35

5.2K 168 7
                                    

သူ မသိသောအခြားတစ်ဖက်၌ ( Part - 35 )
〰〰〰〰〰

"အောက်ရောက်နေပြီ အစ်ကိုလေး"

ရဲနောင်၏အကြောင်းကြားစကားကြောင့် နှစ်ယောက်လုံး လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး မြူကတော့ ထိုင်ရာမှထရပ်လိုက်သည်။
အရွယ်တင်နုပျိုနေဆဲ မြူ့မျက်နှာသည် ဒေါသမာနဖြင့်တင်းမာနေပြီး မကျေမနပ်ဖြင့် သူ့ကိုလှည့်လှည့်ကြည့်သောမျက်လုံးတွေကလည်း စူးစူးရဲရဲ။
မေမေ့ကိုခေါ်ထားပေးပါဟု သမီးကတောင်းဆိုထား၍ သူမကို ခေါ်ထားခြင်းဖြစ်ကာ မြူ ဘယ်လိုဆုံးဖြတ်မှာမှန်း သူသိနေသည်။

"မေမေ"

သျှင်ကတံခါးဖွင့်ပေးလိုက်သည်နှင့် အခန်းထဲပြေးဝင်လာသည့်သမီးလေး...
ထိုအခါ မြူ့ရဲ့စူးရဲအေးစက်သောမျက်လုံးတွေက ချက်ချင်းအရောင်ဖျော့သွားပြီး ဖွေးကိုကြည့်ရင်း တဖြည်းဖြည်းနူးညံ့လာသည်။
သမီးမျက်နှာလေးကို မေးဖျားမှပင့်ယူကာ ဆံပင်လေးတွေကို ယုယုယယပွတ်သပ်ပေးပြီး...

"သမီးရယ်"

ဖွေးက သူ့ကိုလှမ်းကြည့်ရုံသာကြည့်ပြီး မြူ့ကိုတင်းတင်းဖက်ကာ ကလေးလေးလိုခေါင်းလေးတိုးပြီး မော့ကြည့်၏။
သျှင်ကတော့ သူ့အနားထိရောက်အောင် လျှောက်လာကာ တစ်ခါမှမမြင်ဖူးခဲ့သည့် မြူ့ကိုကြည့်နေခဲ့သည်။
ဖွေးနဲ့ယှဥ်တွဲမြင်လိုက်မှ ဖွေးက မြူနဲ့ဆင်ပေမယ့် သူ့ကိုပိုပြီးတူနေသလိုထင်မိသည်။

"သမီး Singaporeသွားမှာဆို မေမေ့ကိုဘာလို့လိမ်သွားတာလဲ ဓာတ်ပုံတွေကအစ ကျကျနနနဲ့"

"ဖွေးကိုခွင့်လွှတ်ပါ ဖွေး ဖေဖေနဲ့တွေ့ချင်လို့ဆိုတာ မေမေမှ လက်မခံဘဲ"

"ဒီလူနဲ့တွေ့လို့ သမီးဘာဖြစ်သွားမှာလဲ အခု သမီးဘယ်လို.."

မြူ့စကားတွေရပ်သွားပြီး သျှင့်ဆီအကြည့်တစ်ချက်ရောက်လာကာ ဖွေးကိုပြန်ကြည့်သည့်အကြည့်တွေက နှမျောတသစွာ။
ဆိုင်သာဆိုင်ပြီး မပိုင်တော့မှန်း သတိရသွားသလို မြူ့မျက်နှာက ချက်ချင်းပြန်တင်းမာသွားပြီး...

"မေမေတို့ပြန်မယ်"

ဟု ဖွေးလက်ကလေးကိုဆုပ်ကိုင်ပြီး ထွက်သွားဖို့ပြင်တော့ ဖွေးက နေရာမှမရွှေ့ဘဲရပ်နေသည်။
ထိုအခါ မြူက ဒေါသတကြီးဖြင့် ဖွေးကိုပြန်လှည့်ကြည့်လာကာ အတင်းဆွဲခေါ်ပေမယ့် ဖွေးကလက်ကလေးကိုပြန်ရုန်းရင်း ခေါင်းခါပြ၏။

သူ မသိသောအခြားတစ်ဖက်၌Where stories live. Discover now