[Unicode]
"ကျွန်တော်တို့ စာချုပ်အတိုင်းပဲသွားရအောင်~"
"ဂျောင်ဂု! ခုနက ကိုယ့်မာမီပြောတာက"
"ဟင့်အင် သူမပြောတာမှန်တယ် ကျွန်တော်က ပညာမတက်ဘူး ၊ ကျွန်တော်က ပိုက်ဆံကိုတောင် သေချာမရှာနိုင်ဘူး ၊ပြီးတေယ့ ယောက်ကျားလေးတစ်ယောက်ဖြစ်ပြီး ကိုယ်၀န်လွယ်ရတယ်၊ ဒီကလေးသာ ကျွန်တော့်လက်ထဲ ကြီးပျင်းလာရင် သေချာပေါက် သိမ်ငယ်ရမှာ~"
"မဟုတ်ဘူး!"
"ဟုတ်တယ် ! ဒါတွေကို ခင်ဗျားနားမလည်ပါဘူး။ ခင်ဗျား ကျွန်တော့်ေနရာမှာ ကြီးပျင်းခဲ့တာမှ မဟုတ်တာဘဲ~"
"မဟုတ်ဘူး ဂျောင်ဂု! မင်းအခုလိုတွေပြောနေတာ ခုနက မာမီ့စကာတွေကြောင့်ဆိုတာ ကိုယ်သိတယ် ....ဒါ့ကြောင့်""
"ဒါ့ကြောင့် ရပ်လိုက်ကျရအောင်"
".........."
ဂျောင်ဂုက ထယ်ယောင်းကို မကြည့်ပဲ မြစ်ပြင်ဘက်ကိုကြည့်ကာရှိတယ်။ လေအေးတွေက တောက်လျှောက်တိုက်နေတာမို့ ဂျောင်ဂုရဲ့ ပါးပြင်တွေနဲ့ နှာခေါင်းတို့က ရဲတက်နေတယ်။ထိုအရာတွေကို သေချာကြည့်နေခဲ့တဲ့ ထယ်ယောင်းက သူ့ဘေးက ဂျောင်ဂုရဲ့ မျက်နှာဟာ လေတိုက်လို့ရဲေနတာလား ငိုချင်တာထိန်းထားလို့ရဲတာလားဆိုတာ သူပဲသိမည်။ အဲ့နောက် ထယ်ယောင်းက သက်ပြင်းချရင်း
"ကောင်းပြီလေ မင်းကမှ အဲ့စာချုပ်အတိုင်း သွားချင်နေမှပေါ့ စာချုပ်အတိုင်းပဲသွားကြတာပေါ့ "
"အခုတော့ ဒီက ပြန်ကြရအောင်"
ထယ်ယောင်းက ယောင်းချို လက်ထဲက သူ့မာဖလာအနီအားယူကာ ဂျောင်ဂုလည်ပင်းထက် သေချာသိုင်းပေးလိုက်တယ်။ သူ့အမူအရာတွေအား မျက်ရည်တွေဝိုင်းနေတဲ့ မျက်၀န်းတစ်စုံကို စေ့စေ့ကြည့်ရင်း။ သူ့အကြည့်တွေအား ရှောင်ဖယ်တဲ့ကောင်လေးကတော့ သူ့အရင် ကားပေါ်၀င်ထိုင်လေတယ်။
ထယ်ယောင်းက ကားထဲ မ၀င်သေးပဲ မြစ်ပြင်ကြီးအား ခါးထောက်ကာ ငှေးကြည့်နေတယ်။ လေတစ်ဖြူဖြူးမှာ ထယ်ယောင်းဆံပင်တွေက တစ်လွှင့် လွှင့် ...
#စိတ်ချ.. မင်း ဘယ်လောက်ပဲပြေးပြေး ကိုယ့်လက်က ပြေးမလွှတ်ပါဘူးဂျောင်ဂု~ ....တစ်ချိန်ကြရင် မင်းကိုယ်တိုင် ကိုယ့်ဆီ ပြန်လာဖို့ တောင်းဆိုလာလိမ့်မယ်.....
YOU ARE READING
♡첫사랑♡ (အချစ်ဦး)
Romance"ကင်မ်ရေ~" "ပြော~ ငယ် ...." ~~~~ 𝙏𝙤𝙥 - 𝙏𝙖𝙚 𝘽𝙤𝙩𝙩𝙤𝙢 - 𝙠𝙤𝙤𝙠 //𝑰𝒏𝒄𝒍𝒖𝒅𝒆 𝒕𝒉𝒆 𝒘𝒂𝒓𝒏𝒊𝒏𝒈// 𝑩𝒐𝒕𝒉 𝒛𝒂𝒘𝒋𝒊 𝒂𝒏𝒅 𝑼𝒏𝒊𝒄𝒐𝒅𝒆