♡Part - 18♡

1.3K 160 9
                                    

[Unicode]

첫사랑
(အချစ်ဦး)

"ဘာမှစိုးရိမ်စရာမရှိပါဘူး~"

"ခုနက လူနာပြောပုံအရဆို နေ့လည်စာကော ညစာကောမသားရသေးပဲ ကြက်ကြော်အမာတွေပဲအများကြီးစားခဲ့လို့ပါ။ပုံမှန်အားဖြင့် ဆော်ဒါမှုန့်ကပ်ပြီး‌ေကြာ်တဲ့ကြက်ကြော်တွေက ပူတုန်းစားတာအကောင်းဆုံးပဲ။ အေးတော့ သူ့အပေါ်ကပ်ကြော်ထားတဲ့ အမှုန့်တွေကမာသွားတယ်လေ~"

"ဒါကသာမန်ချိန်စားရင်ကိစ္စမရှိပင်မယ့် အခုလို ဘာမှမစားရဘဲ အဲ့တာတွေကြည့်ထိုင်စားတော့ မနက်ထဲက အစာမရှိလို့ရောင်နေတဲ့ အစာအိမ်က အစာမာတွေကိုလက်မခံနိုင်ဘဲ တုန့်ပြန်လာတာ။ အဲ့တာကြောင့် အခုလိုဗိုက်အောင့်တာတွေဖြစ်လာတာပါ"

"အင်း သွေးပေါင်လည်းပုံမှန်ပဲ။ လူကြီးရောကလေးပါ ကျန်းကျန်းမာမာပါပဲ။ဒါပင်မယ့် လူနာပုံစံက အားငယ်နေတဲ့ပုံ‌ေပါက်‌ေနလို့ dripသွင်းပေးခဲ့ပါမယ်။ အဲ့အိတ်ကုန်ရင်တော့ဆင်းရုံဆင်းလို့ရပါပြီ။"

"အင်း ~"

တစ်ဖတ်က လူနာရှင်ဖြစ်တဲ့ ထယ်ယောင်းရဲ့ တုန့်ပြန်ကြားမှ ဆရာ၀န်လေး ဆောဂျွန်း‌ေခါင်းညိမ့်လျက်၊ ခဏအကြာ သူ့နားကြပ်လေးအား ဂုတ်ပေါ်တင်လို့ သူငယ်ချင်းဖြစ်သူအား လက်ပိုက်ကာ ခပ်စူစူကြည့်လိုက်တယ်။

"ငါ့မှာတော့ အမှတ်တမဲ့ ဖတ် ဖတ် ‌ချောလှဲတာဘာညာထင်နေတာ ၊ဒီဟာလေးဖြစ်တာ တစ်ခြားဆရာ၀န်တွေ ပြလည်းရတာကို အတင်းကာရောပဲ "

ဆောဂျွန်းသည် ဂျောင်ဂုလက်ဖဝါးထက် ဆေးသွင်းအပ်အား ထိုးလိုက်ရင်ပြောသည်။ တကယ်တော့ သူအံ့ဩနေတာပါ။ အထူးအဆန်း ထယ်ယောင်းထံမှ "ဂျောင်ဂု ဘာဖြစ်သွားတာလဲမသိဘူး။ အဲ့တာ အဲ့တာ မင်းအိမ်မပြန်ပဲ စောင့်နေပေးပါ တောင်းဆိုပါတယ်"ဆိုတဲ့ အမောတကောပြောလာတဲ့ ထယ်ယောင်းစကားတွေသည် သူ့နားထဲခုထိ ပဲ့တင်ထပ်နေတုန်း။

အရင်က သေနတ်ဒဏ်ရာရခဲ့ဖူးတဲ့ ထယ်ယောင်းအား ငါမကုရင် မင်းသေသွားမှာလို့‌ေပြာတုန်းကတောင် အေးအေးစက်စက်ပင် သူ့လက်ကို ပုတ်ချလို့ သူမရှိလည်း တစ်ခြားသူတွေနဲ့ကုလို့ရတာပဲ ၊ ငါက အရေးမပါတဲ့ သနားခံတောင်းဆိုမှုတွေလုပ်နေမှာမဟုတ်ဘူးလို့~ ပြောခဲ့တဲ့ သူ့ကောင်ကြီးက အခုတော့ ဒီဗိုက်ပူလေးကြောင့် အချိုးတွေပြောင်းလို့နေလေပြီ။

♡첫사랑♡                                 (အချစ်ဦး) Where stories live. Discover now