[Unicode]
첫사랑
//အချစ်ဦး//တစ်ပတ် ပါးပါးဂျင် ဆေးရုံတက်နေတာတစ်ပတ်ရှိသွားပြီ အခုထိသတိမလည်လာသေးဘူး။ အောက်ဆီဂျင်ပိုက်တွေကြား အသက်ရူနေရတဲ့ သူ့ပါးပါးကို မြင်ရတာ ဂျောင်ဂုအတွက် အရမ်းနာကျင်ရပါသည်။ အထူးသဖြင့် သူ့ကြောင့်ဆိုတဲ့စိတ်က သူ့ကို ပို၀မ်းနည်းစေသည်။
"ဂျောင်ဂု ထမင်းစားရအောင်"
ဒီကြားထဲထယ်ယောင်းက ဂျောင်ဂုဘေးအမြဲရှိနေခဲ့တယ်။အခုလည်းထမင်းစားဖို့ သူကပဲလာခေါ်ခြင်း။ ဂျောင်ဂုက ထယ်ယောင်းကိုသာကြောက်တာ ကျန်တဲ့သူတွေလာခေါ်ရင်မစားဘူးဟုသာငြင်းတယ်။ ဒါတွေကြောင့် ထယ်ယောင်းက တာ၀န်ယူထားလိုက်ခြင်းပင်။
"အော် ဆရာ၀န်ကြီးက လူနာရှင်နဲ့စကားပြောချင်လို့ပါတဲ့ရှင့် "
သူတို့စားဖို့ပြင်ဆင်နေတုန်း ဆရာမလေးတစ်ယောက်ကရောက်လာကာ လာခေါ်တော့ ဂျောင်ဂုနဲ့ထယ်ယောင်းလည်း သူ့နောက်လိုက်သွားခဲ့တယ်။
"ရောက်လာပြီလား ထိုင်ပါ"
"ဟုတ် ဘာဖြစ်လို့လဲဟင်ဆရာ"
"အင်း အရင်ဆုံး စိတ်ခိုင်ခိုင်ထားဖိုပြောချင်တယ်"
ဆရာ၀န်ကြီးက ဂျောင်ဂု ကိုယ်၀န်အားတစ်ချက်ကြည့်ကာပြောတယ်။
"မင်းအဖေရဲ့ ဆေးစစ်ချက်တွေ မနေ့ကပဲ ထွက်လာတယ် ။ ဆေးစစ်ချက်အရ နှလုံးထဲက စက်က မင်းဖေရဲ့နှလုံးကို သိပ်မထောက်ပံ့ပေးနိုင်တော့ဘူး။ အနှေးနဲ့အမြန် ဆရာတို့နှလုံးအစားထိုး ခွဲစိတ်ဖို့လိုအပ်တယ်။ မဟုတ်ရင် လူနာအသက်ရှင်နိုင်ခြေက ၃လထဲ"
"ဗျာ!!!"
"ဒုန်းးး"
ဆရာ၀င်စကားအဆုံးဂျောင်ဂုက ထိုင်ေနရာကေနအေနာက်ကို အနည်းငယါယိုင်ကျသွားတာမို့ ထယ်ယောင်းက ပခုံးကနေပွေ့ဖတ်ထားတယ်။တစ်ချိန်တည်း ဒုန်းဆိုတဲ့ အသံထွက်လာတဲ့ တံခါးနားက ပြုတ်ကြသွားသွားတဲ့ အပါးနမ်ဂျွန်းကို မြင်တော့ ဂျောင်ဂုက အလျှင်အမြန်သွားထူတယ်။
"အပါး အပါး"
နမ်ဂျွန်းကနာကျင်မှုကြောင့် စကားမပြောနိုင်တော့ဘူး။ သူက လွန်ခဲ့တဲ့နှစ်က အက်ဆီးဒန့်တစ်ခုကြောင့် ဒူးမှာစတီးယိုးထည့်ထားခဲ့ရတယ်။ ဒီနှစ်တွေအတွင်း ထော့နဲ့ထော့နဲ့ဖြစ်နေပင်မယ့် ယခုလိုပြုတ်ကြဖူးခြင်းမရှိ။ အခုက အမှတ်တမယ့်လှဲကြသွားတာေကြာင့်ဒူးထဲက စတီးရိုးကစောင်းပြီး အထဲအသားကိုလာထိတော့ ချက်ချင်းပင် ဒူးကရောင်ကိုင်လာကာ ချွေးစီးတွေပင်ပြန်လာသည်။
YOU ARE READING
♡첫사랑♡ (အချစ်ဦး)
Romance"ကင်မ်ရေ~" "ပြော~ ငယ် ...." ~~~~ 𝙏𝙤𝙥 - 𝙏𝙖𝙚 𝘽𝙤𝙩𝙩𝙤𝙢 - 𝙠𝙤𝙤𝙠 //𝑰𝒏𝒄𝒍𝒖𝒅𝒆 𝒕𝒉𝒆 𝒘𝒂𝒓𝒏𝒊𝒏𝒈// 𝑩𝒐𝒕𝒉 𝒛𝒂𝒘𝒋𝒊 𝒂𝒏𝒅 𝑼𝒏𝒊𝒄𝒐𝒅𝒆