♡Part - 4♡

1.7K 191 51
                                    

[Unicode]

머리가 회미래 아직 도 넌
ခေါင်းထဲမှာ ဝေဝါးနေဆဲဖြစ်ပင်မဲ့ အခုထိနင်က

가슴 깊은 곳에 사라 봐
နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာမှာ နေနေတုန်းပဲနဲ့တူပါတယ်

마음이 아파와 지금 도 난
နှလုံးသားလေးက နာကျင်နေပင်မဲ့လည်း အခုချိန်ထိ ငါက

네가 보고 싶나 봐
မင်းကို သတိရမိနေတုန်းနဲ့တူပါတယ်

Another day ~

••••••••••

"မင်းလိုက်သွားလို့ တကယ်ဖြစ်ပါ့မလား ကိုယ်ပဲလိုက်သွားပေးမယ်လေ "

နမ်ဂျွန်းသည် သူ့ခင်ပွန်းလေးအား အပေါ်ကုတ်ထပ်ပေးရင်ဆိုလာသည်

"ရပါတယ် တော်ကြာ ငါ့သားကို ဟိုဘက်ကနှိမ်ပြီးပြော‌ေနရင် ဘယ်လိုလုပ်မလဲ၊ မင်းက ဘာမှလည်းပြန်ပြောတက်မှာမဟုတ်ဘူး၊တောင်းပန်ပြီး‌ေတာင် ပြန်လာဦးမှာ"

"ဟဟ ကိုယ်က အမြဲ ခေါင်းငုံ့ခံသူလိုထင်နေတာလာ"း

နမ်ဂျွန်းသည် သူ့မူရင်းပါးချိုင့်ကြီးတွေပေါ်သည်အထိရယ်‌ေမာကာမေးလာသည် ၊

"မသိဘူးလေ၊ မင်းက ငါ့ဆို အမြဲတောင်းပန်နေတာကိုး"

'အဲ့တာ မင်းတစ်ယောက်ထဲအတွက်ပါ ၊ ပြီးတော့ မင်းက ကိုယ့်ရဲ့ dark sideကို မမြင်ဘူးလို့ပါ"

"Dark side? မင်းမှာ dark sideဆိုတာမျိုးရှိလို့လား၊ အဲ့တာကခေတ်စကားလို့ငါထင်တယ်၊ ငါတော့ နားကိုမလည်ဘူး!"

ဂျင်သည် အနွေးထည်အား တင်းတင်းဆွဲချကာပြောလာသည်၊ နှုက်ခမ်းကိုလည်း စူထားလို့ ၊ သူသည် သူ့ခင်ပွန်းလေးအား ထပ်မစတော့ပေ

"တကယ်အဆေပြေပါတယ်နော်"

"အဆေပြေပါတယ်ဆို"

"‌အင်းပါ ကိုယ်က မင်းကိုစိတ်ပူလို့ပါ၊ မင်းမှာက နှလုံးအခံလည်းရှိတော့‌ေလ~၊ ဟိုဘက်က စကားတွေကြောင့် မင်းတစ်ခုခုဖြစ်သွားမှာ ကိုယ်စိုးရိမ်တယ်"

နမ်ဂျွန်းသည် ဂျင့်လက်အားကိုင်ကာ ပြောလာသည် ၊ သူတကယ်စိတ်ပူသည်၊ သူ့ခင်ပွန်းလေးသည် ဒေါသလည်းကြီးသည်မဟုတ်လား၊

♡첫사랑♡                                 (အချစ်ဦး) Where stories live. Discover now