♡Part - 30♡

927 123 26
                                    

[Unicode]
ရုံးခန်းတစ်ခုအတွင်းမှာ လူနှစ်ယောက်ဟာ ‌စကားများနေကြတယ်။ တစ်ယောက်က သူ့ကိုကျောပေးထားပြီး နောက်တစ်ယောက်ကတော့ ကော်ဖီခွက်ကို ဟန်ပါပါကိုင်ကာ သူ့ကို စိန်ခေါ်တဲ့အကြည့်တွေနဲ့ကြည့်နေခဲ့တယ်။ ဒါကို သူ့အား ‌ေကျာပေးထိုင်‌ေနတဲ့သူက မမြင်ခဲ့ဘူး။

ဂျောင်ဂုရုံးခန်းထဲ မ၀င်ခင် သူ့လက်ထဲက ဖိုင်နှစ်ခုအား သေချာစစ်ဆေးရင်း အမှုမဲ့ပဲ ထယ်ယောင်းရုံးခန်းထဲကို ၀င်ခဲ့တယ်။ သူ၀င်လာတော့ အခန်းထဲမှာ လူနှစ်ယောက်ကရှိနေခဲ့တယ်။ သူ၀င်လာတာကို နှစ်ယောက်လုံးကသတိမထားမိဘူး သူတို့က သူတို့စကားတွေထဲမှာ နှစ်မြုပ်နေခဲ့တယ်။ ဒါပင်မယ့် သူရပ်‌ေနတဲ့ မျက်နှာချင်းဆိုင်ဆိုဖာက သူကတော့ သူ၀င်လာသည်ကိုမြင်သွားဟန်။

ထိုလူက သူ့ကို ဟန်ပါပါပြုံးပြလာကာ သူမက ကော်ဖီခွက်ကို ကောက်ယူလိုက်တယ်။ ကျောပေးကာ ရှိတဲ့ ဆိုဖာပေါ်က ကင်မ်ကတော့ စာရွက်စာတမ်းအချို့နဲ့ အလုပ်ရူပ်နေပာ သူရှိနေမှန်းသတိမမူသေးဘူး။~

"သားဒီကိစ္စကို လက်ခံလိုက်သင့်ပြီ"

အစမရှိ အဆုံးမရှိတဲ့ စကားတစ်ခုမှာ ထယ်ယောင်းကော ဂျောင်ဂုပါ နားစွင့်နေခဲ့တယ်။

"သားက ကလေးချစ်တက်တာ မာမီသိတယ်~ အမျိုးသားတစ်ယောက်က မွေးလာတဲ့ကလေးကိုလည်းသားချစ်မယ်မှန်ူ မာမီသိပင်မယ့် လူချပြဖို့ကြ သားအဆေမပြေပြန်ဘူးမဟုတ်လား"

အော် စကားအကြောင်းအရာအစက သူ့ကိုရည်ရွယ်နေခဲ့တာပဲ~

ထယ်ယောင်းကတော့ သူ့အမေဖြစ်သူရဲ့စကားကြောင့် သူ့ နက်ခ်တိုင်ကို အနည်ူငယ် ဖြေလျော့ရင်း သူက လစ်လျူရှုလိုက်တယ် ~ သူ့မာမီပြောတာတွေကို သူက ခေါင်းထဲမရှိခဲ့ဘူး~ ဒါပင်မယ့် တိတ်ဆိတ်ခြင်းက ရုံးခန်းအတွင်းက ဂျောင်ဂုကို တွေဝေသွားစေတယ်~ ထိုအရာကြောင့် သူ‌မက ပြုံးလိုက်ရင်း ကော်ဖီခွက်ကို ချကာ

"အင်း တာ၀န်ဆိုတဲ့စကားတစ်ခုအ‌ေပါ်မှာ သားတာ၀န်ယူတယ်ပဲ ဆိုပါတော့ LGBTကို ခုထိ တရား၀န် မလက်ခံသေးတဲ့ ဒီနိုင်ငံမှာ ဘယ်လိုများ လူအများအရှေ့ချပြကြမလဲ~"

♡첫사랑♡                                 (အချစ်ဦး) Where stories live. Discover now