♡Part - 29♡

1K 176 23
                                    

[Unicode]

"ရော့"

"တော်ပြီ ဗိုက်တင်းနေပြီ~"

ကုတင်ပေါ်က ဗိုက်ပူပူနဲ့ကောင်လေးကပြောတော့ ထယ်ယောင်းက သက်ပြင်းချကာ သူက သူ့လက်ထဲက အဖြူရောင်ဇလုံလေးကို စားပွဲပေါ်ချလိုက်တယ်။ အဲ့နောက်သူကကောင်လေးဆီရေကမ်းပေးလိုက်တယ်။

အဖြစ်အပျက်တွေက သူတောင်လိုက်မှီနိုင်အောင်မြန်ဆန်လွန်းတယ်။ ဂျောင်ဂုအဖေက ဒီတစ်လအတွင်းခွဲစိတ်မှဖြစ်မှာဖြစ်ပြီး ဂျောင်ဂုအဖေ‌ေနာက်တစ်‌ေယာက်ကလည်း ခြေထောက်အတွက် အသေးစားခွဲစိတ်မှုလုပ်ရဦးမည်။ ဒီကြားထဲ ပင်ပန်းသွားတဲ့ ကောင်လေးက အရင်ကလိုပါးဖောင်းဖောင်းလေးတွေ မရှိတော့။မျက်တွင်းဟောက်ပတ်လေးနဲ့။

ယခုတောင် အားနည်းနေ၍ သူ့အဖေရဲ့ အ‌ေခြအနေကိုမြင်ကာ ရှော့ရသွားသည်။ ဂျောင်ဂုက တစ်နာရီလောက်မေ့သွားခဲ့ပြီး ပြန်သတိရလာတယ်။ သတိရလာတည်းက ထယ်‌ေယာင်းက ဆန်ပြုတ်ကို ဂရုတစိုက် ခွင့်ကျွေးနေခဲ့တယ်။

"ပါးအ‌ေခြအ‌ေန ဘယ်လိုလဲဟင်"

ဂျောင်ဂုက ချက်ချင်းမျက်ရည်တွေဝိုင်းလာကာ မေးတော့ ထယ်ယောင်းက ဂျောင်ဂုရဲ့ လက်နှစ်ဖတ်အား စုပ်ကိုင်လိုက်ကာ

"ဂျောင်ဂု ကိုယ်မင်းရဲ့အတွင်းရေးကို ခိုးနားထောင်တာမဟုတ်ပင်မယ့် မင်းအတွက် အခတ်အခဲတွေရှိနေရင် ကိုယ်ကူညီပါရစေ"

ထယ်ယောင်းကချော့ကာဖြင့်ပြောတော့ ဂျောင်ဂုကခေါင်းခါတယ်။

"ဟင့်အင် အခုတောင် လူတွေက ကျွန်တော့်ကို ကဲ့ရဲ့နေကြတာ။ ကင်မ့်ရှီကသာ ယူလိုက်ရင် ကင်မ့်ဘက်ကအသိုင်းအ၀ိုင်း‌ေတွကအစ ကျွန်တော့်ကို အထင်သေးတဲ့မျက်လုံးတွေနဲ့ကြည့်လာလိမ့်မယ်။ ဒါ့ကြောင့် ကျွန်တော်လက်မခံနိုင်ဘူး"

"ဟင်း ဒါဆိုမင်းရဲ့ကြက်ကြော်ဆိုင်ကိုရောင်းမယ်ကြားတယ်။ဒါကိုတော့ ကိုယ့်ဆီမှာရောင်းလို့ရတယ်ထင်တယ်'"

ထိုသို့ပြောတော့ဂျောင်ဂုက မျက်လုံးလေးတွေအနည်းငယ်လက်လာတယ်။သူကရောင်းချင်းရောင်း သူသိတဲ့လူတွေလက်ထဲပဲ ရောင်းချင်တာ။ဒါမှ သူပြန်၀ယ်ရင်အဆေပြေမယ်လို့ သူတွေးထားခြင်း။

♡첫사랑♡                                 (အချစ်ဦး) Where stories live. Discover now