အပိုင်း ၀၆၄ ။ ရှန်းချန် ပေကျင်းသို့လာခြင်း

Start from the beginning
                                    

"ငါတို့နှစ်ယောက်ပိုက်ဆံနဲ့ပတ်သက်ပြီး မင်းအားတုံ့အားနာဖြစ်စရာမလိုဘူး။ မင်းကျေးဇူးကြောင့် ငါနဲ့ မင်းရှောင်ချီပါးတို့ ဒီပိုက်ဆံနည်းနည်းလေးကို သိပ်မကြာခင် ပြန်ဖြည့်နိုင်တော့မှာ" လျှို့ယောင်က ပြောသည်။ မျက်ဝန်းများက သူတို့ဘေးနားမှ ဒါဇင်လောက်ဝန်းကျင်ရှိသည့် အယ်ဒီတာများထံ စောင်းကြည့်နေပြီး အပြုံးတစ်ဝက်ဖြင့်ပြောလိုက်သည် "အားလုံး အဲ့တာမှန်တယ်မလား?"

"ဟုတ်ပါတယ် ဟုတ်ပါတယ်" ဒီအယ်ဒီတာချုပ်များက ဘာများပြောနိုင်မှာလဲ။ သူတို့သည် အပြုံးများဖြင့်သာ သဘောတူနိုင်ကြလေသည်။

"အဲ့တာဆိုလည်း ကောင်းပြီလေ။ ခင်ဗျားတို့အကုန်လုံးက ယဉ်ကျေးမှုအဆင့်အတန်းမြင့်တဲ့ သိက္ခာရှိလူတွေပဲ။ ကျွန်တော်တို့ ဟန်များဖို့ ဒီရောက်နေတာမဟုတ်ဘူး။ ပြောကြမယ်၊ ဘယ်လိုစစ်ပြေငြိမ်းမှုမျိုး ခင်ဗျားတို့လိုချင်တာလဲ" လျှို့ယောင်က သူ့ခြေထောက်တွေကို ကျားကန်ထားရင်း ဆိုဖာအနောက်ကို မှီချလိုက်သည်။ လုပ်ငန်းအစည်းအဝေးများအတွင်း ဟိတ်ဟန်ကြီးဟန်ဆောင်လေ့ရှိသော ဆေးပြင်းလိပ်ထည့်သည့်အရာမှာ မီးညှိမည့်ရည်ရွယ်ချက်မရှိသော်ငြား သူ၏ လက်ညှိုးနှင့်လက်ခလယ်ကြား ကိုင်ဆောင်ခံထားရလေသည်။

ထိုသို့ဆိုသည်တောင်မှ ဒါဇင်ဝန်းကျင်ရှိ အယ်ဒီတာများမှာ ဤခြိမ်းခြောက်နေသည့် ဂန်းစတားအခိုးအငွေ့ကို ကြောက်ရွံ့နေကြသေးကာ တစ်ယောက်နှင့်တစ်ယောက် ကြည့်ရင်း စကားမပြောနိုင်ရှိနေကြလေသည်။

သူတို့ ယောင်ဝမ်ရှောင်းဆီက ဆွဲဆောင်ခံရပြီး ထောင်မုနှင့် Night ကို လုပ်ကြံသတင်းရေးဖို့ လာဘ်ငွေယူခဲ့သည့်အချိန်တွင် လျှို့ယောင်ကို ထိုလောက် ခဲယဉ်းမည့်လူဟု မထင်ထားမိခဲ့ကြ။ တကယ်တမ်းကျ သူက အစောကြီးကတည်းမှ ယောင်ဝမ်ရှောင်းကို စောင့်ကြည့်ဖို့လူလွှတ်ထားပြီးဖြစ်ကာ သူတို့ကို ယောင်ဝမ်ရှောင်းပေးသည့် တံစိုးလက်ဆောင်များအား သက်သေစုစည်းပြီးဖြစ်သည်။ ထို့အပြင် သူတို့အား ချိုးဖောက်မှုနှင့် တရားမဝင်အကျိုးအမြတ်အပိုင်းကနေ တရားစွဲဖို့ ဘဏ္ဍာရေးနစ်နာကြေး အထူးပြုသည့် ပေကျင်း၏ အတော်ဆုံးရှေ့နေ့ကိုပင် ငှားထားနိုင်ခဲ့သည်။

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now