ရှန်းစစ်ယွဲ့ က ချက်ချင်းလျှောက်လာပြီး ကျိုးကျစ်ဟန်ရဲ့ လည်ပင်းကို ချိတ်လိုက်ကာ
"မလုပ်ပါနဲ့ ကောင်ချောလေးရာ ငါကိုအလွတ်ပေးပါနော် ဟေ့ မင်းပဲ အရင်တခေါက်တုန်းက ပြောထားတယ်မလား မင်းသာ သတ်ဖြတ်သူဆို ရှီချင်းကို အရင်သတ်မှာဆို မင်းပန်းတိုင်ကို မမေ့စမ်းပါနဲ့"

ရရှီချင်းနာမည်ကို ကြားတာနဲ့ ကျိုးကျစ်ဟန်ရဲ့ မျက်နှာထားက အနည်းငယ်ပြောင်းသွားသည်။ ရည်ရွယ်ကာ ရွံရှာသောအမူအရာဖြင့် ရှန်းစစ်ယွဲ့ကို တွန်းထုတ်လိုက်ပြီး
"ဘာကိုပန်းတိုင်လဲ စိတ်ရှုပ်ချက်"

ရှန်းစစ်ယွဲ့က တွန်းထုတ်ခံရပြီးနောက် ရှရှီချင်းဖက်လှည့်သွားကာ
"မင်းကောပဲ ဘယ်သူက သတ်ဖြတ်သူဖြစ်ဖြစ် မင်းတို့နှစ်ယောက်တစ်ယောက်ကိုတစ်ယောက်သတ်ရမယ် ပြောတဲ့အတိုင်းလုပ်ရမှာနော်"

ယွမ်ရှောက်က လက်ပိုက်လိုက်ပြီး
"အိုခေလေ ငါသာ သတ်ဖြတ်သူဆိုရင်နင့်ကို အရင်ဆုံးသတ်ပေးပါ့မယ် ငါကတိပေးတယ်"

ယွမ်ရှောက်ရဲ့အတည်စကားကို ကြားတော့ ရှန်းစစ်ယွဲ့က ချက်ချင်းမေးလိုက်သည်။
"ဘာလို့လဲ ငါတို့ကြားမှာ ဘာအငြိုးမှ မရှိဘူးလေ မဝေးတော့တဲ့ အနာဂတ်မှာလည်း ရှိလာမှာ မဟုတ်ဘူး မင်းဘယ်လိုဖြစ်ပြီး လုပ်ရက်ရတာလဲ ရှောက်ရှောက်..."

"ဘာလို့ဆို နင်စကားတအားများလို့"

လူတိုင်းက စကားပြောဆိုပြီး ရီမောနေကြ၏ ရှရှီချင်းမှာ ကျိုးကျစ်ဟန်တစ်ယောက် နေကာမျက်မှန်ကို ချွတ်ပြီး နှာခေါင်းအရင်းမှနေရာကို ဖိနှိပ်နေတာကို သတိပြုမိခဲ့သည်။

မိတ်ကပ်မပါပဲနဲ့တောင် ကြည့်ကောင်းနေပါသည်။ သို့သော် မျက်လုံးမှ အမဲကွင်းတွေကတော့ ဆိုးဝါးလွန်းလှ၏

စာမေးပွဲက အရမ်းခက်လို့များလား ? ရှရှီချင်းက ခန့်မှန်းလိုက်သည်။

လေယာဥ်ပေါ်တွင် များပြားသောသူများလိုက်ပါစီးနှင်းကြပြီး ထိုင်ခုံများလည်း တစ်စုတစီ စီစဥ်ထားပေး၏ လေယာဥ်ပေါ်မတက်မှီ ရှရှီချင်းက သူ့နေရာမှာ ကျိုးကျစ်ဟန်ဘေးမှာဖြစ်ရမည်ဟုခန့်မှန်းလိုက်သည်။ သေချာပေါက်ပင် ၊ သူ့ရှေ့တွင်လျှောက်နေသော ကျိုးကျစ်ဟန်ကို ကြည့်ကာနေရာ ထိုသူကထိုင်ခုံနေရာမှန်ရဲ့ ဘေးနေရာမှာ ထိုင်လိုက်သည်။

I Only Like Your Character SettingsWhere stories live. Discover now