♡Part - 2♡∆

2.2K 201 32
                                    

[Unicode]

သူတို့ စားစရာတွေရောက်ကာ စားနေသည်ထိ ကင်မ်ထယ်ယောင်းသည် သူ့အား လာတွေ့သည့်အကြောင်းအရာနှင့်ပတ်သတ်၍ ခုထိစကားမဆိုသေးပေ ၊ မဟုတ်မှ သူ့ကို ငြင်းဖို့စဉ်းစားထားလေသလော၊ ထိုအတွေးတွေသည် သူ့အား စိတ်ညစ်စေသည် ၊ သူသည် ဒီလူကို နှစ်နှစ်လလချစ်လာခဲ့တာ ၊

အရင်က မဖြစ်နိုင်မှန်းသိ၍ ရှေ့ဆက်မတိုးခဲ့ပင်မဲ့ ယခုလို ဘုရားသခင်ကပေးတဲ့ အခွင့်အရေးကိုတော့ သူလက်မလွတ်ချင် ၊ ဒါပင်မဲ့ သူ့ဘက်က‌ေနကြတော့လည်း ဘယ်ကဘယ်လို စပြောရမလဲဆိုတာလဲ သူမသိ၊ တစ်ခါတစ်လေကြ သူ့ရဲ့နုံအပြီး‌ေကြာက်တက်တဲ့အကျင့်အား မုန်းမိပါရဲ့ ၊

"ဟို~"

"အင်း .. ဝိုင် .. ယူမို့လား"

စကားစဖို့သူသည် ကင်မ်ထယ့်ရဲ့ စကားသံတို့နောက် ခေါင်းသာငြိမ့်မိ‌ေတာ့သည်၊ သူဟာလည်းသူပဲ ဟိုဘက်က ဝိုင်ထည့်နေတဲ့အချိန်မှ သွားပြောတော့ ဟိုကဝိုင်သောက်ချင်တယ်ပဲထင်‌ေတာ့မှာပေါ့ ၊

! သူသည် ကမ်းထည့်လာတဲ့ဝိုင်ခွက်အား လက်ခံရယူပြီးနောက် ဝိုင်ခွက်အား ကိုင်ထားသော သူ့လက်တို့သည် တုန်ချိချိ၊ သူ ဘယ်လို‌ေသာက်ရမလဲ ၊ ဆိုဂျူတောင် သူမသောက်နိုင်တာ၊ ခွက်ထဲမှ ဝိုင်အချို့အား အနည်းငယ် သူလှုပ်လိုက်ကာ သူစိတ်တို့ဇဝေဇဝါဖြစ်မိပါရဲ့ !

"ဒါက အရမ်းမူးလားဟင်"

"....."

ဝိုင်အား သောက်နေသောထယ်ယောင်းသည် ထိုကောင်လေးရဲ့ အဖြူထည်စကားတို့အား ကြားလိုက်ရတဲ့အခါ မျက်နှာထက်၌ အံ့ဩမှုတို့ အနည်းငယ်ဖြတ်ပြေးသွားသည် ၊ ဘယ်လိုတောင် ရိုးအသည်နည်း

"နည်းနည်းတော့ မူးမှာပေါ့ .... မသောက်ဖူးဘူးလား.."

"ဟို..."

ထယ်ယောင်းရဲ့ အ‌ေဖြစကားကြောင့် ဝိုင်ခွက်ကို ကိုင်ထားတဲ့ဂျောင်ဂုလက်‌ေချာင်းတို့ အနည်းငယ် တင်းကျပ်သွားမိသည် ၊ သူတို့လို လူလတ်တန်းစားတွေက ဒီလိုဝိုင်အကောင်းစားတွေသောက်ဖို့နေ‌နေသာသာ မြင်ရဖို့တောင် ခတ်ခဲသည်ဆိုတာ ခင်ဗျားမသိပါလေ~

♡첫사랑♡                                 (အချစ်ဦး) Where stories live. Discover now