[Unicode]
//첫사람//
(အချစ်ဦး)နှင်းစက်တွေ ဖြူဖွေးအောင် ပုံကျလျက်ရှိတဲ့ အစိမ်းရောင် ခြံ၀င်းတစ်ခုထဲမှာ အဝါရောင်အလုံးလေးတစ်ခုက ကျောတွေ တစ်သိမ့်သိမ့်တုန်အောင် ငိုလို့ အေးကိုက်တဲ့ရာသီဉတုကို အံတုလျက် ။
အဖြစ်အပျက်တွေမြန်ဆန်တယ်။ လွန်ခဲ့တဲ့ ၂နာရီခန့်က
ဂျောင်ဂု တစ်ယောက် ယောက်ကျားဖြစ်သူနှင့် ဖုန်းပြောကာ ကြည်နူးနေချိန် လှေကားထစ်ပေါ် လှမ်းကျော်သွားတဲ့ အရိပ်တစ်ခုကို သတိမထားမိခဲ့။ ဒီလိုနဲ့ စောင့်ဆိုင်းနေရတဲ့ အချိန်တွေကုန်လာတာအမျှ ဂျောင်ဂုက ဂျီမင်း ပြန်မလာသေးဘူးထင်ကာ သတ်မှတ်ချိန်ရောက်ပြီဖြစ်တာမို့ ပန်းခြံကိုသာ သွားဖို့ ဦးတည်ခဲ့လိုက်သည်။ မသွားခင် ဂျီမင်း ဖုနါးထံ စာတွေပို့ voice message တွေအား ချန်ထားခဲ့ကာ ခြံတံခါး အစိမ်းကြီးပေါ်မှာလေ အကျိုးအေကြာင်းရေးထားတဲ့ စာရွက်အား တိတ်တွေဖြင့် အသေအချာကပ်လို့ သူ့ခြေလှမါးတွေက လမ်းကြားလေးထဲမှတစ်ဆင့် လမါးပြင်သို့ ထွက်လာခဲ့လေသည်။
ထိုပန်းရောင်လုံးလေးထွက်ပြီး မကြာလိုက် လမ်းကြားရှေ့တည့်တည့်သို့ အနက်ရောင်ကား တစ်စီးက ထိုးရပ်လာကာ all black ၀တ်ထားတဲ့ ကောင်လေးတစ်ယောက်က ဆင်းလာပြီး ထိုကောင်လေး ခြေလှမ်းတွေက ခြံအစိမ်းလေးထံသို့ ဦးတည်နေသည်။
ခြံရှေ့က အကျိုးအကြောင်းရိပ်စားမိစေတဲ့ စာရွက်ကြောင့် ကောင်လေးက ပြန်လည်ထွက်ခွာဖို့ပြင်ပင်မယ့် ခြံတံခါးရဲ့ ပန်းကနုတ်ဖော်ထားတဲ့ သံဇကာမှ အိမ်အပြင်သို့ တစ်ရွေရွေ့ထွက်လာတဲ့ ကောင်လေးတစ်ယောက်ရဲ့ အရိပ် ကို ဖြတ်ကနဲ လှမ်းမြင်လိုက်ရသည်။ သေချာသည် ထိုသည်က
"ဂျီမင်း!"
ခေါ်သံ မကျယ်တစ်ကျယ်က တိတ်ဆိတ်နေတဲ့ ရက်ကွက်အဖို့ အထဲကလူ ကြားနိုင်ဖို့လုံလောက်ခဲ့သည်။ ဆက်ကနဲမော့ကြည့်လာတဲ့ ကောင်လေးရဲ့ နှုက်ခမ်းလွှာက အနည်းငယ်ပွင့်ဟသွားခဲ့ပြီးနောက် ခြံရှေ့က အရိပ်က မည်သည်ဆိုတာ ချက်ချင်းရိပ်စားမိခဲ့သည်။
"အကို "
ခေါ်သံတိုးဖြဖြနောက် တစ်ရွေ့ရွေ့သွားနေတဲ့ ကိုယ်လေးက ခြံတံခါးအစိမ်းရှေ့ရပ်တန့်သွားသည်။ သံဇကာသာခြားထား
ပင်မယ့် ကျဲတောင်တောက် ပန်းကနုတ်တွေက နှစ်ယောက်လုံးရဲ့ မျက်နှာတွေကိုတော့ ရှင်းလင်းစွာ မြင်နိုင်ပါသည်။။
YOU ARE READING
♡첫사랑♡ (အချစ်ဦး)
Romance"ကင်မ်ရေ~" "ပြော~ ငယ် ...." ~~~~ 𝙏𝙤𝙥 - 𝙏𝙖𝙚 𝘽𝙤𝙩𝙩𝙤𝙢 - 𝙠𝙤𝙤𝙠 //𝑰𝒏𝒄𝒍𝒖𝒅𝒆 𝒕𝒉𝒆 𝒘𝒂𝒓𝒏𝒊𝒏𝒈// 𝑩𝒐𝒕𝒉 𝒛𝒂𝒘𝒋𝒊 𝒂𝒏𝒅 𝑼𝒏𝒊𝒄𝒐𝒅𝒆