♡Part - 10♡

1.7K 202 30
                                    

[Unicode]

첫사
(အချစ်ဦး)

ပြင်းထန်တဲ့ လက်‌ေ၀ှ့တွေကြားထဲ သူ့ရှေ့က သဲအိတ်‌တောင် ပေါက်ထွက်တော့မည်၊ သို့သော် ယခုထိတိုင် သူ့ဒေါသတို့မပြေသေး ၊ မနေ့က အကြောင်းအား သူ့ခေါင်းထဲ၀င်လာလျှင် သူ့ဒေါသတို့ ပိုတိုးလာသည်၊ မနေ့က မနေ့ကသူ့အဖွား ဈေး၀ယ်ချင်သည်ဆို၍ လေယာဉ်ဆိုက်လျှင်ဆိုက်ခြင်း သူလိုက်ပို့ခဲ့သည်၊ ထို အချိန်ထိ အရာရာဟာ သူ့အတွက် အဆေပြေနေခဲ့သည်၊ စတာက အဲ့ ကုန်တိုက်ရောက်မှ

အမှတ်မထင် သူတွေ့လိုက်ရတဲ့ ထိုပုံရိပ် ၊ သို့သော် ထိုကောင်လေးမှန်းသူသိပါသည် ၊ သူ့အား မြင်တဲ့အခါ လက်လာတဲ့ ထိုမျက်၀န်းတို့ ၊ သို့သော် သူထင်သလို သူ့အား နှုက်ဆက်မည်မဟုတ်ပဲ သူနဲ့ပါလာတဲ့ ကောင်တစ်ကောင်ဘေး အတင်းတိုး၀င်သွားလေရဲ့ ၊ ဒါ့အပြင် ထိုကောင်‌သည်လည်း ထိုကောင်လေးရဲ့ ပခုံးအားဖတ်ပြီး တစ်ပြံုးပြုံးနှင့်

*တောက်ခ်*

"ဒုန်းးးး ကျီ ကျီ"

နောက်ဆုံးတစ်ချက်မှာ သဲအိတ်ကြီးအား ချိတ်ထားတဲ့ သံကြိုးတွေရဲ့ တစ်ကျီကျီမြည်သံသည် အလုံပိတ်အခန်းထဲ ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်

"ဆ ဆရာ ရေ ရ ~"

ယောင်းချိုအမြန်ပဲ ရေဘူးအားယူကာ သူ့ဆရာနား အပြေးလာမိသည် အခြေအနေ‌တွေမကောင်းတော့ဘူး ~

"အခုဘယ်နှနာရီလဲ!"

"၆ခွဲနေပြီဆရာ" (6 P.M)

"ဆေးရုံရက်ချိန်းမဟုတ်လား"

"အာ ဟုတ်ပါတယ်ဆရာ၊ ဒီနေ့ ၇နာရီပါ"

"အခုသွားမယ် ကားပြင်ထားလိုက်'

"ဟုတ်"

"အာ ကားပြင်ပြီးတာနဲ့ မင်းနားလိုက်တော့ "

"ဗျာ~ ဟုတ်ဆရာ"

သူသည် ဆရာနဲ့ မလိုက်ရဘူးဆိုတာသိသည်နှင့်  night outထွက်ဖို့ လမ်းစပြင်လေပြီ ၊ ယခုလို နားချိန်တွေကို မျှော်ရတာကလည်း သူ့ဘ၀မှာ အလုပ်တစ်ခုလို ၊ အရင်ရက်‌‌ေတွက မနားရတာမဟုတ်ပါ၊  ၆နာရီဆိုတာ Mondayလိုမျိုးနေ့ရက်အတွက် စောစောနားဖို့ ရှားပါးတဲ့အချိန်မဟုတ်လား  ၊

♡첫사랑♡                                 (အချစ်ဦး) Where stories live. Discover now