♡Part - 3♡

1.6K 179 23
                                    

[Unicode]

သုံးလခန့်ကြာပြီးနောက်

ကုန်ဆုံးသွားတဲ့လတွေ၊ ကုန်ဆုံးသွားတဲ့ ရာသီတွေ ၊ ဘာလိုလိုနဲ့ ဒီဇင်ဘာလတောင် ရောက်လာပြီ၊ အရာရာတိုင်းဟာ ပုံမှန်လို ပြန်လည်ပတ်နေခဲ့တယ် ၊ သူတို့ကြက်ကြော်ဆိုင်လေးလည်း ဒီကြားထဲတော်တော်ရောင်းကောင်း‌ခဲ့သည်၊ အဲ့နေ့က ကိစ္စကိုလည်း ဂျီမင်းနဲ့သူကလည်းလွှဲ၍မိဘတွေ အသိမပေးခဲ့‌၊ သူ့အတွက်လည်း အရာရာဟာ အဆေပြေခဲ့ပါသည် ၊ အဲ့နေ့က အကြောင်းအရာကို သတိရပြီး ပြန်ပြန် ငိုမိတာကလွှဲလို့ပေါ့

"အကိုရေ ပိုက်ဆံရှင်းမယ်"

"ဟုတ်ကဲ့ လာပါပြီ"

"ကျေးဇူးပါနော် ၊ နောက်လှဲလာအားပေးပါဦး "

ပိုက်ဆံရှင်းကာ ထွက်သွားတဲ့ ကောင်မလေးတွေအား နှုက်ဆက်ပြီး စားပွဲအားသူရှင်းသည်၊ သို့သော် ရုတ်တရပ်ဆိုသလို သူ့ခေါင်းထဲ မူးဝေမှုကို ခံစားလိုက်ရသည်၊ သူပန်ကန်းဗန်းအား ခဏချကာ နားထင်အား ထောက်မိသည် ၊ သူဒီလိုဖြစ်နေသည်မှာ ကြာပြီ၊ မူးဝေပြီး ခေါင်းကိုက်သည် ၊ တစ်ခါတစ်ခါ အစားအစာ အနံ့တွေကို သူမခံနိုင်၊ ဆေးစစ်ဖို့သွားချင်ပင်မဲ့ မအားတာနဲ့ သူမသွားဖြစ်သေးပေ ၊

"အာ့ "

"သားးးးး"

ကြမါးပြင်ပေါ်လှဲကြသွားတဲ့ သားဖြစ်သူကြောင့် ဂျီမင်းနှင့် မိဘ‌တွေပြာဝေသွားခဲ့သည် ၊ အမြန်ပင်ပြေးထူကြည့်ရာ ဂျောင်ဂုသည် သတိမေ့နေခဲ့သည်

"ဆေးရုံ ဆေးရုံသွားမယ် "

~~~~~~~~~~

"ဂုဏ်ယူပါတယ်ဗျာ ၊ လူနာမှာ ကိုယ်၀န်သုံလရှိနေပါပြီ "

"ဗျာ"

"လိုအပ်တာတွေကို OGဆီ ကျွန်တော်တို့ လွှဲပေးပါ့မယ် "

"ဟုတ်ကဲ့ ကျေးဇူးပါဆရာ"

စမ်းသပ်တဲ့ ဆရာ၀န်ထွက်သွားတဲ့နောက် Jinသည် သားဖြစ်သူလက်အား ကိုင်မိသည် ၊ မေ့နေတဲ့ကောင်လေးသည် ဒီကြားထဲ ဘာတွေဖြစ်ခဲ့သည်လည်း ၊ အဖေဖြစ်သည့်သူအား ဘာလို့များပေးမသိခဲ့သည်နည်း ၊

"သားနိုးမှအေးအေးဆေးဆေးမေးကြရအောင်"

ဂျင်သည် သူ့ပခုံးပေါ်အား အားပေးသည့် အနေနဲ့တင်လာတဲ့ယောက်ကျားဖြစ်သူနမ်ဂျွန်းလက်အား အားကိုးတကြီး ဖမ်းဆုပ်မိသည် ၊ သူတို့သည် ယောက်ကျားလေးနှစ်ယောက် ၊ မိဘတွေ သဘောမတူတဲ့ကြားထဲက အတင်းလက်ထက်ခဲ့ကြသည် ၊ လက်ထက်ပြီး‌တဲ့နောက်  သားအိမ်ပါတဲ့ သူ့ကြောင့် ဂျောင်ဂုနှင့်ဂျီမင်းဆိုတဲ့ သားနှစ်ယောက်အား မွေးဖွားနိုင်ခဲ့သည်၊

♡첫사랑♡                                 (အချစ်ဦး) Where stories live. Discover now