♡Part - 11♡

1.7K 195 41
                                    

[Unicode]

첫사
(အချစ်ဦး)

"ခင်ဗျား......ဘာလို့ ......ဘာလို့ .......လာအော်နေတာလဲ!~"

ခဏအကြာမှာတော့ ဒေါသမမြိုသိပ်နိုင်တော့တဲ့ ကိုယ်၀န်သည်လေးသည် ........ တောက်ခ် ‌ေခါက်ကာ စီယာတိုင်အား ဒေါသဖြင့် ထိုးလျက်ရှိတဲ့ ထယ်ယောင်းအား စွာပါတော့သည် ။

!တကယ်ဆို အဲ့လူကမှ သူ့ကို တစ်ပတ်လုံးလပစ်ထားခဲ့တာမဟုတ်လား!

ဒေါသထွက်လာသော ဂျောင်ဂုသည် မျက်နှာတွေပင်ရဲနေကာ ပါးဖောင်းဖောင်းနှင့် ခပ်ဆူဆူဖြစ်နေသည်

"တကယ်ဆို ခင်ဗျား ဒေါသထွက်ခွင့်မရှိဘူး!! ခင်ဗျားကသာခင်ဗျားကသာ တစ်ပတ်လုံး လူကို ရှိတယ်လို့တောင် မမှတ်ခဲ့တာမဟုတ်လား !!!"

"အခုမှ အခုမှ ဘာကိုလာ အော်နေတာ ~~"

နောက်ဆုံးမှာ တိမ်၀င်သွားသော အသံနှင့်အတူ ဂျောင်ဂုသည် ကလေးတစ်ယောက်လို တအီအီနဲ့စငိုတော့သည်

ထယ်ယောင်းမှာ တော့ သူ့ရှေ့က နှုက်ခမ်းတထော်ထော်နဲ့‌သူ့အား အော်လိုက် ယခုကြတော့လည်း ငို‌လိုက်နှင့် ‌ဖြစ်နေတဲ့ကောင်လေးကြောင့်  သူ့မှာကြောင်တောင်တောင် ~

ကိုယ်၀န်သည်တွေသည် စိတ်အပြောင်းအလှဲမြန်မှန်းသူသိသည်၊ သူ့ အမေ အငယ်ကောင်အား ကိုယ်၀န်ဆောင်တုန်းကလည်း အဲ့လိုပင်၊  အဲ့တုန်းက သူက အပိုတွေလုပ်တယ်ထင်ခဲ့တာ၊  ဒါက အမှန်တကယ်မှန်း မျက်မြင်ကိုယ်တွေ့ကြုံမှပင် သူယုံတော့သည် ၊

ငိုနေတဲ့ကောင်လေးက သူ့ကို တစ်ပတ်လုံးပစ်ထားသောကြောင့် ၀မ်းနည်းနေခြင်း၊ ပုံမှန်လူအနေနဲ့ ဒါဟာ ဒီအတိုင်း "ကိုယ့်ကလေးအဖေက ကိုယ့်ကို အရေးတယူမရှိဘူး" ဟု ကောင်လေးရဲ့အထင်ကို ‌မှန်းဆနိုင်ကြပင်မဲ့ သူက ဒီကောင်လေးသည် သူ့အား ကြိုက်နေမှန်းသိတော့ ဒါက သူ့အ‌‌ေပါ် စွန်းထင်းနေတဲ့ အလွမ်းဆိုတာလေးပင်၊ 

ဒါပင်မယ့် ခတ်တာက သူ့မချော့တက်တာပင် ၊ အရင်ဆံုး သူ့ဘက်လှည့်ကာ မျက်လုံးတွေအား ပွတ်သတ်နေတဲ့ လက်လေးတွေအား သူဆွဲဖယ်လိုက်သည် ၊ သို့သော် သူဘာစပြောရမှန်းသူ မသိ

♡첫사랑♡                                 (အချစ်ဦး) Where stories live. Discover now