♡Part - 25♡

1.4K 175 38
                                    

[Unicode]

첫사랑
//အချစ်ဦး//

တပတ်အကြာ~

ကင်မ်ထယ်ယောင်း pov.

"ဟင်းး "

"ဆရာ~"

ယောင်းချိုသည် ဖိုင်တွေအား ဆိုဖာအရှေ့က စားပွဲ၌ တင်ရင်း ဖုန်းကြည့်ကာ သက်ပျင်းခဏခဏချနေပါသော ဆရာဖြစ်သူအားခေါ်လိုက်သည်။ ဆရာ့ကြည့်ရတာ ဆရာလေးနဲ့ ဒီကြားထဲ အဆေမပြေတဲ့ပုံပင်

"ပြော~"

"ဟုတ်ကဲ့ ၊ အဟမ်း ဒါက ဆရာ့ရဲ့ personal ကိစ္စပင်မယ့် အကယ်၍များ ကျွန်တော်ကူညီပေးနိုင်တာရှိရင်ပြောပါ~ ကျွန်တော် ကူညီဖို့အသင့်ပါဆရာ~"

"အင်း ~"

ထယ်ယောင်းသည် အသိအမှတ်ပြုခေါင်းညိမ့်ကာ တဖန် ဖုန်းထံကြည့်နေပြန်သည်။ တစ်ပတ် !ဂျောင်ဂုနဲ့အဆက်အသွယ်မရှိခဲ့တာ တစ်ပတ်ရှိပြီ၊ ဂျောင်ဂုဘက်က မဆက်သွယ်လာသလို သူ့ဘက်ကလည်း မဆက်သွယ်ခဲ့

ထယ်ယောင်းရှေ့က ယောင်းချိုဟာတော့ ဆရာ့ဖြစ်သူအား တစ်ချက်ကြည့်ကာ ထိုမှထွက်လာရန်ပြင်သည်။ ထိုအချိန်

"ယောင်းချို"

ယောင်းချိုရဲ့ခြေလှမ်းတွေ ရပ်တန့်သွားကာ သူ့ဆရာဘက်ပြန်လှည့်လိုက်ရင်း နားထောင်ဖို့အသင့်ဖြစ်နေသူလို ပြင်ဆင်သည်။ သူ့ဆရာက ရင်ဖွင့်သည်ကရှားသည်လေ !!တော်ကြာအလေးမထားဘူးဆိုပြီး အလုပ်ဖြုတ်နေဦးမယ်~

"ပြောပါဆရာ"

"ငါနဲ့ဂျောင်ဂုကို မင်းဘယ်လိုမြင်လဲ"

".........." ***ဟမ်***

"အဟမ်း ငါပြောတာက ၊ ကိုယ်ကိုယ်တိုင်ထက် တစ်ဖတ်ကသူက သူတို့အခြေအနေကို ပိုရိပ်မိကြတယ်လို့ပြောကြတယ်မှတ်လား"

"ဟုတ်"

"ငါတို့ရဲ့ စိတ်တွေကကြတော့မသိစိတ်နဲ့သိစိတ်မှာ သိစိတ်ကပိုပြီး...."

"ဟို ဆရာမေးချင်တာက ဆရာ့ရဲ့ အမြင်က ဆရာလေး ဂျောင်ဂုအပေါ်  ကျွန်တော့ဘက်နေ ဘယ်လိုမြင်လဲလို့မေးချင်တာမဟုတ်လား ဆရာ~"

ယောင်းချိုသည် မကြာခင် စာအုပ်ထဲက စာသားတွေအတိုင်းရွတ်ပြတော့မည့် ဆရာဖြစ်သူအား ရှေ့မျက်နှာ နောက်ထားရင်း အားနာစွာနဲ့ပဲ ဖြတ်ပြောလိုက်သည်။

♡첫사랑♡                                 (အချစ်ဦး) Opowieści tętniące życiem. Odkryj je teraz