♡Part - 1♡

2.9K 211 41
                                    

[Unicode]

첫사랑
(အချစ်ဦး)

"ဟယ်လို "

"Hyung!"

"အင်း~"

"သွားတွေ့လိုက်ဦးလို့နော် မမေ့နဲ့လို့ "

"သိပါတယ် ~ဒါပင်မဲ့ ဆိုင်မှာလူကျနေတယ် appaတစ်ယောက်တည်း မနိုင်လောက်ဘူး၊ဒါ့ကြောင့်မင်းမြန်မြန်လာ ၊ မင်းလာမှသွားမှာ"

"အာ တွေ့ရမဲ့ အချိန်က 7နာရီလေဗျာ၊ hyungသွား‌ေတာ့ 6ခွဲနေပြီ"

"မင်းလာရင်သွားမယ်လို့"

"အကိုရေ ဒီဝိုင်းမှာထားတာကြာနေပြီ"

"အာ ဟုတ်ကဲ့ ဟုတ်ကဲ့ လာပါပြီ"

"မင်း မြန်မြန်လာခဲ့နော် ဖုန်းချလိုက်ပြီ "

"ဟာhyung hyung!! အာာာ ~~hyungကတော့ လုပ်ပြန်ပြီဗျာ !"

~~~~

"Appa စားပွဲဝိုင်း 13က မှာထားတဲ့ဗန်းလေး "

ကောင်လေးတစ်ယောက် ၊ အကျီအဖြူရောင်နဲ့ ဘောင်းဘီအညိုကို တွဲ၀တ်ကာ ခါးလည်လောက်မှ Apron‌ အညိုလေးတွဲချည်ထားသော ထိုကောင်လေး ၊ မျက်ခုံးတန်းတန်းလေးတွေ ၊ ဖြူဖြူဖွေးဖွေး ပါးမို့မို့လေးတွေ၊ မပါးမလပ် နှုက်ခမ်းရဲရဲလေးတွေ ၊ နဖူးထိ ဝှဲကြနေတဲ့ ဆံပင်အုပ်အုပ်ကလေးတွေနဲ့ ထိုကြက်ကျော်ဆိုင်ပိုင်ရှင်ရဲ့သား ကင်မ်ဂျောင်ဂု

"သားဒီနေ့ အိမ်ထောင်ဘက် သွားတွေ့ဖို့လုပ်ထားတယ်ဆို ၊ အဲ့တစ်ယောက်နဲ့ သွားမတွေ့သေးဘူးလား"

‌ဖအေဖြစ်သူထံမှ ကြက်‌ေကြာ်ပါသည့် လင်ဗန်းလေးနဲ့အတူ မေးခွန်းစကားတွင် ထိုကောင်လေးသည် ပြုံးကာ

"Appaရယ် အဲ့ကောင်လေးက အားနေ သားကို တစ်ယောက်ပြီးတစ်ယောက်နဲ့ လိုက်ချိတ်ပေးနေတာ ၊ ပြီးတော့ ဒီမှာဒီလောက်လူကျနေတာ appaတစ်ယောက်တည်း သားက ဘယ်လိုလုပ် ထားခဲ့ရမှာလဲ~"

သားဖြစ်သူထံမှ သူ့အားစိတ်ပူနေသည့်စကားတစ်ချို့ကြားရတဲ့အခါ သူပြုံးမိပါရဲ့ ၊ ဒီကလေးသည် သိတက်စ အရွယ်ထဲက မိဘတွေအတွက်ပဲ ခေါင်းထဲထည့်ကာ ခုထိအိမ်ထောင်ပြုဖို့မစဉ်းစားသေးပေ ၊ အသက်က 25ရောက်နေပြီ ၊ညီဖြစ်သူက တစ်ယောက်ပြီးတစ်ယောက်ချိတ်ပေးပင်မဲ့ လည်းအခုချိန်ထိ အကြောင်းအမျိုးမျိုးပြ၍ သွား မတွေ့သေးချေ၊

♡첫사랑♡                                 (အချစ်ဦး) Where stories live. Discover now