29

6.4K 244 7
                                    

သူ မသိသောအခြားတစ်ဖက်၌ ( Part - 29 )
〰〰〰〰〰

"ဖွင့်ကြည့်လိုက်"

ဦးရဲ့အမိန့်ဆန်ဆန်စကားကြောင့် ရှေ့မှာချထားသည့်ဘူးလေးကိုဖွင့်ကြည့်တော့ Mickel Koreနာရီလေးဖြစ်ပြီး ဖွေးအရမ်းကြိုက်သည့် ပန်းရောင်ဖျော့လေး။
ဖွေး အရမ်းလိုချင်ခဲ့ပေမယ့် ဈေးကြီးလွန်းတာကြောင့် မပူဆာရဲခဲ့သည့်နာရီ။

"ဦး ဒါက"

"သမီးအတွက်"

"ဒီလောက်ဈေးကြီးတာကြီးမလိုချင်ပါဘူး ပြီးတော့ ဖွေးနာရီမပတ်တတ်ဘူး"

ဘူးလေးကိုပြန်ပိတ်ရင်း စားပွဲပေါ်ပြန်ချလိုက်တော့ ဦးက သဘောမကျသလိုမျက်နှာမျိုးဖြစ်သွား၍ ဖွေးနှုတ်ခမ်းလေးကိုက်ပစ်လိုက်မိသည်။
ကိုကိုနဲ့တွဲနေတာ ဦး သိသွားလို့လား။

"သမီး သေချာနားထောင်"

ဦးအသံက အေးဆေးပြတ်သားနေကာ ထိုအသံဆီမှ သြဇာအာဏာသံတစ်ခုပါဝင်နေပြီး ဖွေးကို စကားနားထောင်ဖို့ လွှမ်းမိုးနေသလိုမျိုး။
ဦးစကားပြောတိုင်း ဖွေး မှင်သက်သွားမိကာ ကိုယ့်မိသားစုထဲက လူကြီးသူမတစ်ယောက်က စကားပြောဆုံးမနေသလိုခံစားရ၏။

"သမီးက Shanghaiတက္ကသိုလ်မှာ ကျောင်းတက်မှာမလား အမြင့်ကိုမှန်းထားတဲ့လူတစ်ယောက်အတွက် အချိန်ဟာရွှေပဲ အဲ့လိုလူအတွက် နာရီကောင်းတစ်လုံးရှိသင့်တယ် ဦးက လိုအပ်လို့ပေးနေတာ"

"ဒါပေမယ့်"

"ဖွေး မြန်မာစကားပုံတစ်ခုကြားဖူးတယ်မလား စေတနာနဲ့ကျွေးရင် သေဆေးတောင်စားရတယ်ဆိုတာလေ ဒါကနာရီလေးတစ်လုံးပါပဲ တန်ဖိုးကိုမကြည့်ဘဲ သမီးအပေါ်ထားတဲ့ ဦးရဲ့စေတနာကိုပဲကြည့်"

ဖွေး နာရီလေးကိုပြန်ကြည့်ရင်း ဦးကိုလည်းပြန်မော့ကြည့်မိသည်။
ဖွေး အရမ်းလိုချင်ခဲ့သည့်နာရီလေးမို့ ဟန်မဆောင်စတမ်းပျော်ပစ်ချင်တာပေါ့။
သို့ပေမယ့် ဖွေးစိတ်ထဲဘာကြောင့်ငိုချင်လာသည်မသိ။

"ယူမယ်မလား"

"ဟုတ်"

သမီးဆီကထွက်လာသည့်အသံတိုးတိုးကြောင့် သူပြုံးလိုက်ကာ နာရီဘူးကို သမီးဘက်ပြန်တိုးပေးလိုက်သည့်အခါ ဖွေးက ခေါင်းလေးခါပြန်သည်။
ထိုဘူးကို သူ့ဘက်ကိုပြန်တွန်းပို့ပြီး ဘယ်ဘက် လက်ကလေးကိုပါထိုးပေး၍…

သူ မသိသောအခြားတစ်ဖက်၌Место, где живут истории. Откройте их для себя