♡Part - 41♡

929 109 27
                                    

[Unicode]

"လူနာက ကျန်းမားရေး ကောင်းမွန်နေပါပြီ၊ ဒါ့ကြောင့် နောက်တစ်ပတ်ဆို စပြီး  exercise လုပ်လို့ရပါပြီ"

"ဟုတ်ကဲ့ပါဆရာ~"

"အကြောဆေးသွင်းပေးခဲ့မယ်နော်~"

ဒီလိုနဲ့ အစအဆုံး အကုန်စစ်ဆေးပြီးသွားတဲ့နောက် ဆရာ၀န်ငယ်လေးကထွက်သွားတယ်။ ကျန်ခဲ့တဲ့ အမျိုးသားနှစ်ဦးက အပိုစကားမဆိုကျ အစဉ်အမြဲ လုပ်နေကြအရာတွေအား လုပ်နေကြတယ်။ အခန်းထဲမှာ အပြင်က ၀င်လာတဲ့ အေးစက်နေတဲ့ လေငွေ့တွေက ရိုက်ခတ်နေတယ် ။ပွင့်နေတဲ့ မှန်ပြတင်းပေါက်နားက လိုက်ကာတွေက တစ်လွှင့်လွှင့် ။

"မနက်ဖြန်..."

"ဟမ် ~ "

"တစ်ခုခုလိုချင်လို့လား!"

ကုတင်ပေါ်က ပြတင်းပေါက်ကို ငှေးကြည့်နေတဲ့ ကောင်လေးက တစ်စုံတစ်ခုကို ရေရွတ်လိုက်တော့ ဆိုဖာထက် လိ‌‌ေမ္မာ်ခွံတွေ ခွာနေတဲ့ကောင်လေးက ခေါင်းတစ်ချက်မော့လို့မေးတယ်။ အလျော့မပေးကြသေးတဲ့နှစ်ယောက်က ခပ်တန်းတန်းသာ။ မသိရင် စိတ်ဆိုးနေကြတဲ့ သူငယ်ချင်းတွေလို ။

တဖန် ကုတင်ပေါ်က ကောင်လေးက အရေးမစိုက်ဟန်ဖြင့် ပြတင်းပေါက်ကိုသာ အဆက်မပြတ်‌ေငှးနေတော့ စိတ်မရှည်ဟန်ပါဘဲ လိမ္မော်ခွံအား ခွာနေရာမှ ချက်ချင်းထလာကာ ပြတင်းပေါက်ကို ပိတ်ပလိုက်တယ်။ဒါဘာသဘောလည်း ။

"မင်းဘာလုပ်တာလဲ!"

"အေးလို့!"

"မင်း!!"

အရေးမလုပ်သူအား ဒေါသထွက်အောင်လုပ်ရတဲ့ ခံစားချက်က သိပ်ပျော်ဖို့ကောင်းပါတယ်လေ။ဒေါသထွက်နေသူရဲ့ မျက်နှာလေး ရဲလာရင် ပိုပြီး ပျော်ဖို့ကောင်းပါသည်။

---------------------💚

// 첫사람//
// အချစ်ဦး//

"ဂျီမင်း နေ့လည်စာ~"

"တော်ပြီ!"

ဂျောင်ဂုစကားအား အရေးမလုပ်ဟန် ခပ်ပြတ်ပြတ်ပြောကာ ထွက်သွားတဲ့ ဂျီမင်းကြောင့် ဂျောင်ဂုမှာ ခပ်ကြောင်ကြောင်လေး ကျန်ခဲ့တယ်။  သို့ပင်မယ့် စိတ်မဆိုးမိ။ ဂျီမင်းကို အခုလို ပြောင်းလဲစေသူက သူတို့‌ေတွမဟုတ်ပါလား ။

♡첫사랑♡                                 (အချစ်ဦး) Where stories live. Discover now