♡Part - 21♡

1.3K 158 19
                                    

[Unicode]

첫사랑
(အချစ်ဦး)

"ကျွန်တော်ကတကယ်ပဲ ကျွန်တော့်ကလေးကို မပိုင်တော့တာလား"

"ဂျောင်ဂု~"

"ဘာလို့လဲ~ ဘာလို့လဲ~ ကျွန်တော်တို့အဆေပြေနေပြီမဟုတ်လား~"

"............"

"တောင်းပန်ပါတယ် ကိုယ့်အမှားတွေပါ~"

ထယ်ယောင်းသည် ဂျောင်ဂုခေါင်းအားနောက်မှယူကာ သူ့ပခုံးထပ်၌ မျက်နှာအပ်စေ၍ မှီခိုစေသည်။ ထိုအခါဂျောင်ဂုသည် ထယ်ယောင်းပခုံးနဲ့ သူ့နဖူးထိလို့ ရှိုက်ကြီးတငင်ပင် ငိုလာခဲ့သည်။မေးခွန်းတွေကိုလည်း တောက်လျှောက်မေးနေခဲ့သည်။

"ကျွန်တော်မပေးနိုင်ဘူး ဟင့် ဒါကျွန်တော့်ကလေး! ကျွန်တော့်ရင်သွေး!"

"ကျွန်တော်က‌ေလးကို ကျွန်တော်ရှိရဲ့သားနဲ့ ဘာလို့ တစ်ခြားတစ်‌ေယာက်ကို အမေခေါ်ခိုင်းရမှာလား"

"မပေးဘူး လုံး၀မပေးနိုင်ဘူးနော်!!!"

ဂျောင်ဂုသည် ထယ်ယောင်းပခုံအား မှီကာငိုနေရာမှ ထယ်ယောင်း ကော်လံစအား ဆွဲကာ မျက်နှာချင်းဆိုင်၍ ဆိုလာပြန်လာသည်။ ငိုထားလွန့်လို့ မျက်နှာဟာလည်း နီရဲပြီး မျက်လုံးတွေဆို ဖောင်းအစ်နေပြီ၊

"စိတ်ချပါ၊ ကလေးကို မင်းကလွှဲရင် ဘယ်သူ့ကိုမှ အမေခေါ်ခိုင်းမှာမဟုတ်လို့"

ထယ်ယောင်းသည် သူ့ကော်လံစကိုဆွဲကာ ဒေါသကြီးနေပါသော သူ့ရှေ့က ပါရဲရဲနဲ့‌ေကာင်‌ေလးရဲ့ မျက်ရည်တွေအား သုတ်ပေးကာဆိုသည်။ ထိုအခါ ရှိုက်ကာရှိပါသော ဂျောင်ဂုသညိ မမျှော်လင့်ထားပါ‌ေသာ စကားကြောင့် ထယ်ယောင်းအား အံ့ဩသလိုကြည့်နေကာ ခဏအကြာမှ မျက်ရည်တွေပြန်လည်ရစ်သိုင်းလာလို့ ထယ်ယောင်းလည်ပင်းအား တင်းကျပ်စွာဖတ်လို့ ပခုံးပေါ်ခေါင်းတင်ကာ ရှိုက်ကြီးတငင်ငိုလာပါတော့သည်။

"ကတိနော် အင့် ကတိနော်လို့!!!!"

ဂျောင်ဂုသည် ပခုံးပေါ်ကနေ ပြန်ခေါင်းထောင်လာကာ ထယ်ယောင်းမျက်နှာနားကပ်၍ ပြောလာပြန်သည်။၂မီတာလောက်တာ ခြားတဲ့ဂျောင်ဂုမျက်နှာလေးကြောင့် တစ်ဖတ်ကထယ်ယောင်းမှာတော့ အသက်တောင်ရဲရဲမရူရဲ၊ ဘာလို့ဆို နီရဲနေတဲ့ နှုက်ခမ်းပါးက သူ့နှုက်ခမ်းနဲ့ ထိကပ်လုစဲစဲ၊ တစ်ဖန် သူ့မျက်စိရှေ့မြင်‌ေနရတဲ့ ပါး‌ေဖာင်းဖောင်းလေးတွေပေါ်က သွေးကြောမျှင်စိမ်းစမ်းလေးတွေ၊ ကျစ် ရူးတော့မှာပဲ!!

♡첫사랑♡                                 (အချစ်ဦး) Where stories live. Discover now