[Unicode]
첫사랑
(အချစ်ဦး)"ထယ်ယောင်းအဆေပြေရင် ဒီနေ့ဒီမှာပဲ အိပ်လိုက်တော့လေ"
"ပါး!!"
ဂျောင်ဂုအံ့ဩစွာ သူ့ပါးအား အော်မိတော့သည်။ အကြောင်းအရင်းတွေအစကတော့ ကင်မ်က သူ့အိမ်ရှေ့ထိလိုက်ပို့ရာမှာ သူ့ပါးပါးဂျင်က ည၁၂ေတာင်ေကျာ်ေနပြီကို ပြန်လာမယ်ဆိုပြီး ပြန်မလာသေးလို့တဲ့ဆိုကာ အိမ်ရှေ့ထွက်စောင့်နေလေရဲ့၊ အဲ့တာနဲ့ ကင်မ်နဲ့တွေ့ပြီး ကင်မ့်ကို အိမ်ထဲခေါ်ကာ အခု အိပ်ပါအိပ်ခိုင်းနေလေပြီ။
"မရပါဘူး!"
"ဟင်!"
ဂျင်သည် တစ်ဖတ်က ကင်မ်ထယ်ယောင်းအား ပြန်လွှတ်လိုက်ရမှာ အားနာသောကြောင့် အိပ်ဖို့အဆေပြေလားမေးကြည့်လိုက်သည်။ ဒီကိစ္စ အဖွားကင်မ်သိလည်း သူ့မြေးက ဒီလောက်ထိလုပ်ပေးထားတာကို အချိန်မတော်ကြီးပြန်လွှတ်လိုက်ရမလားလို့ တွေးခဲ့ရင် သူတို့ကြား မျက်နှာပျက်စရာဖြစ်မည်။ ဒါကို အလိုက်မသိပါသောသားငယ်က ခုလည်း မရဘူးတဲ့လေ။
တစ်ဖတ်က မတ်တပ်ရပ်လျက်ရှိပါသောထယ်ယောင်းမှာလည်း ဂျောင်ဂုရဲ့ မရပါဘူးဆိာတဲ့စကားကြောင့် ဦးနှောက်ထဲ question မှတ်တွေပင်ဖြစ်နေလေပြီ၊ ဒါ့ကြောင့်သူ့မျက်ခုံးတို့သည် မသိမသာ ကျုံ့သွားလျက်
"သားရယ် ဘာမရတာလည်း ဒီအချိန်ကြီးပြန်လွှတ်လိုက်ရင် အဖွားကင်မ်လည်းဘယ်ကြိုက်ပါ့မလဲ"
"ဒါပင်မယ့် ကင်မ် ကင်မ်ထယ်ယောင်းက သားတို့အိပ်ယာမှာ အိပ်ပျော်ပါ့မလား၊ သားတို့အိပ်ယာက နည်းနည်းမာတယ်လေ၊ သူအိပ်ပျော်မှာမဟုတ်ဘူး ဟုတ်တယ်မလား ကင်မ်~"
ထယ်ယောင်း".........."
"ဘာလို့မအိပ်တက်ရမှာလဲ ဂျောင်ဂုအပိုမပြောနဲ့" (ဂျင်)
" အိပ် အိပ်တက်ရင်တောင် ဧည့်သည်ခန်းက ရှင်းမှမရှင်းရသေးတာ"
"မရှင်းရလည်း မင်းအခန်းထဲသိပ်ပေါ့"
"ဘယ်လိုလုပ်သင့်တော်မှာလဲ"
"ဘာကို ဘယ်လိုလုပ်သင့်တော်မှာတဲ့လဲ၊ ဒီဗိုက်ကြီးတောင်ထွက်နေပြီကို ဘာတွေများ မသင့်တော်နေလို့လဲ!"
YOU ARE READING
♡첫사랑♡ (အချစ်ဦး)
Romance"ကင်မ်ရေ~" "ပြော~ ငယ် ...." ~~~~ 𝙏𝙤𝙥 - 𝙏𝙖𝙚 𝘽𝙤𝙩𝙩𝙤𝙢 - 𝙠𝙤𝙤𝙠 //𝑰𝒏𝒄𝒍𝒖𝒅𝒆 𝒕𝒉𝒆 𝒘𝒂𝒓𝒏𝒊𝒏𝒈// 𝑩𝒐𝒕𝒉 𝒛𝒂𝒘𝒋𝒊 𝒂𝒏𝒅 𝑼𝒏𝒊𝒄𝒐𝒅𝒆