♡Part - 13♡

1.6K 182 26
                                    

[Unicode]

첫사
(အချစ်ဦး)

စတော်ဘယ်ရီးသီးရဲ့ ချိုမြိန်မှုနဲ့အတူ ကျီစယ်သည့် အခန်းပြီးဆုံးသွားသည့်အခါ ကင်မ်အဖွားရဲ့  dinnerဖိတ်ခေါ်မှုကရောက်လာပြန်သည်။

"ဒါဆို ကျွန်တော်တို့ကို ခွင့်ပြုပါဦး"

ဆိုကာ ထယ်ယောင်းသည် ဂျောင်ဂုလက်အား ဆွဲလျက် အိမ်အပြင်သို့ခေါ်လာခဲ့သည်။ ဂျောင်ဂုမှာတော့ ရိုးရိုး Pajama၀တ်စုံနဲ့သာ၊ အေးနေတဲ့ ရာသီဉတုကြား အပေါ်ကုတ်ပါမလာ ၊ထယ်ယောင်းခေါ်ဆိုရာအတိုင်းသာ လိုက်လာခဲ့သည် ။ အိမ်အပြင်ရောက်တော့မှ ထယ်ယောင်းအကျီအား မရဲတရဲဆွဲကာ

"ဟို ကျွန်တော် အပေါ်ကုတ် မပါသေးဘူး အဲ့တာ~"

"အာ ~ ဆောရီး ကိုယ်လောသွားတယ်"

ဟု ဆိုကာ သူ့ကုတ်အားချွတ်ပြီး ဂျောင်ဂုကို ခြုံပေးလိုက်သော ထယ်ယောင်း ။ ‌အမွေးပွ အနက်ရောင် ကုတ်ကြီးထဲမြုတ်နေတဲ့ဂျောင်ဂုမှာတော့ ထယ်ယောင်းအား ကြောင်အစွာမော့ကြည့်လာသည်။

"ဟို~"

"လာ ကိုယ့်ကားပေါ်မှာ အပို တစ်ထည်ရှိတယ်"

"‌ဟုတ် ကျေးဇူးပါ "

ဂျောင်ဂုသည် မျက်နှာရဲရဲလေးနဲ့ စကားဆိုလျှင် ထယ်ယောင်းသည် ပြုံးကာ ဘာမှမဆိုဘဲ ဂျောင်ဂု တက်ဖို့ တံခါးဖွင့်ပေးလိုက်သည် ။ ပြီးမှ တစ်ဖတ်က သူ၀င်ထိုင်သည် ။

သူတို့ကြားထဲ ဘယ်အချိန် တံခါးဖွင့်ပေးရမလဲဟု စောင့်နေတဲ့ ယောင်းချိုမှာတော့ ဘာလုပ်ရမှန်းမသိ ၊ မထူးတဲ့အဆုံး ကားထဲမှာသာ၀င်ထိုင်နေလိုက်သည် ။ အချိုတွေ သူသိပ်မကြည့်နိုင်ပါ ဆီးချိုတက်သည်လေ

"ယောင်းချို ကုတ်အ‌ပိုကော "

"ဟုတ် ဒီမှာပါဆရာ"

"အေး "

အဲ့နောက် ထယ်ယောင်းသည် ယောင်းချိုထံမှ အကျီအားယူကာ ၀တ်လိုက်သည်၊ သူ့အကျီသည် ဂျောင်ဂုကို သူပေးလိုက်တဲ့ ကုတ်နဲ့ဆင်တူပင် ၊ ယခုဆို coupleလိုတွေပေါ့ ။

အင်း ယခုလိုကျ အကျီကုတ်အပိုကို သူ့အတွက်ဆိုပြီး အမြဲ ဆောင်ပေးတဲ့ယောင်းချိုအား ကျေးဇူးတင်မိသည် ။

♡첫사랑♡                                 (အချစ်ဦး) Where stories live. Discover now