♡Part - 23♡

1.1K 154 19
                                    

[Unicode]

첫사랑
(အချစ်ဦး)

"‌လာ~"

ဂျောင်ဂုသည် သူ့ထံ လက်ကမ်းလာတဲ့ ကင်မ့်လက်အား ဆုပ်ကိုင်လိုက်သည်။ အဲ့နောက် ကင်မ်ဟာ လက်ဖဝါးသို့ဆုပ်ကိုင်‌ေနရာမှ သူ့လက်ချောင်းတွေကြား ယှဉ်သွယ်လာလို့ သူ့အား စည်းကားနေတဲ့ ပွဲဈေးထဲခေါ်ဆောင်သွားသည်။

"ဘာစားချင်လဲ"

ရက်ကွက်က ပွဲဈေးတွေလိုမဟုတ်ဘဲ မြေနီလမ်းတစ်လျှောက် သူ့ဆိုင်နေရာနဲ့သူရှိတဲ့ ဈေးတန်းက အထက်တန်းဆန်သည်။ စိမ်းစိုနေတဲ့ပန်းခြံက ညဘက်မို့ သစ်ပင်လေးတွေပေါ် မီးရောင်တွေချိတ်ဆွဲထားသည်မှာ လှပစွာ။တစ်ဆိုင်၀င်တစ်ဆိုင်ထွက်ကာ သူ့ကိုမုန့်မျိုးစုံမှာကျွေးတဲ့ ကင်မ်က စိတ်ရှည်စွာဖြင့်~

"ကင်မ်~ ဟန်မြစ်ဘက်က ဈေးတန်းတွေဆီသွားရအောင်လေနော်~"

ဂျောင်ဂုသည် ပန်းခြံကြီးအတွင်း လမ်းလျှောက်နေရင်းမှ သူ့လက်‌ေချာင်း‌ေတွကြား ယှဉ်သွယ်ထားတဲ့ ကင်မ့်လက်ကို အနည်းငယ်လွဲကာရမ်းကာဖြင့်နှုက်ခမ်း‌ေလး တစ်စူစူနဲ့ပြောသည်။ မသိမသာထွက်‌ေနပြီဖြစ်တဲ့ ဗိုက်ဖောင်းဖောင်းလေးက အပန်းရောင် hoodie အပွကြီးကြောင့် ပို၍ဖောင်းနေသယောင်၊ တွဲဖတ်၀တ်ဆင်ထားတဲ့ အဖြူရောင်ဆွဲသားဘောင်းဘီ‌ေလးနဲ့ ဂျောင်ဂုက ချစ်စရာအတိ

"အင်း~သွားကြမယ်~"

ထယ်ယောင်းသည် ဂျောင်ဂုဘက်ခေါင်းအနည်းငယ်စောင်းကာ ပြောလို့ ဂျောင်ဂုလက်အား ခပ်တင်းတင်းဆွဲကာ ကားပါကင်ဆီပြန်သွားသည်။

ဒီလိုနဲ့ သူတို့ ဟန်မြစ်ဘေးကလှည်းဈေးတန်းနေရာသို့ ‌ေရာက်လာခဲ့သည်။ ထိုနေရာသည် ခုနကနေရာနှင့်မတူစွာ လူတွေသိပ်သည်းလို့ စည်းကားလှသည်။ မြစ်လေအေးအေးက တစ်ဖြူးဖြူးနဲ့ တစ်ပါက်နှစ်ပေါက်ကျနေပြီဖြစ်တဲ့ နှင်းစက်တွေက ခပ်လူလူနဲ့အတူ ရောင်းတန်းက ပေါက်စီပူပူလေးတွေ၊ ကန်စွန်းဉပြုတ်ပူပူလေးတွေက လိုက်ဖတ်စွာ။

♡첫사랑♡                                 (အချစ်ဦး) Where stories live. Discover now