♡Part - 6♡

1.6K 192 31
                                    

[Unicode]

"အင်း  အဆိုးထဲက အကောင်းပဲပြောရမလား လူနာရဲ့ကိုယ်၀န်က မပျက်ကြခဲ့ပါဘူး၊ ဒါပင်မဲ့ သားအိမ်တစ်ခုကိုတော့ကျွန်‌ေတာ်တို့ ထုတ်လိုက်ရတယ်...."

"သားအိမ်တစ်ခု~" (ဂျင်)

"ဟုတ်တယ် လူနာက သားအိမ်အသေး‌ေလး တစ်ခုထပ်ပါတယ်၊ အဲ့အသေးက ကိုယ်၀န်မဆောင်နိုင်ဘူး ၊ ပင်မ သားအိမ်ကပဲ ကိုယ၀န်လွယ်နိုင်တာ၊ ပြီးတာ့  အကယ်၍ အဲ့တာရှိမှန်းသာမသိခဲ့ရင် မွေးဖွားဖို့အချိန်ရောက်ရင် အရမ်းအန္တရာယ်များတယ် ၊ဒါ့ကြောင့်အဆိုးထဲက အကောင်းလို့ပြောတာပါ "

{An- သားအိမ်နှစ်ခုပါတာက တကယ်ရှိပါတယ်နော်၊ လူနည်းစုပေါ့ ၊ သာသာ့အမျိုးထဲမှာ အဲ့လိုပါတဲ့သူရှိတယ်~ }

"ကျွန်တော့် သားအခြေအနေကောဟင်~"

"လူနာက တောင့်ခံထားခဲ့ပုံပဲ ၊သတိတစ်ချက်တစ်ချက်ရှိတယ်"

"........."
ထယ်ယောင်းသည် ဆရာပတ်ခ်ထံမှ ထိုစကားအား ကြားချိန် သူ့နားထဲ ပြန်ကြားယောက်လာတဲ့ ထိုကောင်လေးရဲ့အသံတစ်ချို့

သူသည်ခေါင်းအားတစ်ချက်ခါကာ

"သူ့ကို အရေးပေါ်အခန်းထဲ ထားပေးပါ"

ထယ်ယောင်းစကားကြောင့် ဂျင်တို့ ဆရာ၀န်ငယ်လေးတို့ အနည်းငယ် ကြောင်သွားသည်၊

ဆရာပြောတာသည် သူ့သားသည် ခွဲစိတ်မှုအသေးစား တစ်ခုပြုလုပ်လိုက်ရသည်ကလွှဲရင် ကျန်တာ အားလုံး အ‌ေခြအနေကောင်းသည်တဲ့၊ ဆေးရုံတောင်၅ရက်လောက်ပဲ တက်ရင်ရပြီဆိုတာကို ထိုသူဌေးသားရဲ့ အရေးပေါ်အခန်းဆိုတာက ဘာလဲ ၊ အခုမှလာပြီး ဘာလို့များ အပိုတွေလုပ်နေရသည်လဲ !

တကယ်တော့ထယ်ယောင်းသည် ဆရာ၀န်ပြောသည့်စကားများအားမကြားခဲ့ပေ ၊ သူ့နားထဲ၌ ထိုကောင်လေးရဲ့ အရေးကြီးသည်ဆိုသည့်စကားသည်သာ ထပ်တလဲလဲကြားနေခဲ့သည်၊ ဒါ့ကြောင့် ယခုလို ပြောလိုက်ခြင်း‌ပင်

"ကောင်းပါပြီ ၊ ခဏ‌ေနရင် လူနာကို အခန်းရွှေ့ပေးပါ့မယ် ၊ ပြီးတော့ Mr.ကင်မ်ခဏလောက်လိုက်ခဲ့ပေးပါ "

ထယ်ယောင်းသည်ခေါင်းတစ်ချက်ညိမ့်ကာလိုက်သွားခဲ့ပေသည်

"ဟေ့ယျောင် ဒါနဲ့ အဲ့ကောင်လေးကမင်းနဲ့ဘယ်လို ပတ်သတ်တာတာလဲ"

♡첫사랑♡                                 (အချစ်ဦး) Where stories live. Discover now