♡Part - 40♡

978 102 14
                                    

[Unicode]

//첫사람//
(အချစ်ဦး)

"ဘယ်မောင်းရမလဲ ဆရာ~"

" Company ပဲသွားမယ်"

ဟူးးးး ~တီ တီ တီ!!!

*ဒီကောင်လေးဘာတွေဖြစ်ပြန်ပြီလဲ*

"ဟယ်လို ကင်မ်"

"‌ပြန်သွားတယ်ဆို ~"

"အာ အဲ့တာ ~"

"အင်း ကိုယ်နားလည်ပြီ~"

ထယ်ယောင်းရဲ့ ခပ်လေးလေးစကားသံအဆုံး တီကနဲကျသွားတဲ့ ဖုန်းအား ကားဆိုဖာဘေးပစ်ချလိုက်သည်။ ဂျောင်လေးပြောပုံအရဆို ခုနက မာမီနဲ့သူတို့သွားတွေ့‌ေနချိန် ကင်မ်မိသားစုအတွင်း ပြဿနာတက်ခဲ့ပုံရသည်။ ဒါ့အပြင် ဂျောင်ငယ်ရဲ့ စကားအသွားအလာအဆို ညီငယ်ချစ်တက်တဲ့ အကိုအ‌ေနနဲ့တော့ သူတို့ဒီကြားထဲတွေ့ဖြစ်မယ်မထင်ပြန်ဘူး။ ဟင်းးး အခုမှသာယာစပျိုးနေတဲ့ လမ်းတစ်ခုက ပြန်ပြီးဝေးကွာသွားပြန်ပြီ။ ဒါမှမဟုတ် ဒီလူသားအား တစ်နေ့မတွေ့ရင်‌ေတာင်မနေနိုင်တဲ့ သူကပဲ  အရမ်း sensitive ဖြစ်လွန်းနေတာလား။ ကင်မ်ထယ်ယောင်းမပီသလိုက်တာ *

~~~~~~~~~~~~

"ဂျစ် ဂျစ်! ဒီည ဆီးနှင်းတွေ ပြင်းထန်စွာကျရောက်မှုကြောင့် ယျာဉ်ကြောင်းလမ်းများ ပိတ်ဆို့မှုဖြစ်ပွားနေပါသဖြင့်  ~"

တစ်ဂျစ်ဂျစ်မြည်သံထွက်နေတဲ့ Tvလိုင်းတွေက ဆီးနှင်းတွေသိပ်သည်းမှုကြောင့်ထင်ပါတယ်။ လိုင်းမမှိချင်ဖြစ်နေတဲ့ ဖုန်းကောလ်တွေအား စိတ်ညီးညူစွာ ဖြစ်လို့ ဖုန်းအား ဆို ဖာပေါ်ပစ်ချလိုက်သည်။

"ဂျီမင်းက ဘာလို့ ခုထိပြန်မရောက်သေးတာပါလိမ့်~ "

*ဟင်းးး ~*

စိတ်ပူစွာ သက်ပျင်းယဲ့ယဲ့ချသံတွေက အိမ်ထဲလှိုင်ကနဲ ~ တစ်ယောက်တည်း ရှိနေတဲ့ နှစ်ထပ်အိမ်က ကိုယ်၀န်သည် သူ့အတွက်တော့ အနည်းငယ်ထိတ်လန့်စရာ~ ချောက်ချောက်မြည်နေတဲ့ အပေါ်ထပ်က ပြတင်းပေါက်က ထွက်ထွက်လာတဲ့အသံတွေက အရှိန်ပြင်း တိုက်ခတ်နေတဲ့ လေပြင်းတွေကြောင့်မှန်းသိပင်မယ့် ဂျောင်ဂုနှုင်ခမ်းလေးက အနည်းငယ်မဲ့ကျလာသည်။

"ကင်မ်~ "

*ဖုန်းကော်လ်မမိပြန်ဘူး~*

တစ်ဦးတည်းကျန်ရှိ‌ေနတဲ့ ကိုယ်၀န်သည်လေးက ကိုယ်လေးကျုံ့လို့ ဒူးနှစ်ဖက်အားဖက်ကာ ဆိုဖာပေါ်၌ပုံပုံကလေး ။ ဖန်သားပြင်က ပြတ်တောင်းပြတ်‌ေတာင်းဖြစ်‌ေနတဲ့ ဇာက်လမ်းတွဲအား ကြည့်နေရင်းမှ သမင်လေးလို လည်ပြန်ကာ အိမ်ပေါက်၀အား လှည့်ကာ လှည့်ကာကြည့်ရတာလည်းအမောပင်။

♡첫사랑♡                                 (အချစ်ဦး) Όπου ζουν οι ιστορίες. Ανακάλυψε τώρα