♡Part - 24♡

1.1K 170 36
                                    

[Unicode]
첫사랑
(အချစ်ဦး)

"ဂျောင်ဂု လာစမ်း!!"

ထယ်ယောင်းသည် ဂျောင်ဂုလက်အား ဆွဲကာ သူ့နောက်သို့ပို့လိုက်တော့ တစ်ဖတ်လူဆီကနေ တော့ပူကီလှမ်းယူတဲ့ ဂျောင်ဂုလက်ထဲက တော့ပူကီချောင်းလေးသည်တော့ မြေခခဲ့ရသည်။ ဒါကိုဂရုမမူနိုင် ထယ်ယောင်းသည်တော့ သူ့ရှေ့ကလူကိုသာ စူးစူးစိုက်စိုက်ကြည့်နေခဲ့သည်။

"မင်း ကိုယ်၀န်သည်ကို အဲ့လိုမဆက်ဆံသင့်ဘူး ကင်မ်ထယ်ယောင်း...!"

"အဲ့တာငါ့ကိစ္စပါ!"

ဆိုကာ ထယ်ယောင်းသည် ရှေ့ကလူပခုံးအား တိုးတိုက်လို့ဂျောင်ဂုလက်အား ခပ်တင်းတင်းဆွဲကာ ထိုနေရာမှထွက်လာခဲ့သည်။ နောက်က ရက်ကန်ရက်ကန်နဲ့ပါသွားတဲ့ ဂျောင်ဂုမှာတော့ သူတို့အား ရပ်ကြည့်နေတဲ့ ဆရာ၀န်ဂျောင်ဟို‌ေဆာ့အား အားနာစွာဖြင့်သာပြုံးပြလေသည်။ထိုအခါ ဆရာ၀န်လေးသည် ရပါသည်ဟု၍ အသိအမှတ်ပြုခေါင်းညိမ့်ပြသည်။

ဂျောင်ဂုကသာ အမှတ်တမှတ်မို့ ထယ်ယောင်းလက်ထဲက တော့ပူကီခွက်လေးအား မမြင်လိုက်သော်လည်း ဆရာ၀န်လေးကတော့ မြင်ဖြစ်အောင်မြင်လိုက်ပါသည်။ ဒါ့ကြောင့် သူသက်ပျင်းခပ်ဖွဖွချကာ သူနဲ့‌ချိန်းဆိုထားတဲ့ ကောင်မလေးဆီသို့သာ ထွက်လာခဲ့လိုက်သည်။

"တက်!!"

ထယ်ယောင်းသည် ဂျောင်ဂုအား အရင်တက်စေကာ သူကတော့ လက်ထဲ တော့ပူကီခွက်အား နီးရာအမှိုက်ပုံးထဲလွှင့်ပစ်ခဲ့သည်။ ဒါကို ကိုယ့်အပူနဲ့ကိုယ်ဖြစ်နေတဲ့ ဂျောင်ဂုသည်မတွေ့လိုက်၊ သူဟာ ထယ်ယောင်းကိုသာ ရန်ပြန်တွေ့ဖို့တွေးတောနေခဲ့သည်။ တစ်ဖတ်ကနေ ထယ်ယောင်းတက်လာတဲ့အခါ ကိုယ်၀န်သည် ဒေါသအိုးလေးသည် ထယ်ယောင်းဘက်မျက်နှာမူလို့

"ခင်ဗျား ဘယ်လိုလုပ်လိုက်တာလဲ! "

"အဲ့စကားက ငါမေးရမယ့်စကားထင်တယ် ဂျောင်ဂု! မင်းကို ငါဒီလောက်မစားပါနဲ့လို့ပြောထားရဲ့သန်းနဲ့ တော်တော်စားချင်နေ‌တယ်ပေါ့ ဟုတ်လား!"

ထယ်ယောင်းသည် အံ့အားကျိတ် ခပ်တငိးတင်းလေသံဖြင့်ဆိုသည်။ ထိုအခါ ကိုယ်၀န်ကြောင့် ဒေါသဖြစ်လွယ်တဲ့ဂျောင်ဂုသည် ဒေါသစထောင်းကနဲပင် ၊ အရင်က ဂျောင်ဂုနဲ့မှလားလားမဆိုင် အတော်ကိုဒေါသထွက်နေပုံ

♡첫사랑♡                                 (အချစ်ဦး) Where stories live. Discover now