန်သတ်ပွဲက နွှဲရမည်ပင်။

ရှရှီပေ၏ စကားတို့က လျိုမန်ဟုန်ကို ကျေနပ်စွာဖြင့် ခေါင်းငြိမ့်စေသည်။

"ဟုတ်တယ် အမှန်ပဲ"

သူမ ရှရှီပေ၏ စတိုင်ကို သဘောကျသည်။

"အဲ့အချိန် အဲ့ဒီမယားငယ်မ ပိုင်မေရွှယ်နဲ့ လူယုတ်မာကို လက်ပူးလက်ကြပ်မိတုန်းက အကြီးအကျယ်ချဲ့ပစ်လိုက်ချင်တာ ဒါပေမယ့် အဲ့လူယုတ်မာ၏ လျော်ကြေးငွေကို ကြည့်ပြီး အလျှော့ပေးလိုက်တာ ငါ သူ့ကို အနုပညာလောကထဲ ထပ်ရှိနေသေးမယ်လို့ မထင်ထားဘူး"

လျိုမန်ဟုန်၏ စရိုက်က မာကြောသော ပုံစံပင်။ သူမ၏ လူယုတ်မာယောက်ျားက ဖောက်ပြန်နေတာကိုလည်း သိရော သူတို့လုပ်နေစဉ် အမိဖမ်းဖို့ သွားခဲ့သည်။

လူသိရှင်ကြားမဖြစ်ဖို့ရယ် ချောင်မိသားစုရဲ့ အာဏာနဲ့ လူယုတ်မာက သူမကို ငွေကြေးအမြောက်အမြားပေးခဲ့သည်။

သူမ၏ ခင်ပွန်းဟောင်းပေးခဲ့သော လျော်ကြေးကြောင့် လျိုမန်ဟုန်၏ဘဝက ကြော့ကြော့မော့မော့ဖြစ်ခဲ့သည်။

ပိုင်မေရွှယ်ကတော့...သူမဘက်က ရန်မစမချင်း လျိုမန်ဟုန် သူမကို ဖက်ပြီး ရန်ဖြစ်ဖို့ စိတ်မဝင်စား။

သူမ မမျှော်လင့်ထားတာက ရှရှီပေ ဝင်ချင်နေသည့် ကုမ္ပဏီက ပိုင်မေရွှယ်နှင့် ဆက်စပ်နေသည်ကိုပင်!

"ဒါမှမဟုတ် ညီမလေး ကုမ္ပဏီပြောင်းမလား?" လျိုမန်ဟုန် အကြံပေးလိုက်သည်။ "ကုမ္ပဏီကြီးတွေ အများကြီးရှိနေတာပဲ"

ဖန်းယန် ရုတ်တရက် စိတ်လှုပ်ရှားလာသည်။ ရှရှီပေ စိတ်မပြောင်းလောက်ဘူးမလား?

သို့သော် ရှရှီပေ ခေါင်းရမ်းလိုက်ပြီး ‌ပြုံးလိုက်သည်။ "မပြောင်းဘူး ဒီကုမ္ပဏီကိုပဲ ဝင်ကြတာပေါ့ မဟုတ်ရင် ညီမတို့က သူတို့ကို ကြောက်တယ်ထင်နေ‌ဦးမယ်!"
.......
Time Table လေးတင်ထားတယ်နော် မသိမှာဆိုးလို့

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now