♡Part - 7♡

1.7K 184 48
                                    

[Unicode]

ဆေးရုံအခန်းတစ်ခုအတွင်း ခပ်လတ်လတ်အရွယ်လူတစ်ယောက်ထွက်သွားသည့်တိုင် မလှုပ်မရပ်နဲ့ မတ်တပ်ရပ်နေစဲဖြစ်တဲ့ကောင်လေးတစ်ယောက် ၊ ထွက်သွားတဲ့ ထိုလူကြီးသည်တော့ တံခါးအားပိတ်ကာ အခန်းထဲက ကောင်လေးအား ခပ်ပြုံးပြုံးကြည့်နေခဲ့သည်

နမ်ဂျွန်း ထယ်ယောင်းအား ဂျောင်ဂုနှင့်အတူ ရှိခွင့်ပေးခြင်းဟာ တာ၀န်ယူရမည့်စကားလုံးသည် အပေါ်ယံမဖြစ်စေချင်၍ ၊ တနည်း မချစ်ဘဲ တာ၀န်ဆိုသည့်အရာကြီးကို မလိုချင်၍ပင် ၊ ဒီကောင်လေး နေဖို့လက်ခံထဲက သူသည် မမြင်နိုင်တဲ့ ချည်နှောင်ခြင်းတရားရှိလာနိုင်သည်ဟု ယူဆမိသည်

<<<<<<<≤<<<<<<<<<<

ထယ်ယောင်း~~~

ထိုကောင်လေးရဲ့အဖေထွက်သွားပြီး ခဏအကြာ ထယ်ယောင်းသည် ထိုကောင်လေးဘေးနားက ခုံ၌ နေရာယူလိုက်သည် ၊ ဘာရယ်မဟုတ် ကုတင်‌ေပါ်၌ အေးချမ်းစွာ ‌အိပ်‌ေပျာ်‌ေနတဲ့ ထိုကောင်လေးအား စိုက်ကြည့်မိသည် ၊ သူနဲ့တွေ့တုန်းကနဲ့မတူအောင် ခပ်ဖျော့ဖျော့ နှုက်ခမ်းပါး ၊ ‌ဖြူဖျော့ဖျော့မျက်နှာငယ် ၊

တဖန် ထိုကောင်လေးအဖေရဲ့စကားများပြန်ကြားယောင်လာပြန်သည် ၊

~တာ၀န်ယူမယ်ဆိုတဲ့အကြောင်း ~

သူအစက တာ၀န်မယူဘူးလို့ပြောတာဟာ ထိုကောင်လေး၏ကိုယ်၀န်သည် အတုအယောင်ဟု ထင်ခဲ့၍သာ၊ အဲ့အချိန်၌ သူ့ခေါင်းထဲ ယောက်ကျားလေး ကိုယ်၀န်ဆောင်တာသည် မဖြစ်နိုင်ဘူးဟုထင်ခဲ့သည်၊ ဒါ့ကြောင့်ဖျက်ချပါလို့ လွယ်လင့်တကူပြောခဲ့တာ ၊ သူသည်လည်း ကလေးချစ်သူတစ်ယောက်ပါ ၊ ဒါသာ တစ်ကယ် သူတို့နှစ်ယောက်ကြား သက်ရှိအရာလေးဆို သူတာ၀န်ယူဖို့၀န်လေးနေမှာမဟုတ်ချေ၊ ဘာလို့ဆို အဲ့ဒီညက သူလည်း နှစ်ခြိုက်ခဲ့သည်မဟုတ်လား

(An - နာဒို ဂျိုဝါး🌚)

"အင်းးး~"

ထယ်ယောင်းအတွေးများနေချိန် အသံငယ်တစ်ခုနဲ့အတူ ကုတင်ပေါ်က ကိုယ်ငယ်သည်အနည်းငယ်လှုပ်လာသည် ၊ ထိုကောင်လေးသည် တစ်ခုခုကို လှမ်းကိုင်သလိုလက်အနည်းငယ်မြောက်လာတဲ့အခါ သူ့လက်တို့အား အကြောင်းမဲ့ပေးမိသည်၊ ထိုအခါ သူ့လက်ဖဝါးအား ခပ်တင်းတင်း ဆုပ်ကိုင်လာတဲ့ထိုကောင်လေးလက်ဖ၀ါးငယ်~

♡첫사랑♡                                 (အချစ်ဦး) Where stories live. Discover now