♡Part - 26♡

1.4K 156 12
                                    

[Unicode]
첫사랑
//အချစ်ဦး//

တိတ်ဆိတ်နေတဲ့ ညအချိန် မှာ တဝှီဝှီမြည်နေတဲ့ ပုရစ်သံတွေက ခြောက်ခြားဖွယ် ဆူညံလျက်။ အပြင်ဘက်ကတိုက်ခတ်လာတဲ့ ဆောင်း‌ေလအေးသံတစ်ဖြူဖြူးနဲ့ အတူ မီးရောင်ခပ်ဖျော့‌ေဖျာ့သာထွန်းထားတဲ့ ဆေးရုံအခန်းတစ်ခုအတွင်း ပင်ပန်းဒဏ်ကြောင့် ချစ်ရသူကုတင်ပေါ် ခေါင်းတင်လို့ အိပ်ပျော်နေတဲ့ ကောင်လေးတစ်ယောက် ~ ထိုကောင်လေးရဲ့ ခေါင်းလေးကို ခပ်ဖွဖွပွတ်သပ်ပေးနေပါသော အပ်တို့ထိုးသွင်းခြင်းခံထားရသော လက်သွယ်သွယ်~

**"မင်းကောင်လေးခုလိုခဏခဏမေ့လှဲနေတာ မင်းတို့ကလေးအတွက်မကောင်းဘူး။ ကလေးက မိခင်ဆီကနေ အာဟာရ ရတာ‌ေလ။ ကောင်လေးက အားနည်းတာကော ယောက်ကျားလေးဖြစ်တာကောနဲ့ ဒီပုံစံအတိုင်းသာ ဆက်သွားမယ်ဆို မင်းတို့ကလေးလေး တစ်ခုခုချို့တဲ့သွားလိမ့်မယ်~"**

"တောင်း ပန် ပါ တယ်~ ကင်မ်~"

တိတ်ဆိတ်နေတဲ့ ရပ်၀န်းထဲ ခပ်အက်အက်အသံက ထွက်လာသည်။ ထိုအသံက နာရီပေါင်းများစွာ အိပ်ထားလို့ ခံတွင်းခြောက်ကပ်နေသရောင်~

"ဒါပင်မယ့် ကင်မ့်ကို စိတ်ဆိုးတယ် ~"

ဆက်ထွက်လာတဲ့အသံက ခပ်‌အက်အက်ပဲ၊ သို့ပင်မယ့် ထိုအသံပိုင်ရှင်ကောင်လေးဟာ မျက်ရည်တွေကျနေခဲ့သည်။ တစ်ခြမ်းစောင်းလေးသာမြင်ရတဲ့ ချစ်ရသူ မျက်နှာအား ငှေးကာ ငိုနေခဲ့သည်။

"ကင်မ်က ကျွန်တော့်ကိုကျ စိတ်မပူ‌ဘူး~ ကင်မ် တကယ်မကောင်းဘူး~"

ထိုကောင်လေးသည် မျက်ရည်တွေကြားပြုံးသည်။

*သူ့ရဲ့ ကင်မ်က သိပ်ဆိုးပါသည်လေ~ကလေးကိုကျ ချစ်ပြီး သူ့ကျမချစ်ဘူး~ ခုလည်း ကလေးလေး တစ်ခုခုဖြစ်မှာကို စိတ်ပူပြီး အိမ်ပြန်ဖို့ တောင် စိတ်မဖြောင့်ဘူးထင်ပါရဲ့~*

" အမ်းးးး "

"............"

"ဟင်~~"

"ငိုနေတာလား အိမ်မက်ဆိုးမက်လို့လား?"

သူ့လက်ရဲ့ အထိအတွေ့ကြောင့် နိုးသွားတဲ့ကင်မ်က အိပ်ချင်စိတ်မ‌ေပျာက်
‌ေသးဘူးထင် သူ့အား ခပ်ကြောင်ကြောင်လေးကြည့်လာသည်။ တကယ်တော့ထယ်ယောင်းသည် အိပ်ပျော်တစ်ချက် အိပ်မပျော်တစ်ချက်ပါ။ ဂျောင်ဂုပြောတာတွေအကုန်သူကြားပါသည်။ စိတ်ထွက်ပေါက်ပေးတဲ့အနေနဲ့ ညိမ်ညိမ်လေး သူနားထောင်ခဲ့သည်။

♡첫사랑♡                                 (အချစ်ဦး) Where stories live. Discover now